မီး​ဘေးသင့်​ပြည်​သူများအား ​အောင်​​မြေသာစံပြည်​ခိုင်​ဖြိုးပါတီမှလှူဒါန်း

 

(၇.၃.၂၀၁၇)ရက်​​နေ့က မီး​ဘေး​ကြောင့် နေအိမ်မီး​လောင်​ဆုံးရှုံးသွား​သော ​အောင်​​မြေသာစံမြို့နယ်​၊ သရက်​ကုန်းရပ်​ကွက်​မှ မီး​ဘေးသင့် အိမ်​ထောင်​စု(၁၂)စုသည်​ သရက်​ကုန်းဓမ္မာရုံရှိကယ်​ဆယ်​​ရေးစခန်းတွင်​ ​ခေတ္တ​နေထိုင်​လျက်​ရှိရာ ​(၈.၃.၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းတွင်​ အောင်​​မြေသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးကိုကို​လေးနှင့်​အဖွဲ့မှသွား​ရောက်​​တွေ့ဆုံကာ အား​ပေးစကား​ပြော         ကြားခဲ့ပြီး မီး​ဘေးသင့်​အိမ်​​ထောင်​စုများအတွက်​ ​ခေါက်​ဆွဲထုပ်​၊ ကိတ်​​ခြောက်​၊ အချိုရည်​၊ ​ရေသန့်​ဗူးများ​ပေးအပ်​လှူဒါန်းခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး

Read more

မြောက်ကိုရီးယားအရေး ဆွေးနွေးမှု ကြာဦးမည်ဟု ကန်ဝန်ကြီး ပြော

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားနဲ့ နျူးကလီးယားလျော့ချရေး ဆွေးနွေးရေးကိစ္စဟာ အကောင်အထည်ပေါ်ပေါက်လာဖို့အတွက် ကာလရှည်ကြာပါဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တေလာဆင်က ပြောပါတယ်။

ပထမဆုံးအကြိမ် အာဖရိကခရီးစဉ်အတွင်း အိသီယိုးပီးယားနိုင်ငံကို ရောက်ရှိစဉ်မှာ ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားဘက်က ပြသနေတဲ့ အရိပ်လက္ခဏာတွေဟာ အပြုသဘောဆောင်ပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းရေးကိစ္စဟာ လောလောဆယ် ဖြစ်လာဦးမှာ မဟုတ်သေးဘူး လို့လည်း ပြောပါတယ်။

Read more

ရွေးကောက်ပွဲကတိကို ဖြည့်ဆည်းပြီး သံမဏိနှင့် အလူမီနီယံ သွင်းကုန်ခွန်အား ဒေါ်နယ်ထရမ့် ပြဋ္ဌာန်း

အမေရိကန်နိုင်ငံမှာ သံမဏိနဲ့ အလျူမီနီယမ်တွေအပေါ် တင်းကြပ်စွာ အခွန် ကောက်ခံရေး နဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နေတဲ့ အစီအစဉ်တွေကို သမ္မတ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သမ္မတ ထရမ့်က အမေရိကန်ဟာ မမျှတတဲ့ ကုန်သွယ်မှု ဒဏ်တွေကို ရင်ဆိုင်နေရပြီး အခုလို အခွန်စည်းကြပ်မှုကြောင့် အမေရိကန်ရဲ့ စက်မှုလုပ်ငန်းကို တိုးတက်လာစေမယ်လို့ ဆိုပါတယ်။

Read more

ရပ်/ကျေး ပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲကျင်းပ

 

နတ်တလင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့  (၈.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀ )နာရီတွင် နတ်တလင်းမြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ် စု(၈၄) အုပ်စုမှ ရပ်ကျေးစည်းမှူးများအား ရပ်ကျေးပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန်းဇော်၊ ထွန်း၊ ဒေါ်ထားထားနု၊ ခရိုင်ပါတီဥက္ကဌ ဦးသိန်းဇော်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဝေလင်း၊ နတ်တလင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီမှ စည်းမှူးနှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ ယနေ့ အစည်းအဝေးသို့  အင်အား (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Read more

ရပ်​ကွက်​/​ကျေးရွာအုပ်​စု ပါတီဥက္ကဌတာဝန်​​ပေးအပ်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

