ကြန္ဂိုအီဘိုလာကူးစက္မႈသည္ သမိုင္းတြင္ အဆိုး႐ြားဆုံးျဖစ္လာႏိုင္ဟု Africa CDC သတိေပး၊ ထိေတြ႕ခဲ့သူ ၂၆,၀၀၀ ေက်ာ္ ေပ်ာက္ဆုံးေနၿပီး ရန္ပုံေငြလို အပ္ခ်က္ႀကီးမားေနကြန္ဂိုအီဘိုလာကူးစက္မႈသည္ သမိုင္းတြင္ အဆိုး႐ြားဆုံးျဖစ္လာႏိုင္ဟု Africa CDC သတိေပး၊ ထိေတြ႕ခဲ့သူ ၂၆,၀၀၀ ေက်ာ္ ေပ်ာက္ဆုံးေနၿပီး ရန္ပုံေငြလို အပ္ခ်က္ႀကီးမားေန

ကြန္ဂိုအီဘိုလာကူးစက္မႈသည္ သမိုင္းတြင္ အဆိုး႐ြားဆုံးျဖစ္လာႏိုင္ဟု Africa CDC သတိေပး၊ ထိေတြ႕ခဲ့သူ ၂၆,၀၀၀ ေက်ာ္ ေပ်ာက္ဆုံးေနၿပီး ရန္ပုံေငြလို အပ္ခ်က္ႀကီးမားေနကြန္ဂိုအီဘိုလာကူးစက္မႈသည္ သမိုင္းတြင္ အဆိုး႐ြားဆုံးျဖစ္လာႏိုင္ဟု Africa CDC သတိေပး၊ ထိေတြ႕ခဲ့သူ ၂၆,၀၀၀ ေက်ာ္ ေပ်ာက္ဆုံးေနၿပီး ရန္ပုံေငြလို အပ္ခ်က္ႀကီးမားေန
=====================
ဇြန္ ၁၇
ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံ (DRC) တြင္ လက္ရွိျဖစ္ပြားေနေသာ အီဘိုလာကူးစက္မႈသည္ လူေပါင္း ၁၁,၀၀၀ ေက်ာ္ ေသဆုံးခဲ့သည့္ သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံး ကပ္ေရာဂါျဖစ္ပြားမႈထက္ပင္ ပိုမိုျပင္းထန္ေသဆုံးမႈမ်ားျပားလာႏိုင္ေၾကာင္း အာဖရိက ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာ (Africa CDC) ၏ အႀကီးအကဲက ေျပာၾကားလိုက္သည္။ ဘူ႐ြန္ဒီႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ အာဖရိကေခါင္း ေဆာင္မ်ားႏွင့္ ႏိုင္ငံတကာအလႉရွင္မ်ား၏ အြန္လိုင္းအစည္း အေဝးအတြင္း Africa CDC ၫႊန္ၾကားေရးမႉးခ်ဳပ္ ဂ်င္းန္ ကာဆီယာ (Jean Kaseya)က “အကယ္၍ ကြၽန္ေတာ္တို႔ ဒီကူးစက္မႈကို အျမန္ဆုံး မတားဆီးႏိုင္ဘူးဆိုရင္ ဒါဟာ ယခင္ အေနာက္အာဖရိကနဲ႔ DRC အေရွ႕ပိုင္းမွာ ျဖစ္ပြားခဲ့တာေတြထက္ ပိုမိုဆိုး႐ြားသြားပါလိမ့္မယ္” ဟု ထည့္သြင္းေျပာၾကားခဲ့သည္။
အစိုးရ၏ ေနာက္ဆုံးထုတ္ျပန္ခ်က္ အခ်က္အလက္မ်ားအရ DRC တြင္ အတည္ျပဳလူနာဦးေရသည္ ေသဆုံးသူ ၁၉၆ ဦး အပါ အဝင္ စုစုေပါင္း ၈၃၇ ဦးအထိ တိုးျမင့္လာခဲ့ၿပီ ျဖစ္သည္။ အႀကီးမားဆုံး စိုးရိမ္ပူပန္မႈမွာ ဗိုင္းရပ္စ္ပိုးရွိသူမ်ားႏွင့္ ထိေတြ႕မႈရွိခဲ့ႏိုင္ေျခရွိသည့္ လူေပါင္းေသာင္းႏွင့္ခ်ီကို ယခုအခ်ိန္အထိ ရွာေဖြေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးသည့္အခ်က္ ျဖစ္သည္။ “ပိုးရွိသူနဲ႔ ထိေတြ႕ခဲ့သူေတြကို လိုက္လံရွာေဖြတဲ့လုပ္ငန္း (Contact tracing) မွာ ကြၽန္ေတာ္တို႔အေနနဲ႔ လူေပါင္း ၂၆,၀၀၀ ေက်ာ္ကို ေပ်ာက္ဆုံးေနပါတယ္။ သူတို႔ ဘယ္မွာရွိေနလဲ၊ အျခားသူေတြကို ေရာဂါထပ္မံကူးစက္ေစျခင္း ရွိ၊ မရွိ ဆိုတာကို မသိရေသးတဲ့အတြက္ ဒါဟာ အဓိကျပႆနာႀကီး ျဖစ္ေနပါတယ္” ဟု ကာဆီယာက သုံးသပ္ထားသည္။ တစ္ဖက္တြင္လည္း ကပ္ေရာဂါသည္ ကူးစက္မႈအျမင့္ဆုံးအဆင့္သို႔ မေရာက္ေသးဘဲ ႏွိမ္နင္းရန္ ေနာက္ထပ္တစ္ႏွစ္ခန႔္ ၾကာျမင့္ႏိုင္ေၾကာင္း အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕က သတိေပးထားသည္။ ေျမျပင္တြင္ ကုသေရးစင္တာမ်ား လုံ ေလာက္စြာမရွိျခင္း၊ တင္းက်ပ္ေသာ သန႔္ရွင္းမႈအစီအမံမ်ားအေပၚ ေဒသခံလူထု၏ ခုခံျငင္းဆန္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။
