ကာလီဖိုးနီးယား အက္ဒဝပ္စ္ေလတပ္စခန္းမွ ပ်ံတက္ၿပီးေနာက္ ေဒၚလာ ၁၁၀ သန္းတန္ အေမရိကန္ B-52 ဗုံးႀကဲ ေလယာဥ္ ပ်က္က်

ကာလီဖိုးနီးယား အက္ဒဝပ္စ္ေလတပ္စခန္းမွ ပ်ံတက္ၿပီးေနာက္ ေဒၚလာ ၁၁၀ သန္းတန္ အေမရိကန္ B-52 ဗုံးႀကဲ ေလယာဥ္ ပ်က္က်
============================
ဇြန္ ၁၆
အေမရိကန္ျပည္ေထာင္စု ကာလီဖိုးနီးယားျပည္နယ္ရွိ ကမာၻ႔အႀကီးဆုံး ေလယာဥ္ကြင္းတည္ရွိရာ အက္ဒဝပ္စ္ (Edwards) ေလတပ္အေျခစိုက္စခန္းမွ ပ်ံတက္ၿပီးေနာက္ မၾကာမီမွာပင္ အေမရိကန္ေလတပ္၏ B-52 စထရက္တိုေဖာ့ထရက္စ္ (B-52 Stratofortress) မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္တစ္စင္း ပ်က္က်သြားခဲ့ေၾကာင္း အဆိုပါ ေလတပ္စခန္းက ထုတ္ျပန္ေၾက ညာလိုက္သည္။
အက္ဒဝပ္စ္ ေလတပ္စခန္းက တနလၤာေန႔တြင္ X ပလက္ ေဖာင္းေပၚ၌ ေရးသားခ်က္အရ “အေရးေပၚကယ္ ဆယ္ေရးအဖြဲ႕ေတြဟာ အခင္းျဖစ္ပြားရာေနရာကို ခ်က္ခ်င္းသြားေရာက္ ေဆာင္႐ြက္ခဲ့ၾကၿပီး လက္ရွိအေျခအေနကေတာ့ ဆက္လက္လုပ္ေဆာင္ဆဲ ျဖစ္ပါတယ္” ဟု သိရသည္။
အဆိုပါ ပ်က္က်မႈေၾကာင့္ ေလယာဥ္အမႈထမ္းမ်ား ထိ ခိုက္ဒဏ္ရာရရွိမႈ သို႔မဟုတ္ အေသအေပ်ာက္ ရွိ၊ မရွိႏွင့္ ေလယာဥ္ပ်က္က်ရသည့္ အေၾကာင္းရင္းကိုမူ ခ်က္ခ်င္း ရွင္းရွင္းလင္း လင္း မသိရေသးေပ။ ေျမျပင္မွ ႐ိုက္ကူးထားသည့္ ဗီဒီယိုဖိုင္မ်ားတြင္ ကႏၲာရအတြင္းရွိ ေလယာဥ္ပ်က္က်ရာေနရာမွ မီးခိုးနက္ေရာင္ တိမ္တိုက္ႀကီးမ်ား အလိပ္လိုက္ ထြက္ေပၚေနသည္ကို ဆိုး႐ြားစြာ ေတြ႕ျမင္ေနရသည္။
ယခု ပ်က္က်သြားသည့္ ဘိုးအင္း (Boeing) ကုမၸဏီထုတ္ B-52 စထရက္တိုေဖာ့ထရက္စ္ ဗုံးႀကဲေလယာဥ္တစ္စင္းခ်င္းစီ၏ တန္ဖိုးမွာ အေမရိကန္ေဒၚလာ ၁၁၀ သန္းခန႔္ ရွိသည္။ ပုံမွန္အား ျဖင့္ ေလယာဥ္အမႈထမ္း ငါးဦးျဖင့္ ေမာင္းႏွင္ၿပီး ေပါင္ ၇၀,၀၀၀ (၃၁,၇၅၀ ကီလိုဂရမ္) အထိ အေလး ခ်ိန္ရွိေသာ ႐ိုး႐ိုးလက္နက္ႏွင့္ န်ဴကလီးယားလက္နက္ ႏွစ္မ်ိဳးစလုံးကို သယ္ေဆာင္ရန္ ဒီဇိုင္းထုတ္ထားသည့္ အေဝးပစ္ဗုံးႀကဲေလယာဥ္ႀကီး ျဖစ္သည္။
အဆိုပါ ေလယာဥ္အမ်ိဳးအစားကို ၁၉၅၅ ခုႏွစ္ကတည္းက အေမရိကန္ေလတပ္တြင္ စတင္တာဝန္ထမ္းေဆာင္ေစခဲ့ၿပီး ဗီယက္နမ္စစ္ပြဲ၊ ပင္လယ္ေကြ႕စစ္ပြဲ၊ အီရတ္၊ အာဖဂန္နစၥတန္ႏွင့္ လက္ရွိျဖစ္ပြားေနေသာ အီရန္ႏွင့္စစ္ပြဲ အပါအဝင္ အေမရိကန္ ၏ ကမာၻလုံးဆိုင္ရာ စစ္ဆင္ေရးႀကီးမ်ားတြင္ အဓိကအားထားအသုံးျပဳခဲ့သည္။
