သူလျှိုဟောင်းကို ဓာတုပစ္စည်းနှင့်လုပ်ကြံတိုက်ခိုက်မှုမှာ ရုရှားတို့လက်ချက်ဟု အမေရိကန်ယုံကြည်

ကုလသမဂ္ဂ၊ မတ် ၁၅

ဗြိတိန်၌ ရုရှားစပိုင်ဟောင်းတစ်ဦး အာရုံကြောကိုထိခိုက်စေသော ဓာတုပစ္စည်းနှင့်တိုက်ခိုက်ခံရမှုနောက်ကွယ်၌ အဓိကတာဝန်ရှိသူမှာ ရုရှားတို့သာဖြစ်သည်ဟု အမေရိကန်တို့ဘက်မှ ယုံကြည်ကြောင်း ကမ္ဘာ့ကုသလမဂ္ဂ၌ အမေရိကန်သံအမတ် နစ်ကီဟာလေက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“စစ်သုံးအာရုံကြောလက်နက်ကိုအသုံးပြုပြီး ဗြိတိန်က ရုရှားစပိုင်ဟောင်းတစ်ဦးနဲ့ အခြားလူတစ်ဦးကို တိုက်ခိုက် ခဲ့တဲ့ဖြစ်စဉ်နောက်ကွယ်က အဓိကတာဝန်ရှိသူဟာ ရုရှားတို့ဖြစ်တယ်လို့ အမေရိကန်ဘက်မှ ယုံကြည်ပါတယ်” ဟု ဟာလေက ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အရေးပေါ်ဆွေးနွေးပွဲ ပြုလုပ်စဉ် တွင် ပြောကြားခဲ့သည်။

Read more

ရုရှားသံတမန် ၂၃ ဦး ဗြိတိန်မောင်းထုတ်

လန်ဒန်မြို့က ရုရှားသံရုံး

ဗြိတိန်မြေပေါ်မှာ ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ကို ရုရှားလုပ် အာရုံကြော ထိခိုက်စေတဲ့ အဆိပ်သုံး တိုက်ခိုက်မှု ဘယ်လိုဖြစ်ပွါးခဲ့တယ်ဆိုတာ ဖြေရှင်းဖို့ ရုရှားကိုတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမတုန့်ပြန်ခဲ့တဲ့အတွက် ရုရှား သံအမှုထမ်း ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်တာအပါအဝင် အရေးယူတုန့်ပြန်မှုတွေလုပ်လိုက်ကြောင်း ဗြိတိသျှအစိုးရက ကြေညာပါတယ်။

Read more

အိုင်စီစီကနေ ဖိလစ်ပိုင်နှုတ်ထွက်ဖို့ ဒူတာတေး စီစဉ်နေ

နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (အိုင်စီစီ) အပေါ် ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာသဘောတူ စာချုပ်ကနေ ဖိလစ်ပိုင်နှုတ်ထွက်ပြီဆိုပြီး သမ္မတ ရိုဒရီဂို ဒူတာတေးက မတ်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

၎င်းလက်ထက် လုပ်ဆောင်နေတဲ့ မူးယစ်စစ်ပွဲအပေါ် စုံစမ်းစစ်ဆေးမှုများလုပ်နေတဲ့ အိုင်စီစီကနေ ထွက်ဖို့ ယခုလို သမ္မတ ဒူတာတေး ဘက်က ပြင်ဆင်လုပ်ဆောင်လာတာဖြစ်ပါတယ်။

Read more

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ တိုင်းပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးပြုလုပ်

 

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ တိုင်းပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ (၁၄.၃.၂၀၁၈) ရက်​နေ့ ၁၀း၀၀ နာရီအချိန်တွင်​ တိုင်းပါတီအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ပြီး ပါတီဌာနချုပ်​မှ လမ်းညွှန်​ချက်​များ၊ ခရိုင်​/မြို့နယ်​ပါတီများမှတင်​ပြစာများနှင့်​ လှုပ်​ရှား​ဆောင်​ရွက်​​နေမှုများ၊ ထူးခြားဖြစ်​စဉ်​များ၊ တိုင်းပါတီ​ကော်​မတီ၏ တစ်​ပတ်​အတွင်းလုပ်​ငန်း​ဆောင်​ရွက်​မှုများ၊ ​ရှေ့ဆက်​​ဆောင်​ရွက်​ရန်​ရှိသည်​များအား ​ဆွေး​နွေးညှိနှိုင်း​ဆောင်​ရွက်​ခဲ့ကြပါသည်​ ။

Read more

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းခရိုင်မြို့နယ် လစဉ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းခရိုင်မြို့နယ် လစဉ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၄.၃.၂၀၁၈ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ ရန်ကုန်တောင်ပိုင်းခရိုင် ပါတီဥက္ကဌ ဦးလွင်ဦး၊ အတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ အဖွဲဝင် ဒေါ်အေးအေးမြင့် ၊ မြို့နယ်ပါတီဥက္ကဌ ဦးသန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြကြောင်းသိရပါသည်။

Read more

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု ဥက္ကဌ တာဝန်ပေးအပ်ပွဲကျင်းပ

 

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီရပ်ကွက်ကျေးရွာအုပ်စု ဥက္ကဌ တာဝန်ပေးအပ်ပွဲကို ၁၃.၃.၂၀၁၈ ရက်နေ့ နံနက် (၉း၃၀) နာရီတွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားသို့ မိုးမိတ်ခရိုင်ဥက္ကဌ ဦးစိုးမြင့်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်နာယကနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ဥက္ကဌ နှင့် လူငယ်အမျိုးသမီးရေးရာ အဖွဲ့များ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ကြပါသည်……
အခမ်းအနားတွင် ရပ်ကွက်ကျေးရွာအုပ်စု (၁၉) အုပ်စုအား ဥက္ကဌတာဝန်များ ပေးအပ်နိုင်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

 

မတ်(၁၃) မိုးညှင်း

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာနှင့်လူငယ်ရေးရာကော်မတီက ကြီးမှူး၍အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယမန်နေ့မတ်လ (၁၃) ရက်နံနက်(၁၀)နာရီတွင် နန်းမားဒေသ နန်းခမ်းဒေသ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မိုးညှင်းခရိုင်ပါတီဥက္ကဌ ဦးစိန်ဝင်းထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးလမိုင်တို့က အမှာစကားပြောကြားခဲ့ပြီး နယ်မြေတာဝန်ခံဦးခိုင်ဇော်ထွန်းကသင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်လိုက်သည်။ သင်တန်းသို့သင်တန်းသူ(၄၂)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)လကြာမြင့်ခဲ့ကြောင်းသိရသည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် ဘုရားဖြူကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံခြင်း

 

ဒီးမော့ဆိုမြို့နယ် – မတ်လ ၁၃

Read more

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ဒေါမူကလားရွာ ပါတီဝင်များနှင့် တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ မတ်လ ၁၃

Read more

လူငယ်မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ စာတမ်းပြု စုပေါင်းဆွေးနွေး

 

ရန်ကုန် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁နာရီမှစတင်၍ ခရိုင်အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ မြို့နယ် များမှ လူငယ်တာဝန်ခံများစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ညီလာခံတွင်ဆွေးနွေးနိုင်ရန်အတွက် လူငယ်မူဝါဒနှင့်ရှေ့ လုပ်ငန်းစဉ်များကိုစာတမ်းပြုစု၍ စုပေါင်းဆွေးနွေးမှုများ ကျင်းပခဲ့ပြီး လူငယ်များအနာဂတ်ဘဝသာယာလှပရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာသော မြို့နယ်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more