မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်လူငယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်

 

မင်းဘူး မတ် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်လူငယ်တွေဆုံပွဲအခမ်းအနားကို မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက်ဆယ်နာရီတိတိအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာခမ်းအနားတွင် ခရိုင်အတွင်းငါးမြို့နယ်လူငယ်များမှ နိုင်ငံတော်သီချင်းသီဆိုခြင်းပါတီသဓိဌာန်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။ထို့နောက်မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး တိုင်းအတွင်းရေးမှူးဦးဆန်းညွန့်အောင်တိုင်းပါတီကော်မတီဝင် ဦးဟန်မောင် မကွေးတိုင်းဒေသကြီးလူငယ်တာဝန်ခံဦးကျော်သူဦး တိုင်းပါတီကော်မတီဝင်ဦးအောင်နိုင် နှင့် မင်းဘူးခရိုင်ပါတီကော်မတီဝင်များ မင်းဘူးမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များ ပွင့်ဖြူမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များ ငဖဲမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များစေတုတ္တရာမြို့နယ်ဥက္ကဌနှင့်ပါတီကော်မတီဝင်များ စလင်းမြို့နယ်ဥက္ကဌနှင့်ပါတီကော်မတီဝင်များ မင်းဘူးခရိုင်အတွင်းရှိငါးမြို့နယ်မှ လူငယ်ကေဒါများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။

Read more

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ကျင်းပ

 

(19.3.2018) ရက်နေ့ ငါန်းဇွန်မြို့ ပြည်ခိုင်ဖြိုးခန်းမတွင် ပြုလုပ်ကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းကို နံနက် (9:00) နာရီတွင်ကျင်းပပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးပါတီကော်မတီ မြင်းခြံခရိုင်တာဝန်ခံနှင့် မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ကြီး ဦးကျော်တင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များ ငါန်းဇွန်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဌများနှင့် သင်တန်းသား (၁၀၀) တို့တက် ရောက်ခဲ့ပြီး သင်တန်းအဖွင့်အမှာစကားကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွငိ့အမှာစကားပြောကြားခဲ့ပါသည်။

Read more

ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်

 

ဖာပွန် မတ် ၁၉

ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကို ဖာပွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြို့နယ်ပါတီရုံး မူတြော် ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ကရင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစော မြင့်ဦး၊ ပြည်နယ်ပါတီကော်မတီ ဝင် ဘဏ္ဍာရေးမှူး(ဖာပွန်မြို့နယ် တာဝန်ခံ)ဦးစောဝင်းထိန်၊ ခရိုင် ကော်မတီဝင် ဦးစောထွန်းလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစော ဇော်မင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီ ဝင်များ တက်ရောက်ခဲ့သည်။

Read more

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ပါတီဝင်သစ်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မလေးရှားဝိုင်ကျေးရွာအုပ်စုရေစက် တောင်ရွာမကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီခွဲ၌ ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီ ဝင်သစ် အဆိုပြုလွှာ ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ဗဟိုအလုပ်အမှုဆောင်များ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးတွင် ယနေ့မွန်းလွဲ ၂ နာရီက ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးသာဝင်း၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီကော်မတီများ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ ကြောင်း သိရသည်။

Read more

၂၀၁၇ ပေါ်တူဂီ အကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒို ဆွတ်ခူးရရှိ

(ဓာတ်ပုံ – အီးပီအေ)

ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု 2017 Quina de Oro Award ကို တနင်္လာနေ့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ သူဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

Read more

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကစားသမားတစ်ချို့အတွက် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နောက်ဆုံး အခွင့်အရေး ဟု မက်ဆီ ပြောကြား

ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လက်ရှိလက်ရွေးစင်အသင်း ကစားသမားအစုအဖွဲ့အတွက် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က ပြောကြားခဲ့ပါတယ်။