မ​ကွေး ၊ မတ်​လ ၊ ၈ ရက်

Read more

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် (၆.၃.၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် သတင်းနှင့်မီဒီယာ ခရိုင်တာဝန်ခံများ တွေ့ဆုံညှိနှိုင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းပါတီကော်မတီဝင် ဦးလှခိုင်၊ တိုင်းသတင်းတာဝန်ခံ ဦးသန်းထွန်း၊ တက်ရောက်ပြီး ပထမဦးစွာ အတွင်းရေးမှူး ဦးဝင်းကိုကိုမှ အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးသတင်းတာဝန်ခံ ဦးသန်းထွန်းမှ သတင်းမီဒီယာ နှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို ချပြဆွေးနွေးပြီး တက်ရောက်လာသည့် ခရိုင်တာဝန်ခံများမှ ပြန်လည်ဆွေးနွေးရာ နေ့လည် (၂) နာရီတွင် ပြီးဆုံးပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းအတွင်းမှ ခရိုင်သတင်းတာဝန်ခံ (၆) ဦး၊ ခရိုင်အတွင်းရေးမှူး (၆) ဦးနှင့် စုစုပေါင်း (၁၅) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

Read more

ဗန်းမော်ပြည်ခိုင်ဖြိုးပါတီမှ တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်း

 

၇. ၃. ၂၀၁၈နေ့တွင် ကချင်ပြည်နယ်ဗန်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသက်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ စင့်ကင်ကျေးရွာမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အ. ထ. က(၁) ကျောင်းသို့လာရောက်ဖြေဆိုကြသော ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများအား ခေါက်ဆွဲ. ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ဘောပင်များဖြင့် စေတနာထက်သန်စွာ တာဝန်ရှိ ဆရာမထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း

 

မယ်စဲ့မြို့နယ် – မတ်လ ၅

၅-၃-၂၀၁၈ ရက်နေ့ ညနေ ၅း၀၀ နာရီအချိန်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (မယ်စဲ့မြို့နယ်တာဝန်ခံ)နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ ဘောလခဲခရိုင်ကောင်မတီဝင် ဦးနှင်းဝေ၊ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလောရင်းနှင့် မြို့နယ် ကော်မတီဝင်များသည် ပန်တိန်းတိုက်နယ် ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. ဧလိယနက်နှင့် သွားရောက်တွေ့ဆုံကာ ဘုရား၏သန့်ရှင်းသော မယ်တော် ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲအတွက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ(၁၅၀၀၀၀ိ/-) တိတိ သွားရောက်ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။

Read more

မှော်ဘီပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်/ကျေးရွာဥက္ကဌနှင့် ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

မှော်ဘီမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့် ရပ်ကျေးပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့(7- 3- 2018)ရက်နေ့ နံနက် (09:00)နာရီအချိန်တွင် မြို့နယ်ရုံး၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်(မြောက်ပိုင်းခရိုင်တာဝန်ခံ)ဦးတင်မောင်ဝင်း၊ ဗဟိုကော်မတီဝင် (မှော်ဘီမြို့နယ်တာဝန်ခံ) ဒေါက်တာနေလင်း၊တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့် ၊ခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဌ ဦးလှဦးနှင့်မြို့နယ်ကော်မတီဝင်များ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်-ကျေးများမှ ရပ်-ကျေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

Read more

ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးးနှင့်အဖွဲ့ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်လာရောက်တွေ့ဆုံ

‘ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့နယ် ပြည်ခိုင်ဖြိုးတီရုံး၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးး ဒေါက်တာလဆိုင်း၊ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဘဏ္ဍာရေးမှူးး ဦးစိုင်းခမ်းကော်နှင့် ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချို ၊ ကွမ်းလုံခရိုင်ပါတီ ဥက္ကဌ ဦးထွန်းရင်တို့အဖွဲ့မှ (၇-၃-၂၀၁၈) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များနှင့်
ပြည်ခိုင်ဖြိုးအဖွဲ့များအား လာရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေ၊ စည်းရုံးရေးလုပ်ငန်း၊ လူငယ်ရေးရာ၊ သတင်းမီဒီယာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Read more