ဖန်ခါးသီးပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သဘာဝ အလျောက် ပိုမိုဖြစ်ထွန်းပေါက်ရောက်သည်။ မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသီး သည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။ ၀မ်းမီးကို တောက်စေ၏။ သွေးသားကို စင်ကြယ်စေ၏။ မျက်စိကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါများ၊ အရေပြားရောဂါ၊ ကိုယ်ရေ၀ါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ၀မ်းဗိုက်အောင့်၊ အစာမကြေ ရောဂါတို့၌ ဖန်ခါးသီးကို သုံးရ၏။
အသီးအသုံးပြုပုံ- (more…)