ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပြည်ခိုင်    ဖြိုးပါတီအစည်းအဝေးခန်းမ၌ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးခင် မောင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၄ အုပ်စုမှဥက္ကဋ္ဌများ      တက်ရောက်ခဲ့ ကြသည်။

Read more

ရွာလယ်တံတား ပြန်လည်ပြုပြင်ရန် ပြည်ခိုင်ဖြိုးပါတီငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် သုံးခွမြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် ကော်မတီဝင်များက သရောတော ကျေးရွာရှိ ရွာလယ်တံတားပြန် လည်ပြုပြင်နိုင်ရန်အတွက် အလှူ ငွေကျပ် ငါးသောင်းကို ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအလုပ်အမှုဆောင်ဦးဟန်ငြိမ်း (တံတားပြန်လည်ပြုပြင်ရေးကော် မတီအဖွဲ့ဝင်)ထံ ယခုလ ၁ ရက် နံနက် ၁၁ နာရီခွဲက ပေးအပ် လှူဒါန်းခဲ့သည်။

ကြည်စိုးလွင်(သုံးခွ)

Read more

ဘိုကလေးပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌခန့်အပ်တာဝန်ပေးအပ်ပွဲနှင့်မြို့နယ်ပါတီဝင်ကတ်များပေးအပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးအပ်ပွဲနှင့် မြို့နယ်ပါတီဝင်ကတ်များ ပေးအပ်ပွဲအခမ်းအနားကို      ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့သည်။

Read more

ပရီးမီးယားလိဂ် ဂိုး ၁၀၀ ဒုတိယအမြန်ဆုံးပြည့်သည့်တိုက်စစ်မှူး ကိန်းဖြစ်လာ

ဖေဖော်ဝါရီ ၅၊ လန်ဒန်

စပါးတိုက်စစ်မှူး ဟာရီကိန်းသည် ပရီးမီးယားလိဂ်တွင် ဂိုး ၁၀၀ ကို ဒုတိယအမြန်ဆုံးရရှိအောင် သွင်းယူနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။

စပါးတိုက်စစ်မှူးအနေဖြင့် ၎င်း၏ပရီးမီးယားလိဂ်ရာပြည့်ဂိုးကို လီဗာပူးလ်နှင့် နှစ်ဂိုးစီသရေကျသည့်ပွဲတွင် နောက်ကျပင်နယ်တီဂိုး ဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Read more

ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ပွဲအတွက် စိုးရိမ်မိသည်ဟု နေမာပြော

နောက် ၁၀ ရက်အကြာတွင်ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်၌ ရီးရဲလ်နှင့် ရင်ဆိုင်ရမည့်ပွဲအတွက် စိုးရိမ်နေပြီး ယင်းနေ့သို့ မြန်မြန်ရောက်ချင်ကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပြောသည်။

ချန်ပီယံလိဂ်ဖလားနှစ်ကြိမ် ဆက်ရထားသော ရီးရဲလ်သည် လာလီဂါတွင် ရလဒ်မကောင်းဖြစ် နေစဉ် လီဂူးဝမ်းကို ၁၁ မှတ်ဖြတ် ၍ ဦးဆောင်ထားသည့် ပီအက်စ်ဂျီနှင့် ဖေဖော်ဝါရီ ၁၄ ရက်၌ ဘာ နေဗျူးကွင်းတွင် ရင်ဆိုင်ရမည် ဖြစ်သည်။
နေမာက ရီးရဲလ်ကိုအနိုင်ယူပြီး သမိုင်းသစ်ရေးထိုးလိုသည်ဟု ယခင်က ပြောကြားဖူးသည်။

Read more

လစ်လပ်နေတဲ့ WBA ခရူဆာဝိတ်တန်းချန်ပီယံဘွဲကို လောရန့်စ်အိုကိုလီရယူ

မနေ့ကလန်ဒန်မြို့၊ O2 အားကစားပြိုင်ပွဲရုံမှာ ကျင်းပသွားခဲ့တဲ့ WBA ခရူဆာဝိတ်တန်း ချန်ပီယံလုပွဲမှာ ဗြိတိန် လက်ဝှေ့သမား လောရန့်အိုကိုလီက တစ်နိုင်ငံတည်းသားပြိုင်ဘက် အိုင်ဆက်ချိန်ဘာလိန်ကို ရမှတ်အသာနဲ့ အနိုင်ယူဗိုလ်စွဲသွားခဲ့ပါတယ်။

