အစာစားသောက်ခြင်းဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကို အဟာရဓါတ်ဖြည့်ပေးနိုင်တဲ့ တစ်ခုတည်သော နည်းလမ်းဖြစ် တာကြောင့် ဂရုစိုက်ပေးဖို့လိုပါတယ်။ အစား ကောင်းတွေ ၊ အဟာရပြည့်ဝတဲ့ အစားတွေနေ့စဉ်နဲ့အမျှ စားနေပေမယ့် တချို့သော အပြုအမူ အမှားတွေကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကောင်း အကျိုး မဖြစ်ထွန်းတာမျိုး ဖြစ်တတ်ပါ တယ်။ ဒါကြောင့် အစာစားပြီးနောက်ပိုင်းမှာ ရှောင်ကျဉ်သင့်တဲ့ အပြုအမူ (၇)ချက်ကို ဖော်ပြပေးချင်ပါတယ်။
အသည်း ရောဂါများ အတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)
ယခုတစ်ပတ်တွင် အသည်းနှင့်ပတ်သက်၍ အသုံးပြုရန် ရေးသားတင်ပြလိုသော အပင်မှာ မုန်လာဥပင်ဖြစ်၏။ မုန်လာဥပင် ဆိုလျှင် တိုင်းရင်း ဆေးပညာရှင်များ သာမက တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ သိနိုင်မည်ဖြစ်၏။ မုန်လာပင်သည် အရွက်၊ ဥနှင့် အမြစ်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ရသော အပင်မျိုး ဖြစ်၏။ ၎င်း မုန်လာဥပင်မှာ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်၏။
သင့်စွမ်းအား တိုးစေဖို့ ဒါတွေ စားပါ
နေ့စဉ် လူနေမှုဘဝမှာစိတ်ဖိစီးမှုနဲ့ ဖိအားအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ်ပြီး ခန္ဓာကိုယ်စွမ်းအားကို လျော့နည်းစေပါ တယ်။ ဒီအစားအစာတွေက သင့်ရဲ့ခန္ဓာကိုယ်စွမ်းအား တိုးမြင့်စေဖို့ ကူညီနိုင်ပါတယ်။
ဟင်းနုနွယ်
ခန္ဓာကိုယ်စွမ်းအားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အဓိကအကြောင်းရင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အောက်စီဂျင် ပြတ်လပ်မှုကြောင့် ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အောက်စီဂျင်ပျံ့နှံ့ရောက်ရှိမှုကို ကူညီပေးပြီး စွမ်းအားမြင့်စေနိုင်ပါတယ်။
HIV ပျောက်ကင်းရန် ကုသမယ့် ဆေးပညာ တွေ့ရှိရန် နီးစပ်
အမေရိကန်ပြည်ထောင်စု Temple University မှ ဆေးပညာ သုတေသန ပညာရှင်များဟာ HIV AIDS ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မ့် နည်းပညာ တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ ယင်းတွေ့ရှိမှုဟာ ရောဂါ ပျောက်အောင် ကုသမယ့် ခြေလှမ်းသို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ CRISPR technology လို့ခေါ်တဲ့ နည်းပညာဟာ Gene Editing System ကို အသုံးပြုပါတယ်။
သဘာဝ သစ်သီးဖျော်ရည်တွေရဲ့ ကျန်းမာရေးဆေးစွမ်း
သဘာဝသစ်သီးဖျော်ရည်တွေက ကျန်းမာရေးအတွက် ဆေးစွမ်းကောင်းဖြစ်စေတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။
စိတ်ဓာတ်ကျရင် – မုန်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည်သောက်ပါ။ ပြည်တည်နာ ဖြစ်တဲ့အခါ – ကော်ဖီထုပ် ဖျော်ရည်၊ တရုတ်နံနံဖျော်ရည်၊ မုန်လာဥနီဖျော်ရည် သောက်ပါ။
ကျောက်ကပ်သန့်စင်စေဖို့အတွက် – ဖရဲသီးဖျော်ရည်၊ သခွားသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ နံနံပင်ဖျော်ရည် သောက်ပါ။
စိတ်ဖိစီးမှုကို သက်သာစေတဲ့ သဘာဝမွှေးရနံ့လေးများ
တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်း ၏ အကျိုး
တနေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။ ကော်ဖီကို ယင်းကဲ့သို့ သောက်သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။ နှလုံးအားနည်းရောဂါကြောင့် သေဆုံးရမှုနှုန်းသည် အချို့သော ကင်ဆာရောဂါကြောင့် သေဆုံးရမှုနှုန်းထက် ပိုများသည်ကို တွေ့ရှိရသည်။ ဆေးစစ်အပြီး တစ်နှစ်အတွင်း နှလုံးအားနည်းရောဂါ ရှိသူများထဲမှ ၄၀ ရာခိုင်နှုန်းအထိ အသက်အန္တရာယ် ထိခိုက်မှု ရှိသည်ကို တွေ့ခဲ့ရသည်။
သွေးကင်ဆာအတွက် အစွမ်းထက်ဆေးပင်
သွေးကင်ဆာလက္ခဏာ စဖြစ်နေပြီး ဗန်ကောက်ကို တစ်လတစ်ခါ သွေးသွားသွင်း၊ ဆေးကုနေရတဲ့ သွေးကင်ဆာ သမားတစ်ဦးဟာ တိုင်းရင်းဆေးနည်းတစ်ခု ရသွားပြီး စမ်းသပ်ကြည့်ရာ သွေးကင်ဆာ ဖြစ်စေမည့် ရောဂါများ ပျောက်ကင်းသွားကြောင်း တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင်မြင့်(မုဒြာ) မှ တင်ပြထားပါတယ်။ ပုံမှာ မြင်ရတဲ့ အပင်ကို အင်္ဂလိပ်လို Sadabahar Tree လို့ ခေါ်ပါတယ်။ မြန်မာလိုကတော့ သင်္ဘောမညိုး၊ ၄နာရီပန်း၊ မြေဇူပန်း စသဖြင့် ခေါ်ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး အခေါ်အဝေါ် ကွဲပြားကြပါတယ်။ အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပြီး အခုအခါမှာတော့ အလှစိုက်ပန်းအိုးများနဲ့လည်း စိုက်ပျိုးနေကြပါပြီ။
ဗိုက်သားအဆီထွက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဗိုက်ပူပုံ ပူနည်း အမျိုးအစား (၄) မျိုး
ခါးဆိုဒ်တွေ ကြီးကြီးလာလို့ နေ့စဉ်ပုံမှန် အစားအသောက်ကို စနစ်တကျနဲ့ စည်းကမ်းရှိရှိ စားသုံးဖို့ စီစဉ်ထားတယ ဆိုရင် အရင်ဦးဆုံး ကိုယ့်ဗိုက်သား အဆီအကြောင်း အရင်ဦးဆုံး သိရှိထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းကိုလေ့လာကြည့်ပါ။ ဖူးယောင်သလိုမျိုးဖြစ်နေတဲ့ ဗိုက်သားအဆီ နေထိုင်မကောင်း ဖြစ်တဲ့ အထိ အစာအိမ်စူတက်လာတယ်ဆိုတာ ခန္ဓာကိုယ်ကလက်မခံတဲ့ အစား အသောက်တွေ ၊ ဗီတာမင်အနည်းငယ်သာ ပါဝင်တဲ့ အစားအစာတွေနဲ့ သတ္တုဓာတ် သို့မဟုတ် ဓာတ်မတည့်မှုတွေရဲ့ ရလဒ်တစ်ခုကြောင့်ပါပဲ။ ပြောင်းလဲဖို့ပထမဦးဆုံး လုပ်ဆောင်ရမှာက အစာချေစနစ်ကို အကျိုးပြုပေးမယ့် အချိုရည်တွေ စတင် သောက်သုံးဖို့နဲ့ ဖူးယောင်နေတာကို လျော့ကျစေဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ အချက်တစ်ခုကမျှတတဲ့ အစားအစာပဲဖြစ်တယ်။
“တစ်ညတည်းနဲ့ ကိုယ်အလေးချိန်ကျဆင်းစေမယ့် သဘာဝနည်း”
ကိုယ်အလေးချိန် လျော့ချဖို့ အကောင်းဆုံးနည်းလမ်းက စနစ်တကျစားပြီး လေ့ကျင့်ခန်း အလုံအလောက် လုပ်ဖို့ ဖြစ်ပါတယ်။ သို့သော် သူဟာ အဲဒီကိုယ်အလေးချိန် လျော့ကျစေမယ့် လေ့ကျင့်ခန်းတွေအတွက် မိမိအချိန်နဲ့ အားအင်တွေ မပေးနိုင် သို့မဟုတ် မပေးချင်သူ တစ်ယောက်ဖြစ်ရင် အဆီကိုလျော့ကျစေပြီး အစာချေမှု အားကောင်းမွန်စေမယ့် အရည်တစ်မျိုးကို သောက်ကြည့်သင့်ပါတယ်။ လိုအပ်တဲ့ပစ္စည်းများ လတ်ဆတ်သော သဘာဝသံပုရာသီး (၁/၂) လုံး၊ ပျားရည်စစ်စစ် ထမင်းစားဇွန်း (၂) ဇွန်း၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရေ (၂၅၀) မီလီလီတာ