ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီး ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီး ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
=======================
ေမ ၂၇၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၆-၅-၂၀၂၆ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ပါတီတာဝန္ရွိသူမ်ား၊ ျပည္ခိုင္ၿဖိဳးပါတီမွ ပါတီကိုယ္စားျပဳ ေ႐ြးခ်ယ္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ပါတီဥကၠ႒မွ ေ႐ြးေကာက္ပြဲေအာင္ျမင္မႈအေျခအေန၊ လာမည့္ေ႐ြးေကာက္ပြဲတိုင္းတြင္ ေအာင္ျမင္မႈရရွိေရး ေဆာင္႐ြက္သြားမည့္လုပ္ငန္းမ်ား၊ ပါတီမွ ေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ားႏွင့္ ေရွ႕ဆက္ေဆာင္႐ြက္သြားမည့္ လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး ၃နာရီခြဲအခ်ိန္တြင္ ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံပြဲအခမ္းအနား ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠ႒ ဦးေအာင္ေက်ာ္မိုး၊ တိုင္းေဒသႀကီးအတြင္းရွိ ပါတီကိုယ္စားျပဳ ေ႐ြးခ်ယ္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီး/ခ႐ိုင္/ၿမိဳနယ္ ဥကၠ႒မ်ားႏွင့္ ေကာ္မတီဝင္မ်ား၊ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
=======================
မေ ၂၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၆-၅-၂၀၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါတီတာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုးပါတီမှ ပါတီကိုယ်စားပြု ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌမှ ရွေးကောက်ပွဲအောင်မြင်မှုအခြေအနေ၊ လာမည့်ရွေးကောက်ပွဲတိုင်းတွင် အောင်မြင်မှုရရှိရေး ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ ပါတီမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ၃နာရီခွဲအချိန်တွင် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအတွင်းရှိ ပါတီကိုယ်စားပြု ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြိုနယ် ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။




