နွေစပါးမပေါ်မီ ပြည်ပဆန်ဝယ် သင်္ဘော ဆိုက်ကပ်နေ၍ ဆန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက်

ရန်ကုန် ဖေဖော်ဝါရီ ၅
မိုးစပါးအကုန် နွေစပါးမပေါ်မီ ကြားကာလ၌ ပြည်ပမှ ဆန်ဝယ်သင်္ဘောများ ဆိုက်ကပ်နေ၍ ပြည်ပသို့ တင်ပို့နေသော ဆန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက်ကာ ပြည်တွင်း၌ စားသုံးမှုများသည့် ဆန်ချော ဈေးနှုန်းများမှာ ဈေးနှုန်းအတက်အကျ မကြမ်းဘဲ ပုံမှန်အတိုင်းသာရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။
Read more
