ယခုေလယာဥ္ပ်က္က်မႈ ျဖစ္ပြားရာ အက္ဒဝပ္စ္ေလတပ္စခန္းသည္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕၏ ေျမာက္ဘက္ မိုင္ ၁၀၀ (၁၆၁ ကီလိုမီတာ) အကြာ ကႏၲာရထဲတြင္ တည္ရွိၿပီး၊ ၁၉၄၇ ခုႏွစ္က ခ်က္ခ္ ေယဂါ (Chuck Yeager) က အသံ ထက္ျမန္ေသာ အရွိန္ႏႈန္းကို ပထမဆုံး စံခ်ိန္တင္ေက်ာ္ျဖတ္ခဲ့သည့္ သမိုင္းဝင္ေနရာတစ္ခုလည္း ျဖစ္သည္။ လက္ ရွိတြင္ စစ္ဘက္ဆိုင္ရာဝန္ထမ္းမ်ား၊ အရပ္ဘက္ဝန္ထမ္းမ်ားႏွင့္ ကန္ထ႐ိုက္တာ စုစုေပါင္း ၁၀,၀၀၀ ခန႔္ အလုပ္လုပ္ကိုင္ေနၾကသည္။
ယခုျဖစ္စဥ္သည္ ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လအတြင္းက ေျမာက္ဒါကိုတာျပည္နယ္အထက္တြင္ ေဒသတြင္းခရီးသည္တင္ေလ ယာဥ္တစ္စင္းက ၎၏ လမ္းေၾကာင္းထဲ ေရာက္ေနသည့္ စစ္ဘက္ဆိုင္ရာ B-52 ဗုံးႀကဲေလယာဥ္တစ္စင္းႏွင့္ ေဝဟင္၌ တိုက္မိမည့္အႏၲရာယ္မွ ေရွာင္ရွားရန္ မေမွ်ာ္ လင့္ဘဲ လမ္းေၾကာင္းကို အျပင္းအထန္ ေကြ႕လိုက္ရသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီးေနာက္ တစ္ႏွစ္နီးပါးအၾကာတြင္ ဒုတိယအႀကိမ္ေျမာက္ ႀကဳံေတြ႕ရသည့္ B-52 ေလယာဥ္ဆိုင္ရာ ဆိုး႐ြားေသာ မေတာ္တဆမႈတစ္ခု ျဖစ္ေၾကာင္း သိရွိရသည္။
ကာလီဖိုးနီးယား အက်ဒဝပ်စ်လေတပ်စခန်းမှ ပျံတက်ပြီးနောက် ဒေါ်လာ ၁၁၀ သန်းတန် အမေရိကန် B-52 ဗုံးကြဲ လေယာဉ် ပျက်ကျ
============================
ဇွန် ၁၆
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကွင်းတည်ရှိရာ အက်ဒဝပ်စ် (Edwards) လေတပ်အခြေစိုက်စခန်းမှ ပျံတက်ပြီးနောက် မကြာမီမှာပင် အမေရိကန်လေတပ်၏ B-52 စထရက်တိုဖော့ထရက်စ် (B-52 Stratofortress) မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း အဆိုပါ လေတပ်စခန်းက ထုတ်ပြန်ကြေ ညာလိုက်သည်။
အက်ဒဝပ်စ် လေတပ်စခန်းက တနင်္လာနေ့တွင် X ပလက် ဖောင်းပေါ်၌ ရေးသားချက်အရ “အရေးပေါ်ကယ် ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက် ဆောင်ရွက်ခဲ့ကြပြီး လက်ရှိအခြေအနေကတော့ ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်ပါတယ်” ဟု သိရသည်။
အဆိုပါ ပျက်ကျမှုကြောင့် လေယာဉ်အမှုထမ်းများ ထိ ခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် အသေအပျောက် ရှိ၊ မရှိနှင့် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ ချက်ချင်း ရှင်းရှင်းလင်း လင်း မသိရသေးပေ။ မြေပြင်မှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များတွင် ကန္တာရအတွင်းရှိ လေယာဉ်ပျက်ကျရာနေရာမှ မီးခိုးနက်ရောင် တိမ်တိုက်ကြီးများ အလိပ်လိုက် ထွက်ပေါ်နေသည်ကို ဆိုးရွားစွာ တွေ့မြင်နေရသည်။
