တိုင်းဒေသကြီးပါတီ လုပ်ငန်းစိစစ်ရေးဆောင်ရွက်

 

ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို ဦးဆောင်၍ ပါတီလုပ်ငန်းစိစစ် ရေးအဖွဲ့တို့သည် ယမန်နေ့ နံနက် ၉ နာရီက ပါတီလုပ်ငန်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ ပါတီကော်မတီဝင်များ၊မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ပါတီကော်မတီဝင်များနှင့် ရှေ့လုပ် ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

Read more

ဒက္ခိဏသိရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်အသစ်လဲလှယ်

 

နေပြည်တော် မတ် ၈

နေပြည်တော် ပြည်ထောင်စု နယ်မြေ ဒက္ခိဏသီရိမြို့နယ် ပါတီ ဆိုင်းဘုတ်အသစ်လဲလှယ်စိုက်ထူ ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးတွင်ပြု လုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နာယက ဦးခင်မောင်ဌေး၊ ဦးမှတ် ကြီးနှင့် ပြည်ထောင်စုနယ်မြေ ကော်မတီဝင်များ၊ နယ်မြေတာဝန် ခံ ဒေါ်ရီရီဝင်း၊ ခရိုင်ကော်မတီဝင် ဦးခင်မောင်ထွန်း၊မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များအပါအဝင်ရပ်ကွက် ကျေးရွာခေါင်းဆောင်များ စုံလင် စွာတက်ရောက်ခဲ့ကြသည်။

Read more

ရီးရဲလ်နောက်ခံလူ ရာမို့စ် အညစ်ပတ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရာမို့စ် ဟာ ပီအက်စ်ဂျီနဲ့ ပွဲမှာ အဝါကတ်ပြသခံရတာကြောင့် ချန်ပီယံလိဂ် သမိုင်းတလျှောက် အညစ်ပတ်ဆုံး ကစာသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါလ်စခိုးက အဝါကတ် ၃၆ ကတ်နဲ့ အညစ်ပတ်ဆုံး ကစားသမားအဖြစ် ရာမို့စ်နဲ့ ပူးတွဲ သတ်မှတ်ခံထားခဲ့ရာမှ ရာမို့စ်က အဝါကတ် ၃၇ ကတ်နဲ့ အညစ်ပတ်ဆုံး ကစားသမားအဖြစ် တဦးတည်း မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မန္တလေးမြို့ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး ပဓာနနာယကဆရာတော်ကြီး၏ အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဌပူဇာမင်္ဂလာအတွက် အလှူငွေများလှူဒါန်း

 

(၈.၃.၂၀၁၈) ရက်နေ့ (၁၅း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်းတို့သည် မန္တလေးမြို့၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တထုတိဝရအရှင်သူမြတ်အား သွားရောက်ဖူးမျှော်ကန်တော့ပြီး ဆရာတော်ကြီး၏အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဌပူဇာမင်္ဂလာအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော အလှူငွေ (၁) သိန်းကျပ်လှူဒါန်းခဲ့ပါသည်။

Read more

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ မတ်လ ၈

ယမန်နေ့(၈-၃ – ၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန် တွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူရွာလူငယ်ရိပ်သာတွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ ပါသည်။

Read more

ချယ်လ်ဆီးနည်းပြကွန်တီ၏ ကိုယ်စားလှယ်နှင့် ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများ လာမည့်သီတင်းပတ်တွင် တွေ့ဆုံမည်ဟုဆို

ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများသည် ချယ်လ်ဆီး နည်းပြ အန်တိုနီယိုကွန်တီ၏ ကိုယ်စားလှယ်နှင့် လာမည့်သီ တင်းပတ်တွင် တွေ့ဆုံမည်ဖြစ်ကြေင်း ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြသည်။

