စတုတ်နည်းပြဟောင်း မာ့ခ်ဟုခ်ျကို နည်းပြသစ်အဖြစ် ဆောက်သမ်တန်ခန့်အပ်

ဆောက်သမ်တန်အသင်းဟာ စတုတ်နည်းပြဟောင်း မာ့ခ်ဟုခ်ျကို နည်းပြသစ်အဖြစ်ရာသီကုန်အထိ စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။

အသက်(၅၄)နှစ်အရွယ်နည်းပြဟာ တနင်္လာနေ့က ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ပယ်လီဂရီနို နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်(၁၇)ပွဲမှာ (၁)ပွဲသာ အနိုင်ရရှိခဲ့ပြီး ပရီမီးယားလိဂ် အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ရဲ့ အထက်(၁)မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။

Read more

စိုင်​ကျ​ကျေးရွာက မီး​ဘေးသင့်​ပြည်​သူများအတွက် မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်၊ ဓာတ်ဆားထုပ်များ သွားရောက်လှူဒါန်း

 

၁၄.၃.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော ​မ​ကွေးမြို့နယ်​ စိုင်​ကျ​ကျေးရွာက မီး​ဘေးသင့်​ပြည်​သူများအတွက်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးမြို့နယ်ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့်​ မြို့နယ်​​ကော်​မတီဝင်​များမှ တိုင်းပါတီမှလှူဒါန်း​သော ဆန်​အိတ်​၊ မ​ကွေးခရိုင်​ပါတီမှ လှူဒါန်း​သော ဆီ၊ မြို့နယ်​ပါတီမှ လှူဒါန်း​သော ​ခေါက်​ဆွဲ​ခြောက်​ထုပ်​၊ ​ရေသန့်​၊ ဓာတ်​ဆားထုပ်​များ
စုစု​ပေါင်းတန်​ဘိုး​ငွေကျပ်​ (၁၂၀၀၀၀ိ/_)​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်။

Read more

ချန်ပီယံလိဂ်မှာ မက်ဆီ ဂိုး(၁၀၀) ပြည့်ခဲ့

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ မနေ့ညက ချဲလ်ဆီးကို ၃-၀ နဲ့နိုင်တဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

သူသွင်းယူခဲ့တဲ့ ဒုတိယဂိုးဟာသူ့အတွက် ချန်ပီယံလိဂ်မှာ မှတ်တိုင်သစ်ဖြစ်ခဲ့တာပါ။ အရင်ကဂိုး ၁၀၀ ပြည့်ခဲ့သူက စီရော်နယ်ဒိုဖြစ်ပြီး သူက ၁၁၇ ဂိုးနဲ့ပြိုင်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Read more

ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းခရိုင် မြို့ နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းခရိုင် မြို့ နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၄.၃.၂၀၁၈ ရက်နေ့ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး ၊ တိုင်းပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ဥက္ကဌ ဦးလွင်ဦးနှင့် ခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ ခရိုင်ကော်မတီ ဒေါ်အေးအေးမြင့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

မြစ်သားပြည်ခိုင်ဖြိုးပါတီမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား အအေးဘူးများ ဝေဌ

 

မြစ်သားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီများနှင့် ပါတီဝင်များက တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား မတ် ၁၄ ရက် မွန်းတည့် ၁၂ နာရီက အအေးဘူးများ ဝေငှ လှူဒါန်းခဲ့ကြောင်း သိရသည်။


Read more

အာရှ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ၁၆ နိုင်ငံမှ ကစားသမားများ လာရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ကစားသမားတွေ လာရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

အခုပြိုင်ပွဲမှာ ၁၇ ကြိမ်မြောက် အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ အပါအဝင် အသက် ၂၁ နှစ်အောက် စနူကာပြိုင်ပွဲနဲ့ ဒုတိယအကြိမ်မြောက် အမျိုးသမီး စနူကာပြိုင်ပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Read more