အထူးသျဖင့္ အီဘိုလာျဖင့္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းမ်ားသည္ ကူးစက္ႏိုင္စြမ္းလြန္စြာျမင့္မားေသာ္ လည္း မိသားစုဝင္မ်ားက အကာအကြယ္မပါဘဲ ကိုင္တြယ္သၿဂႋဳဟ္သည့္ ႐ိုးရာ ဓေလ့မ်ားေၾကာင့္ ကူးစက္မႈ ပိုမိုျမန္ဆန္ေနျခင္း ျဖစ္သည္။ လက္ရွိတြင္ ေရာဂါထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအတြက္ လို အပ္ေနသည့္ ရန္ပုံေငြ ေဒၚလာ ၅၁၈ သန္းအနက္ ငါးပုံတစ္ပုံေအာက္သာ ရရွိထားေသးေၾကာင္း အာဖရိကသမဂၢဥကၠ႒လည္းျဖစ္သည့္ ဘူ႐ြန္ဒီသမၼတ ဧဝရစ္စ္တီ အင္ဒိုင္းယီရွီမီေယးက ေျပာၾကားသည္။
ရန္ပုံေငြမလုံေလာက္ပါက အက်ိဳးဆက္မွာ ပိုမိုပ်က္စီးႏိုင္ၿပီး လက္ရွိျဖစ္ပြားေနေသာ ဗိုင္းရပ္စ္မ်ိဳးကြဲအတြက္ အတည္ျပဳထားသည့္ ကုသထုံး သို႔မဟုတ္ ကာကြယ္ေဆးလည္း မရွိေသးဘဲ ကာကြယ္ေဆးအဆင္သင့္ျဖစ္ရန္ ကိုးလခန႔္ ၾကာျမင့္ႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ဆိုသည္။ ယခုအခါ ကပ္ေရာဂါသည္ အိမ္နီးခ်င္း ယူဂန္ဒါႏိုင္ငံသို႔ပါ ကူးစက္ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ယူဂန္ဒါတြင္ ကူးစက္ခံရသူ ၁၉ ဦး (၁၄ ဦးမွာ DRC မွ ခရီးသြားခဲ့သူမ်ားျဖစ္) ရွိလာကာ ေသဆုံးသူ ၂ ဦးအထိ ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
ကွန်ဂိုအီဘိုလာကူးစက်မှုသည် သမိုင်းတွင် အဆိုးရွားဆုံးဖြစ်လာနိုင်ဟု Africa CDC သတိပေး၊ ထိတွေ့ခဲ့သူ ၂၆,၀၀၀ ကျော် ပျောက်ဆုံးနေပြီး ရန်ပုံငွေလို အပ်ချက်ကြီးမားနေ
=====================
ဇွန် ၁၇
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် လက်ရှိဖြစ်ပွားနေသော အီဘိုလာကူးစက်မှုသည် လူပေါင်း ၁၁,၀၀၀ ကျော် သေဆုံးခဲ့သည့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကပ်ရောဂါဖြစ်ပွားမှုထက်ပင် ပိုမိုပြင်းထန်သေဆုံးမှုများပြားလာနိုင်ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) ၏ အကြီးအကဲက ပြောကြားလိုက်သည်။