မက်ဆီနဲ့ အာဂျင်တီနားအသင်းတို့ဟာ ၂၀၁၄ကမ္ဘာ့ဖလား၊ ၂၀၁၅နဲ့ ၂၀၁၆ ကိုပါအမေရိကဖလား ပြိုင်ပွဲ(၃)ခုဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်စွဲခဲ့ခြင်း မရှိပါဘူး။ Ballon d’Or ဆုကို (၅)ကြိမ် ရရှိခဲ့တဲ့ မက်ဆီဟာ ဇွန်လမှာ အသက်(၃၁)နှစ်ပြည့်မှာဖြစ်ပြီး အဂွဲရိုး၊ ဟီဂူအင်၊ ဒီမာရီယာ၊ အော်တာမန်ဒီနဲ့ မာရှေးယာနိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ချိန်မှာ အသက်(၃၀)နဲ့အထက် ရှိနေမှာပဲ ဖြစ်ပါတယ်။

Read more

အာဂျင်တီးနားနိုင်ငံသား ဒဲလ်ပိုထရိုက ဖက်ဒဲရာကိုအနိုင်ယူပြီး အင်ဒီးယန်းဝဲလ်စ်ဖလားဆွတ်ခူး

ဟွန်မာတင်ဒဲလ်ပိုထရိုသည် ကမ္ဘာ့အဆင့် (၁) တင်းနစ်ချန်ပီယံ ရော်ဂျာဖက်ဒဲရာ၏ ၁၇ ပွဲ ရှုံးပွဲမရှိ အခြေအနေကို အဆုံးသတ်ကာ BNP Paribas Open ဖလား ဆွတ်ခူးခဲ့သည်။

ကမ္ဘာ့အဆင့် (၈)နေရာ၌ ရပ်တည်နေသော အာဂျင်တီးနား တင်းနစ်ချန်ပီယံ ပိုထရိုသည် ဆွစ်ဇာလန်နိုင်ငံသား ဖက်ဒဲရာ ကို ၆-၄၊ ၆-၇ (၈-၁၀)၊ ၇-၆ (၇-၂) မှတ်ဖြင့် အနိုင်ရပြီး ၂၀၁၈ အတွင်း ဖက်ဒဲရာကို အနိုင်ရသည့် ပထမ ဆုံးတင်းနစ်သမား ဖြစ်လာသည်။

Read more

ဖေ့စ်ဘွတ်ခ် သတင်းအချက်အလက် လုံခြုံရေးအရာရှိချုပ် ရာထူးမှနုတ်ထွက်

အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ရဲ့ သတင်းအချက်အလက် လုံခြုံရေးအရာရှိချုပ် အဲလက်စ် စတာမို့စ်ဟာ ရာထူးကနေ နုတ်ထွက်သွားပြီလို့ နယူးယောက်တိုင်းမ်စ် သတင်းစာက မတ်လ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့နီးစပ်တဲ့ ဖေ့စ်ဘွတ်ခ်ဝန်ထမ်းဟောင်းနဲ့ လက်ရှိဝန်ထမ်းတွေရဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ်က အခုလို ဖော်ပြလိုက်တာပါ။

Read more

မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပြစ်ဒဏ်ပေးနိုင်ရန် ထရမ့်ကြိုးပမ်း

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၂၀

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံအတွင်းမူးယစ်ဆေးဝါးများ လျင်မြန်စွာပျံ့နှံ့လာမှုကို ဆန့်ကျင်တိုက်ဖျက်မည့် သူ၏အစီအစဉ်များထဲမှတစ်ခုအဖြစ် မူးယစ်ဆေးဝါး မှောင်ခိုသမားများကို သေဒဏ်ပြစ် ဒဏ်ချမှတ်နိုင်မည့် အစီအစဉ်တစ်ခုကို တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးမှောင်ခိုသမားများကို သင့်လျော်စွာပြစ်ဒဏ်ချမှတ်နေသည့် ဥပဒေတစ်ခု လက်ရှိအချိန်တွင် ရှိနေသော်လည်း အကြီးလေးဆုံးပြစ်ဒဏ်ချမှတ်သွားနိုင်ရန်အတွက် ဒေါ်နယ်ထရမ့်က မူးယစ်ဆေးဝါးပဋိပက္ခကို အများဆုံးခံစားနေရသော နယူးဟမ့်ရှိုင်းယားပြည်နယ် မန်ချက်စတာမြို့၌ မိန့်ခွန်းပြောကြားခဲ့စဉ်တွင်  ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read more