
===========
မေ ၂၈၊ နေပြည်တော်



ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း နှင့် ကိုယ်စားလှယ်အဖွဲ ဘယ်လာရုစ်နိုင်ငံ၊ Brest မြို့တွင် ကျင်းပသော Great Patriotic War ၏ ၈၅ နှစ်မြောက် အထိမ်းအမှတ် အကြိုအဖြစ် အမိနိုင်ငံတော်အတွက် အသက်ပေးခဲ့ကြသော သူရဲကောင်းများ အား လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားသို့ တက်ရောက်
===========
မေ ၂၈၊ နေပြည်တော်

International Inter-Party Conference တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ Brest မြို့၏ သူရဲကောင်းခံတပ်တွင် Great Patriotic War ၏ ၈၅ နှစ်မြောက် အထိမ်းအမှတ် အကြိုအဖြစ် ၁၉၄၁ ခုနှစ်၊ ဇွန်လတွင် အမိနိုင်ငံတော်အတွက် အသက်ပေးခဲ့ကြသော သူရဲကောင်းများအား လွမ်းသူ့ပန်းခွေများချ၍ ဂုဏ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။