ပြည်ခိုင်ဖြိုးလစဉ်ပုံမှန် ရပ်ကျေးစည်းမှုးများ တွေ့ဆုံပွဲကျင်းပ

 

မိုင်းယောင်း မတ်လ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်ခရိုင်၊မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ယနေ့မနက်(၉း၀၀)နာရီမှ(၁၁း၀၀)အတွင်းလစဉ်ပုံမှန် ရပ်ကျေးစည်း/မှူးများတွေ့ဆုံပွဲကျင်းပပြုလုပ်သည် ။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ အထက်ပါတီဗဟိုအဆင့်ဆင့်၏ ညွှန်ကြားချက်များဆောင်ရွက်ခြင်း၊ လတ်တလောနိုင်ငံရေးဦးတည်ရာလမ်းကြောင်းနှင့် အောက်ခြေရပ်ကျေးစည်း/မှူးတို့၏ အကြံပြုတင်ပြချက်အပေါ် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ခဲ့သည် ။

ယင်းတွေ့ဆုံပွဲတွင် အောက်ခြေ ရပ်ကွက်(၉)ရပ်ကွက်၏ ပါတီစည်း/မှူး ဥက္ကဌရွှေးခြယ်ခန့်ထားခြင်းအားအတည်ပြုခြင်း၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမားကိုယ်စားပြုအဖွဲ့ခေါင်းဆောင်များအား ရွှေ့းခြယ်ခန့်ထားခြင်းကိုလည်း ဆွေးနွေးခဲ့ကြသည် ။

Read more

ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာရုံးခွဲ ဇဝနသိဒ္ဓိရပ်ကွက်တွင်ဖွင့်လှစ်

 

နေပြည်တော် မတ် ၁၄

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိ ရပ်ကွက် မင်းဘူး(၃)လမ်း အိမ်အမှတ် ၇ဝ၅၁ ဦးမင်းမင်းဇော်နေအိမ်တွင် ယနေ့နံနက် ၈ နာရီ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရပ်/ ကျေးပါတီရုံးခွဲဖွင့်လှစ်ခြင်း၊ ပါတီအလံတင်ခြင်း နှင့် ပါတီဆိုင်းဘုတ်တင်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးမောင်စိုးနှင့် ဦးစိုးမိုးတို့က ရပ်/ကျေးပါတီဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်း၍ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အခမ်း အနားတက်ရောက်လာသူများအားကောက်ညှင်းပေါင်း၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ(၄၅)ကြိမ်မြောက် သွေးလှူဒါန်း

 

ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီမှ ရန်ကုန်အမျိုးသား သွေးလှူဘဏ်တွင် အာစိဏ္ဏကံ အဖြစ် စဉ်ဆက်မပြတ် သွေးလှူ ဒါန်းလျက်ရှိရာ ယခုလ ၁ဝ ရက် နံနက် ၁ဝ နာရီက အဆိုပါ သွေး လှူဌာနတွင်(၄၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

Read more

လက်နက်ကိုင်အကြမ်းဖက်မှုများကို ဆန့်ကျင်ကာ အမေရိကန်အနှံ့က ကျောင်းသားများက စာသင်ခန်းများမှ အပြင်ထွက်ကာ သပိတ်ဆင်နွှဲ

ဝါရှင်တန်၊ မတ် ၁၅

ပြီးခဲ့သည့်လက ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းဝင်းအတွင်း လက်နက်ကိုင် ထင်ရာစိုင်းပစ်ခတ်သည့် သေဆုံးမှုများသော တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လက်နက်ကိုင် အကြမ်းဖက်မှုများကို ဆန့်ကျင်ကာ အရေးယူဆောင်ရွက်ပေးနိုင် အမေရိကန်နိုင်ငံတစ်ဝန်းက ကျောင်းသားများက စာသင်ခန်းများမှ ထွက်ကာ အရေးဆိုမှုများကို မတ် ၁၄ ရက်က ဆင်နွှဲကြသည်။

Read more