စာသင်ကျောင်းမြေ အရောင်းအ၀ယ်ကိစ္စ ၀န်ကြီးချုပ် ရှင်ဇိုအဘေး ဇနီး ပါဝင်ပတ်သက်နေဟု ဝေဖန်

Photo: Reuters

 

ဂျပန်နိုင်ငံမှာ စာသင်ကျောင်းမြေ အရောင်းအ၀ယ်ကိစ္စ တစ်ခုမှာ ၀န်ကြီးချုပ် ရှင်ဇိုအဘေး ရဲ့ဇနီးဖြစ်သူ ပါဝင်ပတ်သက်နေတယ်လို့ လွှတ်တော်မှာ အတိုက်အခံ အမတ်တွေက ပြစ်တင်ဝေဖန်နေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ရှင်ဇိုအဘေး ရဲ့ ဇနီးဖြစ်သူ နဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ ထိပ်တန်းအရာရှိ တွေ လွှတ်တော်ကို ဆင့်ခေါ်ပြီး စစ်ဆေးသင့်တယ်လို့လည်း တောင်းဆိုနေကြပါတယ်။

Read more

အူဘာ မောင်းသူမဲ့ကားဖြင့် တိုက်မိပြီး အမျိုးသမီးတဦး သေဆုံး

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ မတ်လ ၁၉ ရက်နေ့က အူဘာ (Uber) မောင်းသူမဲ့ ကားတစီးနဲ့ တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

အရီဇိုးနားပြည်နယ် တမ်ပီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ မောင်းသူမဲ့ကားကြောင့်     ပထမဦးဆုံးအကြိမ် လူသေမှု ဖြစ်ပါတယ်။

ဒီ့အတွက် အူဘာကုမ္ပဏီက အမေရိကန်ရှိ ပြည်နယ်တချို့နဲ့ ကနေဒါမှာ စမ်းသပ်နေတဲ့ မောင်းသူမဲ့ ကားအစီအစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

Read more

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

၁၆.၃.၂၀၁၈ – သောကြာနေ့
ဝက္ကသေးကျေးရွာစုရပ်

Read more

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ပါတီဌာနချုပ်လေ့လာရေးနှင့် သြဝါဒခံယူခြင်း

 

အဆိုပါလေ့လာရေးခရီးစဉ်ကိုမန္တလေး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး | ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ညိမ်းတို့မှ ဦးဆောင်စီစဉ်ခဲ့ကြပြီး ၁၈.၃.၂၀၁၈ မှ ၁၉.၃.၂၀၁၈ရက်နေ့ထိ သွားရောက်လေ့လာခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ်မှ ပါတီဝင်အင်အား ၇၀ ဦးဖြင့် နေပြည်တော်ပါတီဌာနချုပ်အတွင်းလှည့်လည်လေ့လာခြင်းနှင့်တိုင်းပါတီနယ်မြေတာဝန်ခံ ဗဟိုပါတီကော်မတီဝင် ဦးဝဏ္ဏမောင်လွင်ထံမှ သြဝါဒခံယူခြင်းများ ပြုလုပ်ခဲ့ပါသည်။


Read more

ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက်မှ ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန်ပေး အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော် မတီမှ ဗဟိုပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးတင်အောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်းမီဒီယာတာဝန်ခံဦးကျော်စိုး၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီကော်မတီဝင်ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီနာယက ဦးဝေဇင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးလှမြင့်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား ၈၅ ဦး တက်ရောက်ကြသည်။

Read more

ဂန့်ဂေါခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းဝေးပြုလုပ်

 

ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ၁၈.၃.၂၀၁၈ ရက်နေ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဂန့်ဂေါခရိုင်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းပါတီကော်မတီဝင် ဂန့်ဂေါခရိုင် တာဝန်ခံ ဦးဝင်းမြင့်မောင် တက်ရောက်ပြီး အစည်းအဝေးတွင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း ၊ ဆောမြို့နယ်များမှ ခရိုင်ကော်မတီဝင်များ၏ တင်ပြချက်များအား ပွင့်လင်းစွာဆွေးနွေးကြပါသည်။
ယခုနှစ်နွေရာသီတွင် ခရိုင်ပါတီမှ ကြီးမှူးကျင်းပမည့် အခြေခံကွန်ပျူတာသင်တန်း ၊ English Grammar သင်တန်း၊ နှင့်Mobile Software & Hardware သင်တန်းများနှင့်ပတ်သက်၍ ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးအောင်စိုးမင်းမှ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌတာဝန်ပေးအပ်ရန် အကြိုညှိ့နှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးခန်းမတွင် ယမန်နေ့နေ့လည် ၁ နာရီမှ စတင်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်မြင့်နှင့် အတွင်းရေးမှူး ဦးဝင်းကြိုင်၊ ဘဏ္ဍာရေးမှူး ဦးသန်းထိုက်နှင့် ရေးရာတာဝန်ခံများ ၁၉/ရပ်ကွက်ရှိ ရပ်ကွက်ပါတီခေါင်းဆောင်များ၊ ရပ်ကွက်ပါတီရေးရာတာဝန်ခံများ စုစုပေါင်း ၇၅ ဦးတို့သည် ရပ်ကွက်ပါတီဥက္ကနှင့် ကော်မတီများ တာဝန်ပေးအပ်ပွဲ အကြို ညှိုနှိုင်းအစည်းအဝေးအား တက်ရောက်ကြပါသည်။ မြို့နယ် ပါတီဥက္ကဌ ဦးခင်မောင်မြင့်က လုပ်ဆောင်ရမည့်ပါတီလုပ်ငန်းစဉ်များကို လမ်းညွန်အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင်ရေးရာတာဝန်များက ရေးရာအလိုက်ေ ဆွးနွေးကြပါသည်။ တက်ရောက်လာသူများမှ မရှင်းလင်းသည့် ကိစ္စများဆွေးနွေးကြပြီး မြို့နယ်ပါတီဥက္ကဌမှလိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းပေးပြီး အစည်းအဝေးအား နေ့လည် (၂) နာရီတွင် အောင်မြင်စွာပြီးမြောက်ပါသည်။

Read more

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆောင်စွမ်းအားလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၂) ကို သင်တန်းဖွင့်လှစ်

 

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆောင်စွမ်းအားလုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၂) ကို သင်တန်းဖွင့်လှစ်ခြင်းကို ၁၈.၃. ၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပခဲ့ပါသည်။
သင်တန်းကို နာရီ ၄၀ သက်မှတ်ခြင်း၊ ပညာဒါန(သင်တန်းကြေးပေးသွင်းရန်မလို)၊ အခြေခံပညာအထက်တန်းအဆင့်ရှိရမည်၊ သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်၊ သင်တန်းသားကန့်သက်ချက် (၄၀) ဦးသာ လက်ခံမည်၊ နယ်ဝေးမှ တက်ရောက်မည့်သူများ နေရာစီစဉ်ပေးမည်။

Read more

ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များတာဝန်ပေးခန့်အပ်ပွဲ သင်္ဃန်းကျွန်းမြို့နယ်တွင်ကျင်းပ

 

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ ၌ ယနေ့နံနက် ၉ နာရီက မြို့ နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက်မှ စည်းရုံးရေးမှူး များအား ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ တာဝန်ပေးခန့်အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုး လူငယ်ထုဆွေးနွေးပွဲ ဗဟိုအလုပ်အမှုဆောင်များအားပေး

 

ရန်ကုန် မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ လူငယ်ထုဆွေးနွေးပွဲ နှင့်စာတမ်းဖတ်ပွဲကို ယမန်နေ့ ည၁၁နာရီက ရွှေပြည်သာမြို့နယ် ကော်မတီရုံးတွင်ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဒေါ်မိုးမိုးအိ၊ ခရိုင် လူငယ်တာဝန်ခံများ၊မြို့နယ်လူငယ် တာဝန်ခံများနှင့် ရန်ကုန်အနောက် ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်မှ လူငယ်အင်အား ၃၅ဝတက်ရောက် ခဲ့သည်။
အဆိုပါလူငယ်ဆွေးနွေးပွဲတွင် တက်ရောက်လာ သည့် လူငယ်များကို အဖွဲ့ခုနစ်ဖွဲ့ခွဲ၍ ခေါင်းစဉ် ခုနစ်ခုကို ဝိုင်းဖွဲ့ဆွေးနွေးကြရာ ပါတီဗဟိုအလုပ် အမှုဆောင် ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး နှင့်ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေး မှူးဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသ ကြီး ပါတီကော်မတီဝင်များမှ လိုက်လံ ကြည့်ရှုအား ပေးခဲ့ကြကြောင်းသိရှိရသည်။

Read more