ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဘ႐ူႏိုဖာနန္ဒက္စ္ ရရွိ

ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဘ႐ူႏိုဖာနန္ဒက္စ္ ရရွိ
=============================
မန္ယူႏိုက္တက္အသင္းေခါင္းေဆာင္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ ၂၀၂၅-၂၆ EA SPORTS တစ္ႏွစ္တာအေကာင္းဆုံးဆုအတြက္ မဲအမ်ားဆုံး ရရွိခဲ့ၿပီး ပထမဆုံးအႀကိမ္ ရရွိခဲ့တာျဖစ္တယ္။
၎အေနနဲ႔ အခုရာသီ ပရီးမီးယားလိဂ္မွာ ၉ ဂိုးသြင္း၊ ဂိုး ၂၁ ဖန္တီးနဲ႔ ဂိုးပါဝင္ပတ္သက္မႈက ၃၈ ပြဲမွာ ၂၉ ဂိုး ျဖစ္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္သမိုင္းမွာ အြန္နရီ၊ ဒီဘ႐ိုင္းနားတိုနဲ႔ တစ္ရာသီအတြင္း ဂိုးဖန္တီးမႈအမ်ားဆုံးအႀကိမ္ ကို ေက်ာ္ျဖတ္ကာ မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့ပါတယ္။
အခုရာသီမွာ အခြင့္အေရးဖန္တီးမႈ ၁၃၂ ႀကိမ္အထိ ရွိခဲ့ၿပီး ဒုတိယေနရာက လီဗာပူးလ္ကစားသမား ဆိုဘိုဆလိုင္းကို ၄၃ ႀကိမ္ အသာရထားခဲ့ပါတယ္။
ဒါ့အျပင္ ဒီဆုကို ၂၀၁၀-၁၁ ရာသီက ဗီဒစ္ ေနာက္ဆုံးရခဲ့ၿပီးေနာက္ မန္ယူႏိုက္တက္ကစားသမားေတြထဲ ပထမဆုံးရရွိသူ ျဖစ္လာခဲ့တယ္။
ဖာနန္ဒက္စ္ဟာ အခုရာသီအတြင္း FWA တစ္ႏွစ္တာအေကာင္းဆုံးဆု၊ မန္ယူႏိုက္တက္ရဲ႕ အေကာင္းဆုံးႏွစ္ဆုျဖစ္တဲ့ Sir Matt Busby Player of the Year နဲ႔ Players’ Player of the Year ဆုေတြလည္း ဆြတ္ခူးထားပါတယ္။
ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ရရှိ
=============================
မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၅-၂၆ EA SPORTS တစ်နှစ်တာအကောင်းဆုံးဆုအတွက် မဲအများဆုံး ရရှိခဲ့ပြီး ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်တယ်။
၎င်းအနေနဲ့ အခုရာသီ ပရီးမီးယားလိဂ်မှာ ၉ ဂိုးသွင်း၊ ဂိုး ၂၁ ဖန်တီးနဲ့ ဂိုးပါဝင်ပတ်သက်မှုက ၃၈ ပွဲမှာ ၂၉ ဂိုး ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းမှာ အွန်နရီ၊ ဒီဘရိုင်းနားတိုနဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးအကြိမ် ကို ကျော်ဖြတ်ကာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
အခုရာသီမှာ အခွင့်အရေးဖန်တီးမှု ၁၃၂ ကြိမ်အထိ ရှိခဲ့ပြီး ဒုတိယနေရာက လီဗာပူးလ်ကစားသမား ဆိုဘိုဆလိုင်းကို ၄၃ ကြိမ် အသာရထားခဲ့ပါတယ်။
ဒါ့အပြင် ဒီဆုကို ၂၀၁၀-၁၁ ရာသီက ဗီဒစ် နောက်ဆုံးရခဲ့ပြီးနောက် မန်ယူနိုက်တက်ကစားသမားတွေထဲ ပထမဆုံးရရှိသူ ဖြစ်လာခဲ့တယ်။
ဖာနန်ဒက်စ်ဟာ အခုရာသီအတွင်း FWA တစ်နှစ်တာအကောင်းဆုံးဆု၊ မန်ယူနိုက်တက်ရဲ့ အကောင်းဆုံးနှစ်ဆုဖြစ်တဲ့ Sir Matt Busby Player of the Year နဲ့ Players’ Player of the Year ဆုတွေလည်း ဆွတ်ခူးထားပါတယ်။