ကွန်တီသည် ချယ်လ်ဆီးနှင့် ၂၀၁၉ အထိ စာချုပ်သက်တမ်းရှိသော်လည်း ယခုနွေရာသီတွင် ထွက်ခွာမည်ဟု မျှော်လင့်ရပြီး ၎င်းက ချယ်လ်ဆီးဘုတ်အဖွဲ့၏ ကစားသမား ပြောင်းရွှေ့မှုမူဝါဒကို ဝေဖန်ကာ အမြော်အမြင်မရှိ ဟု စွပ်စွဲခဲ့သည်။

Read more

မေတ္တာရောင်​ခြည်​ ​ကျောင်းတိုက်​ရှိ ဓမ္မစကူးလ်​ကျောင်းသား/​ကျောင်းသူများအား ပြင်​ဦးလွင်​မြို့ နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​များလှူဒါန်း

 

မတ်​(၈)၊ပြင်​ဦးလွင်

ပြင်​ဦးလွင်​မြို့နယ်​၊ သံမဏိစက်​ရုံ၊ ကျွဲနားထောက်စံပြကျေးရွာရှိ ​မေတ္တာ​ရောင်​ခြည်​​ကျောင်းတိုက်​ ၂၀၁၇- ၂၀၁၈ပညာသင်​နှစ်​၊ ဓမ္မစကူး​ကျောင်းသား/​ကျောင်းသူများ အာစရိယပူ​ဇော်​ပွဲနှင့်​ဆုနှင်း    သဘင်​ပွဲအခမ်းအနားကို ယ​နေ့နံနက် ​၉နာရီခွဲက ကျင်းပခဲ့ရာ ပြင်​ဦးလွင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​များ သွား​ရောက်​လှူဒါန်းခဲ့သည်​။
အခမ်းအနားသို့ ပြင်​ဦးလွင်​ခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းကြည်နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌဦးလင်း​ဇော်​မင်းနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ပါတီဝင်​၊ဖိတ်​ကြားထား​သောဧည့်​သည်​​တော်​များ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။
ပြင်​ဦးလွင်​မြို့နယ်​၊သံမဏိစက်​ရုံ၊ကျွဲနားထောက်စံပြကျေးရွာ၊ ​မေတ္တာ​ရောင်​ခြည်​​ကျောင်းတိုက်​ရှိ ဓမ္မစကူး​ကျောင်းသား/​ကျောင်းသူများအား မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗလာစာအုပ်​(၅၅)ဒါဇင်​​ပေးအပ်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။

Read more

တောင်ကိုရီးယား၏ ညှိနှိုင်းမှုဖြင့် ထရမ့်နှင့် ကင်မ်ဂျုံအန်း တွေ့ဆုံရန် သဘောတူ

တောင်ကိုရီးယား၏ ကြားဝင် ညှိနှိုင်းမှုဖြင့် အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားတွင် နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် သွားရောက် တွေ့ဆုံခဲ့သည့် တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့သည် မတ် ၈ ရက် ညပိုင်းက ဝါရှင်တန်၌ ထရမ့်ဦးဆောင်သော အမေရိကန် အရာရှိများနှင့် ဆွေးနွေးခဲ့ကြသည်။

Read more

မလေးရှားရှိ ငလျင်လှုပ်ခတ်ရာ တောင်ထိပ်မှ တောင်တက်သမားများကို အောင်မြင်စွာ ကယ်ဆယ်

မလေးရှား နိုင်ငံတွင် ရစ်ခ်ျတာစကေး ၅.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် အဆိုပါ ဒေသရှိ တောင်တက်သမားများကို ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

မတ်လ ၈ ရက်က ဆာဘားတွင် ငလျင်လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်များပါ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။ ငလျင်လှုပ်သည့် ဧရိယာတွင် တောင်တက်သမားများကြား ရေပန်းစားသည့် ကီနာဘာလူ တောင်ထိပ်လည်း ရှိနေရာ ထိုနေရာတွင် အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။

Read more

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း တက်ရောက်အားပေး

 

နေပြည်တော် မတ် ၈

Read more