ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ပြည်သူများအားမကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီမိသားစုများမှသွားရောက်ကူညီထောက်ပံ့

 

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ပြည်သူများအား မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ မိသားစုမှ ကူညီထောက်ပံခဲ့ကြောင်းသိရသည်။ မီးဘေးသင့်ပြည်သူအိမ်ထောင်စု ၁၇၁ စုအား ငွေသားကျပ် ၄၁ သိန်း ပစ္စည်းတန်ဖိုး ၅၁ သိန်းစုစုပေါင်း ၉၂ သိန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

တက္ကသိုလ်တက်ရောက်နေသူကျောင်းသား/သူ ၁၀ ဦးနှင့်
တက္ကသိုလ်ဝင်တန်းဖြေဆိုနေသော ကျောင်းသား/သူ ၁၁ ဦးကို ကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။

Read more

ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ

 

ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်းဆင်းကုသရေးအဖွဲ့မှ (၅ဝ) ရပ်ကွက် သာသနာ့ရောင်ခြည်ဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ၄၉၊ ၅ဝ၊ ၅၁ ရပ်ကွက်များအတွင်းရှိ သွားနှင့်ခံတွင်း ဝေဒနာရှင် ၅၇ ဦးကို အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေးခဲ့ သည်။

Read more

ဖာဒီနန်၊ လမ်းပတ်နဲ့ ဂျာရတ်တို့က ချန်ပီယံလိဂ်ဖလားဆွတ်ခူးမယ့်အသင်းကို တစ်ညီတစ်ညွတ်တည်း ထုတ်ဖော် ပြော

ပရီးမီးယားလိဂ်မှ ဂန္တ၀င်ကစားသမားဟောင်းကြီးတွေ ဖြစ်ကြတဲ့ မန်ယူအသင်းမှ ရီယို ဖာဒီနန်၊ ချဲလ်ဆီးမှ ဖရန့်လမ်းပတ်နဲ့ လီဗာပူးမှ စတီဗင် ဂျာရတ်တို့မှာ ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးမယ့်အသင်းကို တစ်ညီတစ်ညွတ်တည်း ထုတ်ဖော်ပြောခဲ့ပြီ ဖြစ်ပါတယ်။

၎င်းတို့ ၃ ဦးတစ်ညီတစ်ညွတ်တည်းထုတ်ဖော်ပြောခဲ့တဲ့ အသင်းကတော့ လက်ရှိ ချန်ပီယံလိဂ် နှစ်ထပ်ကွမ်း ချန်ပီယံရီးရဲမက်ဒရစ်သာလျှင် ချန်ပီယံလိဂ်ဆုဖလားကို သုံးထပ်ကွမ်း ဆွတ်ခူးနိုင်မယ်လို့ ပြောခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Read more

ချန်ပီယံလိဂ်ကွာတားတွင် ပရီးမီးယားလိဂ်ကလပ်နှင့် ဖာမီနိုဆုံတွေ့လို

လီဗာပူးလ်တိုက်စစ်မှူး ဖာမီနို သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွင် ပရီးမီးယားလိဂ်ကလက်အသင်း အချင်းချင်း ဆုံတွေ့ချင်နေသည်။

လီဗာပူးလ်အသင်းအနေဖြင့် သောကြာနေ့တွင် ပြုလုပ်မည့်မဲခွဲပွဲတွင် မည်သည့်ဥရောပအသင်းကိုမဆို ကြောက်ရွံ့နေမည် မဟုတ်သော်လည်း ဖာမီနိုကမူ ကလော့ပ်၏ လက်အောက်တွင် အသင်းကြီးတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ပြသပြီးဖြစ်သဖြင့် ပရီးမီးယားလိဂ်ပြိုင်ဘက်များနှင့် တွေ့ဆုံလိုနေခြင်းဖြစ်သည်။

Read more

ဂတ်တူဆိုနှင့်အတူ ပြန်လည်မွေးဖွားလာသည့် အေစီမီလန်နှင့် အာဆင်နယ် ရင်ဆိုင်တွေ့

နည်းပြဂတ်တူဆိုလက်ထက်တွင် ရလဒ်ကောင်းမွန်ပြီး ပြန်လည်မွေးဖွားလာသည့် အေစီမီလန်သည် ယနေ့ည အာဆင်နယ်နှင့် ယူရိုပါလိဂ် (၁၆) သင်းအဆင့်၌ ရင်ဆိုင်ရမည်ဖြစ်သည်။

အေစီမီလန်သည် ပိုင်ရှင်အပြောင်းအလဲနှင့်အတူ ပြီးခဲ့သည့် နွေရာသီက ယူရိုသန်း ၂၂၀ အသုံးပြုပြီး တစ်ချိန်က အောင်မြင်မှုများဆီ ပြန်လည်ခြေလှမ်းရန် ကြိုးပမ်းနေသည်။