ယခု ပျက်ကျသွားသည့် ဘိုးအင်း (Boeing) ကုမ္ပဏီထုတ် B-52 စထရက်တိုဖော့ထရက်စ် ဗုံးကြဲလေယာဉ်တစ်စင်းချင်းစီ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၀ သန်းခန့် ရှိသည်။ ပုံမှန်အား ဖြင့် လေယာဉ်အမှုထမ်း ငါးဦးဖြင့် မောင်းနှင်ပြီး ပေါင် ၇၀,၀၀၀ (၃၁,၇၅၀ ကီလိုဂရမ်) အထိ အလေး ချိန်ရှိသော ရိုးရိုးလက်နက်နှင့် နျူကလီးယားလက်နက် နှစ်မျိုးစလုံးကို သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် အဝေးပစ်ဗုံးကြဲလေယာဉ်ကြီး ဖြစ်သည်။
အဆိုပါ လေယာဉ်အမျိုးအစားကို ၁၉၅၅ ခုနှစ်ကတည်းက အမေရိကန်လေတပ်တွင် စတင်တာဝန်ထမ်းဆောင်စေခဲ့ပြီး ဗီယက်နမ်စစ်ပွဲ၊ ပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်၊ အာဖဂန်နစ္စတန်နှင့် လက်ရှိဖြစ်ပွားနေသော အီရန်နှင့်စစ်ပွဲ အပါအဝင် အမေရိကန် ၏ ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးကြီးများတွင် အဓိကအားထားအသုံးပြုခဲ့သည်။
ယခုလေယာဉ်ပျက်ကျမှု ဖြစ်ပွားရာ အက်ဒဝပ်စ်လေတပ်စခန်းသည် လော့စ်အိန်ဂျလိစ်မြို့၏ မြောက်ဘက် မိုင် ၁၀၀ (၁၆၁ ကီလိုမီတာ) အကွာ ကန္တာရထဲတွင် တည်ရှိပြီး၊ ၁၉၄၇ ခုနှစ်က ချက်ခ် ယေဂါ (Chuck Yeager) က အသံ ထက်မြန်သော အရှိန်နှုန်းကို ပထမဆုံး စံချိန်တင်ကျော်ဖြတ်ခဲ့သည့် သမိုင်းဝင်နေရာတစ်ခုလည်း ဖြစ်သည်။ လက် ရှိတွင် စစ်ဘက်ဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများနှင့် ကန်ထရိုက်တာ စုစုပေါင်း ၁၀,၀၀၀ ခန့် အလုပ်လုပ်ကိုင်နေကြသည်။
ယခုဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက မြောက်ဒါကိုတာပြည်နယ်အထက်တွင် ဒေသတွင်းခရီးသည်တင်လေ ယာဉ်တစ်စင်းက ၎င်း၏ လမ်းကြောင်းထဲ ရောက်နေသည့် စစ်ဘက်ဆိုင်ရာ B-52 ဗုံးကြဲလေယာဉ်တစ်စင်းနှင့် ဝေဟင်၌ တိုက်မိမည့်အန္တရာယ်မှ ရှောင်ရှားရန် မမျှော် လင့်ဘဲ လမ်းကြောင်းကို အပြင်းအထန် ကွေ့လိုက်ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် ဒုတိယအကြိမ်မြောက် ကြုံတွေ့ရသည့် B-52 လေယာဉ်ဆိုင်ရာ ဆိုးရွားသော မတော်တဆမှုတစ်ခု ဖြစ်ကြောင်း သိရှိရသည်။