လောရန့်စ်အိုကိုလီဟာ ပြိုဘက်ချိန်ဘာလိန်ကို ပြင်းထန်တဲ့လက်သီးလုံးတွေနဲ့ တိုက်စစ်ဆင်နိုင်ခဲ့တာကြောင့် ချိန်ဘာလိန်ဟာ နှစ်ကြိမ်တိုင်တိုင် လဲကျခဲ့ပြီး ဒိုင်လူကြီးကအမှတ်စဉ် ရေတွက်သွားခဲ့ရပါတယ်။

Read more

ရန်ကုန်မြို့၌ကျင်းပမည့် MMA ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်းများ ထုတ်ပြန်

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပမည့် ကိုယ်ခံပညာပေါင်းစုံ MMA ပြိုင်ပွဲအတွက် တွဲဆိုင်းများကို One Championship က ယနေ့တွင် ထုတ်ပြန်ခဲ့ပြီး တွဲဆိုင်းကိုးဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read more

ကာ့ဒ်ပြောက်ကျားများကို အဆုံးစွန် လက်စားချေမည်ဟု တူရကီ ဝန်ကြီးချုပ် ခြိမ်းခြောက်

မိမိတို့၏ စစ်သည်များ အသက်ပေးခဲ့ရသည့်အတွက် ကာ့ဒ်ပြောက်ကျားများကို အဆုံးစွန် လက်စားချေမည်ဟု တူရကီ ဝန်ကြီးချုပ်က ခြိမ်းခြောက် ကြွေးကြော်ခဲ့သည်။

တူရကီ ခြေလျင်တပ်များသည် နယ်စပ်ဒေသကို ဖြတ်ကျော်ကာ ဆီးရီးယား မြောက်ပိုင်းရှိ YPG ကာ့ဒ် ပြောက်ကျားများကို စစ်ဆင်ရေးများ ဆင်နွှဲလျက် ရှိသည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တူရကီတပ်များ အထိနာခဲ့ပြီး စစ်သည် ၇ ဦး ကျဆုံးခဲ့သည်။ ယင်းသည် ကာ့ဒ်တို့နှင့် တိုက်ခိုက်ရာတွင် တူရကီ စစ်တပ်အတွက် အဆုံးအရှုံး အကြီးဆုံး နေ့တစ်နေ့လည်း ဖြစ်စေခဲ့သည်။

Read more

မြောက်ကိုရီးယား၏ အမည်ခံခေါင်းဆောင်နှင့်အဖွဲ့ တောင်ကိုရီးယားသို့ သွားရောက်မည်

ဆိုးလ်၊ ဖေဖော်ဝါရီ ၅

မြောက်ကိုရီးယားနိုင်ငံ၏ အမည်ခံခေါင်းဆောင်ဦးစီးသော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တောင်ကိုရီးယားသို့ စေလွှတ်ရန် ရှိသည်ကို ကြားသိရကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောသည်။

မြောက်ကိုရီးယား လွှတ်တော်အကြီးအကဲ ကင်ယောင်နမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တောင်ကိုရီးယား ခရီးစဉ်သည် ယခုလအတွင်း တောင်ကိုရီးယား၌ ကျင်းပမည့်ဖြစ်သော ဆောင်းရာသီအိုလံပစ်ပွဲ အကြို ပြန်လည်ပြည်လည်မှု ရရှိရေး နှစ်နိုင်ငံ ကြိုးပမ်းလာသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

Read more

အမေရိကန်ထုတ်ပြန်သည့် နျူကလီးယားလက်နက် သုံးသပ်ချက် တရုတ် ကန့်ကွက်

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နျူကလီးယားလက်နက် သဘောထား သုံးသပ်ချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

အဲဒီသုံးသပ်ချက်ဟာ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကွယ်က ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ရဲရဲတင်းတင်း ခန့်မှန်းပြောကြားထားပြီး တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်  အင်အားအပေါ် ခြိမ်းခြောက်တဲ့သဘော ဆောင်တယ်လို့ တရုတ်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် Ren Guoqiang က ဆိုပါတယ်။

Read more