ဘူရွန်ဒီနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဖရိကခေါင်း ဆောင်များနှင့် နိုင်ငံတကာအလှူရှင်များ၏ အွန်လိုင်းအစည်း အဝေးအတွင်း Africa CDC ညွှန်ကြားရေးမှူးချုပ် ဂျင်းန် ကာဆီယာ (Jean Kaseya)က “အကယ်၍ ကျွန်တော်တို့ ဒီကူးစက်မှုကို အမြန်ဆုံး မတားဆီးနိုင်ဘူးဆိုရင် ဒါဟာ ယခင် အနောက်အာဖရိကနဲ့ DRC အရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တာတွေထက် ပိုမိုဆိုးရွားသွားပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက် အချက်အလက်များအရ DRC တွင် အတည်ပြုလူနာဦးရေသည် သေဆုံးသူ ၁၉၆ ဦး အပါ အဝင် စုစုပေါင်း ၈၃၇ ဦးအထိ တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။
အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ဗိုင်းရပ်စ်ပိုးရှိသူများနှင့် ထိတွေ့မှုရှိခဲ့နိုင်ခြေရှိသည့် လူပေါင်းသောင်းနှင့်ချီကို ယခုအချိန်အထိ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အချက် ဖြစ်သည်။ “ပိုးရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံရှာဖွေတဲ့လုပ်ငန်း (Contact tracing) မှာ ကျွန်တော်တို့အနေနဲ့ လူပေါင်း ၂၆,၀၀၀ ကျော်ကို ပျောက်ဆုံးနေပါတယ်။ သူတို့ ဘယ်မှာရှိနေလဲ၊ အခြားသူတွေကို ရောဂါထပ်မံကူးစက်စေခြင်း ရှိ၊ မရှိ ဆိုတာကို မသိရသေးတဲ့အတွက် ဒါဟာ အဓိကပြဿနာကြီး ဖြစ်နေပါတယ်” ဟု ကာဆီယာက သုံးသပ်ထားသည်။
တစ်ဖက်တွင်လည်း ကပ်ရောဂါသည် ကူးစက်မှုအမြင့်ဆုံးအဆင့်သို့ မရောက်သေးဘဲ နှိမ်နင်းရန် နောက်ထပ်တစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က သတိပေးထားသည်။ မြေပြင်တွင် ကုသရေးစင်တာများ လုံ လောက်စွာမရှိခြင်း၊ တင်းကျပ်သော သန့်ရှင်းမှုအစီအမံများအပေါ် ဒေသခံလူထု၏ ခုခံငြင်းဆန်မှုများနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် အီဘိုလာဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများသည် ကူးစက်နိုင်စွမ်းလွန်စွာမြင့်မားသော် လည်း မိသားစုဝင်များက အကာအကွယ်မပါဘဲ ကိုင်တွယ်သင်္ဂြိုဟ်သည့် ရိုးရာ ဓလေ့များကြောင့် ကူးစက်မှု ပိုမိုမြန်ဆန်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် လို အပ်နေသည့် ရန်ပုံငွေ ဒေါ်လာ ၅၁၈ သန်းအနက် ငါးပုံတစ်ပုံအောက်သာ ရရှိထားသေးကြောင်း အာဖရိကသမဂ္ဂဥက္ကဋ္ဌလည်းဖြစ်သည့် ဘူရွန်ဒီသမ္မတ ဧဝရစ်စ်တီ အင်ဒိုင်းယီရှီမီယေးက ပြောကြားသည်။
ရန်ပုံငွေမလုံလောက်ပါက အကျိုးဆက်မှာ ပိုမိုပျက်စီးနိုင်ပြီး လက်ရှိဖြစ်ပွားနေသော ဗိုင်းရပ်စ်မျိုးကွဲအတွက် အတည်ပြုထားသည့် ကုသထုံး သို့မဟုတ် ကာကွယ်ဆေးလည်း မရှိသေးဘဲ ကာကွယ်ဆေးအဆင်သင့်ဖြစ်ရန် ကိုးလခန့် ကြာမြင့်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုသည်။
ယခုအခါ ကပ်ရောဂါသည် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံသို့ပါ ကူးစက်ပျံ့နှံ့သွားခဲ့ပြီး ယူဂန်ဒါတွင် ကူးစက်ခံရသူ ၁၉ ဦး (၁၄ ဦးမှာ DRC မှ ခရီးသွားခဲ့သူများဖြစ်) ရှိလာကာ သေဆုံးသူ ၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။



