အထူးကုဆရာဝန္ႀကီး (၁၂)ပါဝင္ေသာ အဖြဲ႕က ျပည္ၿမိဳ႕တြင္ ေဒသခံ (၂,၀၀၀) နီးပါးကိုကြင္းဆင္းကုသေပးခဲ့

အထူးကုဆရာဝန္ႀကီး (၁၂)ပါဝင္ေသာ အဖြဲ႕က ျပည္ၿမိဳ႕တြင္ ေဒသခံ (၂,၀၀၀) နီးပါးကိုကြင္းဆင္းကုသေပးခဲ့
========================
​ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီးႏွင့္ သဃၤန္းကြၽန္းျပည္သူ႔ေဆး ႐ုံႀကီးတို႔မွ ပါေမာကၡႏွင့္ အထူးကုဆရာ ဝန္ႀကီး (၁၂) ဦး ပါဝင္ေသာ အဖြဲ႕သည္ ဇြန္လ (၁၃) ရက္ႏွင့္ (၁၄) ရက္တို႔တြင္ ျပည္ၿမိဳ႕သို႔ ကြင္းဆင္း၍ ေဒသခံျပည္သူမ်ားကို အခမဲ့ေဆးကုသမႈမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနထံမွ သိရသည္။

​ယခု ကြင္းဆင္းကုသမႈတြင္ ျပည္ၿမိဳ႕နယ္သာမက ပဲခူးတိုင္းေဒသႀကီးႏွင့္ မေကြး တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ေပါင္း (၁၆) ၿမိဳ႕နယ္မွ လာေရာက္ျပသသည့္ ျပည္သူမ်ားကိုပါ ကုသေပးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

အဆိုပါ ​ႏွစ္ရက္တာကာလအတြင္းအထူးကုအဖြဲ႕အေနျဖင့္​အေထြေထြေရာဂါလူနာ (၄၅၆) ဦး၊ ​နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းေရာဂါလူနာ (၂၃၉) ဦး၊ ​ႏွလုံးေရာဂါဆိုင္ ရာလူနာ (၂၂၄)ဦး၊​ဦးေႏွာက္ႏွင့္အာ႐ုံ ေၾကာ (ေဆးကု/ခြဲစိတ္) လူနာ (၂၃၄) ဦး
​အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါလူနာ (၂၀၁) ဦး၊ ​ဆီးခ်ိဳႏွင့္ ေဟာ္ မုန္းေရာဂါလူနာ (၁၉၂) ဦး၊​ဆီးႏွင့္ေက်ာက္ကပ္ေရာဂါဆိုင္ရာလူနာ (၁၁၅) ဦး၊​ရင္ေခါင္း၊ ကင္ဆာႏွင့္ အျခားေရာဂါလူနာ (၆၅) ဦးတို႔ကို စမ္းသပ္ကုသေပးခဲ့ေၾကာင္းသိရသည္။

ထိုအျပင္​ေဆးကုသေပး႐ုံသာမက တိက် ေသာ ေရာဂါရွာေဖြမႈမ်ားရရွိေစရန္ ေခတ္ မီစက္ကိရိယာမ်ားျဖင့္ပါ တစ္ပါတည္း စစ္ေဆးေပးခဲ့ၿပီး ​အထူးအစီအစဥ္အေန ျဖင့္ နားေဝဒနာရွင္ (၃၃) ဦးကိုလည္း နားၾကားကိရိယာမ်ား အခမဲ့ တပ္ဆင္ေပးခဲ့ေၾကာင္း သိရသည္။

​က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ျပည္သူမ်ား ေဆးကုသမႈအတြက္ စိုက္ထုတ္ကုန္က်စရိတ္ ေလ်ာ့နည္းေစရန္ႏွင့္ ေရာ ဂါမ်ားကို အခ်ိန္မီေစာစီးစြာ သိရွိကုသႏိုင္ရန္ရည္႐ြယ္၍ ယခုကဲ့သို႔ကြင္းဆင္းကုသမႈမ်ားကို ေဆာင္႐ြက္ေနျခင္း ျဖစ္ သည္။

​ၿပီးခဲ့သည့္ ေမလကုန္ပိုင္းကလည္း ပုသိမ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာေပါင္း (၈၀၀) ေက်ာ္ကို ကုသေပးခဲ့ၿပီးျဖစ္ကာ ယခုကဲ့သို႔ အထူးကုကြင္းဆင္းကုသမႈ အစီအစဥ္မ်ားကို အျခားၿမိဳ႕မ်ားသို႔လည္း စဥ္ဆက္မျပတ္ ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။


အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင် ဒေသခံ (၂,၀၀၀) နီးပါးကိုကွင်းဆင်းကုသပေးခဲ့
========================
​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

​ယခု ကွင်းဆင်းကုသမှုတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်မှ လာရောက်ပြသသည့် ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ​နှစ်ရက်တာကာလအတွင်းအထူးကုအဖွဲ့အနေဖြင့်​အထွေထွေရောဂါလူနာ (၄၅၆) ဦး၊ ​နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ (၂၃၉) ဦး၊ ​နှလုံးရောဂါဆိုင် ရာလူနာ (၂၂၄)ဦး၊​ဦးနှောက်နှင့်အာရုံ ကြော (ဆေးကု/ခွဲစိတ်) လူနာ (၂၃၄) ဦး
​အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါလူနာ (၂၀၁) ဦး၊ ​ဆီးချိုနှင့် ဟော် မုန်းရောဂါလူနာ (၁၉၂) ဦး၊​ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာလူနာ (၁၁၅) ဦး၊​ရင်ခေါင်း၊ ကင်ဆာနှင့် အခြားရောဂါလူနာ (၆၅) ဦးတို့ကို စမ်းသပ်ကုသပေးခဲ့ကြောင်းသိရသည်။

ထိုအပြင်​ဆေးကုသပေးရုံသာမက တိကျ သော ရောဂါရှာဖွေမှုများရရှိစေရန် ခေတ် မီစက်ကိရိယာများဖြင့်ပါ တစ်ပါတည်း စစ်ဆေးပေးခဲ့ပြီး ​အထူးအစီအစဉ်အနေ ဖြင့် နားဝေဒနာရှင် (၃၃) ဦးကိုလည်း နားကြားကိရိယာများ အခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

​ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် လျော့နည်းစေရန်နှင့် ရော ဂါများကို အချိန်မီစောစီးစွာ သိရှိကုသနိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ကွင်းဆင်းကုသမှုများကို ဆောင်ရွက်နေခြင်း ဖြစ် သည်။

​ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် လူနာပေါင်း (၈၀၀) ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ကာ ယခုကဲ့သို့ အထူးကုကွင်းဆင်းကုသမှု အစီအစဉ်များကို အခြားမြို့များသို့လည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။