အီတလီသတင်းဌာနများက စီးရီးအေဖလားရနိုင်သော အသင်းတစ်သင်းဟု ဖော်ပြသည့် အေစီမီလန်သည် လက်ရှိတွင် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာငွေမျှတစွာ ယှဉ်ပြိုင်ရေး စည်းကမ်းအတွက် စောင့်ကြည့်ခံနေရသည်။

Read more

၂ဝ၁၈ ကမ္ဘာ့ဖလားပွဲ ရုပ်သံတင်ဆက်ခအဖြစ် မော်ရင်ဟို တစ်ရက် ပေါင် လေးသိန်း ရရှိမည်

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘောလုံးပွဲခန့်မှန်း သုံးသပ်သူအဖြစ် ရုရှားနိုင်ငံ တကာသတင်းချန်နယ် RT အတွက်တင်ဆက်ပေးမှုမှ တစ်ရက်ပေါင်လေးသိန်းအထိ ရရှိမည်ဖြစ် ကြောင်း သိရသည်။

Read more

လူမျိုးရေး ပဋိပက္ခများကို ထိန်းသိမ်းရန်အတွက် တပ်အင်အား ပိုမိုအသုံးပြုသွားမည်ဟု သီရိလင်္ကာ အစိုးရဆို

လူမျိုးရေး ပဋိပက္ခ ပြဿနာများကို ထိန်းသိမ်းရန်အတွက် တပ်အင်အား ပိုမို အသုံးပြုသွားမည်ဟု သီရိလင်္ကာ အစိုးရက အတည်ပြု ပြောကြားခဲ့သည်။

သီရိလင်္ကာ အလယ်ပိုင်းရှိ ကန်ဒီမြို့တွင် ဒေသခံ ဆင်ဟာလိစ် တိုင်းရင်းသားများနှင့် မွတ်ဆလင် အသိုက်အဝန်းကြား ပဋိပက္ခများ ဖြစ်ပွားရာမှ အဓိကရုဏ်းဆန်သည့် အခြေအနေများ ကူးစက်လာသည့်နောက် အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုသီတင်းပတ်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့သည်။

Read more

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးစည်းဝေးပွဲအား တရုတ်အစိုးရကြိုဆို

ပေကျင်း၊ တရုတ်၊ မတ် ၈

နှစ်နိုင်ငံကြား ထိပ်သီးစည်းဝေးပွဲကျင်းပရန် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ သဘောတူညီမှုရရှိခဲ့ သည့်အပေါ် တရုတ်အစိုးရက   နွေးထွေးစွာကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပြီး “ကျုပ်တို့အနေနဲ့ သူတို့ကို ကောင်းချီးသြဘာပေးပါတယ်” ဟု အလေးအနက်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်မ်ဂျုံအမ်းနှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်တို့သည် လာမည့် ဧပြီလအနှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးသွားဖို့ရှိသည်ဟု ဆိုးလ်အစိုးရကကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂန်ရွှမ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

Read more

သီရိလင်္ကာမှာ ဖေ့စ်ဘုတ် ပိတ်ပင်

သီရီလင်္ကာနိုင်ငံမှာ မွတ်ဆလင်လူနည်းစုတွေအပေါ် ရန်ပြုတဲ့ ဆူပူမှုတွေ ဆက်လက်ပေါ်ပေါက်နေပုံကို အင်တာနက်က ရေးသားတင်ပြနေကြတဲ့ ဖေ့စ်ဘုတ်အပါအဝင် လူမှုမီဒီယာတွေကို အစိုးရက ဗုဒ္ဓဟူးနေ့ မနေ့က ပိတ်ပင်တားဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး သီရိလင်္ကာမှာ မွတ်ဆလင်တွေအပေါ် အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ အဲဒီ အစွန်းရောက်တွေက မွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေကို အစ္စလမ်ဘာသာဝင် ဖြစ်အောင် ဇွတ်အတင်းသွတ်သွင်းနေတယ်လို့ ပြောပါတယ်။

Read more

မြောက်ကိုရီးယားအပေါ် အမေရိကန် အရေးယူဒဏ်ခတ်မှု ရုရှား ရှုတ်ချ

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာ။ (ဓာတ်ပုံ – ရိုက်တာ)

အမေရိကန်က မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှု အသစ်တွေ ပြုလုပ်တာကို ရုရှားနိုင်ငံက မတ်လ ၇ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ အစ်ကိုဝမ်းကွဲ ကင်ဂျုံနမ်ကို ဓာတုအဆိပ်သုံးပြီး သတ်ဖြတ်ခဲ့တယ်လို့ အမေရိကန် အစိုးရက ကောက်ချက်ဆွဲပြီးနောက် မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှု အသစ်တွေ ပြုလုပ်လိုက်တာပါ။

Read more