မော်လမြိုင်ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး ချောင်းဆုံမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ယနေ့ ဧပြီ(၆)ရက်နေ့ နေ့လည် (၁၁) နာရီချိန်တွင် မော်လမြိုင်ခရိုင်အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးမှ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးဥက္ကဋ္ဌများ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးမှ ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရမည် ကိစ္စရပ်များအား ချပြဆွေးနွေးခဲ့သည်။
ယင်းနောက် ချောင်းဆုံမြို့နယ် ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်မှ မြို့နယ်ပါတီ၏ ဆောင်ရွက်ထားမှုများနှင့် ပါတီအောင်နိုင်ရေးအတွက် စည်းစည်းလုံးလုံး စုစုစည်းစည်း ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကာ တက်ရောက်လာကြသော ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကာ မွန်းလွဲ(၁၂း၃၀) နာရီချိန်တွင် တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

Read more

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် သိုင်းပြောင်းပြန် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

 

၂၀၁၈ ခုနှစ် ဧပြီလ (၈) ရက်နေ့ ညနေ (၁၅း၀၀) အချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံသိုင်းအဖွဲ့ဝင် သိုင်းပြောင်းပြန်သင်တန်းဆင်းပွဲအခမ်းအနားကို ပြည်နယ်ပါတီရုံး ခြံဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းအား တစ်လခွဲခန့် သင်ကြားပို့ချခဲ့ကြပြီး သင်တန်းဆင်းပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ သင်တန်းသား/သူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းအဖွင့်အမှာစကားကို ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ပြောကြားခဲ့ပြီး သင်တန်းသား/သူများမှ သိုင်းစွမ်းရည်များပြသခဲ့ကြကြောင်း၊ သင်တန်းဆရာကြီးအား ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ဂုဏ်ပြုလက်ဆောင်နှင့် ပြည်နယ်လူငယ်တာဝန်ခံ ဦးစန်းငွေမှ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

Read more

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သက်ကြီးပူဇော်ပွဲနှင့် ဆိုင်းဘုတ်တင်မင်္ဂလာပွဲ ကျင်းပပြုလုပ်

 

(၈.၄.၂၀၁၈) ရက်နေ့တွင်​ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကံဆွယ်အုပ်စု သက်ကြီးပူဇော်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားအား နံနက် (၀၉း၀၀) နာရီအချိန် စတင်ကျင်းပခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ် အတွင်းရေးမှူး ဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များ တက်ရောက်ကာ သက်ကြီးအဖိုးအဖွား (၁၃) ဦးအား ဆန်၊ ဆီ၊ ငွေနှင့် ပုဆိုးလုံချည်များဖြင့် ကန်တော့ခဲ့ကြပါသည်။
ဆက်လက်ပြီး ၉း၃၀ အချိန်တွင် အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ရပ်ကျေးအဖွဲ့ များနှင့် စုပေါင်းမှတ်တမ်းတင်ကာ ရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ပါသည်။

Read more

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်နှီးနှောဖလှယ်ပွဲကျင်းပ

 

၂၀၁၈ ခုနှစ် ဧပြီလ(၇)ရက်နေ့ နံနက်(၀၈း၃၀)အချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ လူငယ်နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါ လူငယ်နှီးနှော ဖလှယ်ပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)နှင့် ပြည်နယ် ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင်(၅)ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ်(၁၇)မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌ များနှင့် မြို့နယ်လူငယ်တာဝန်ခံများ၊ လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား(၄၂၈)ဦးတက်ရောက်ခဲ့
ကြသည်။ ဆက်လက်၍ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုကော်မတီဝင်)မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လူငယ် တာဝန်ခံ ဦးစန်းငွေမှ လူငယ်နှီးနှောဖလှယ်ပွဲ ကျင်ပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အခမ်းအနား ပထမပိုင်းကို ခေတ္တရပ်နားခဲ့ကြသည်။ ဆက်လက်ပြီး ဒုတိယအစီအစဉ်အရ တက်ရောက် လာကြသော လူငယ်များအား အစုအဖွဲ့(၇)ဖွဲ့ ဖွဲ့စည်းပြီး အစုအဖွဲ့စာတမ်း(၇)စောင်အား ပြုစုခဲ့ကြသည်။

Read more

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှစ်ကျိပ်ရှစ်ဆူဘုရားများအား ဝတ်ရွတ်ပူဇော်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယခုလ ၆ရက် ညနေ ၄ နာရီတွင် ကျောက်ကြီးမြို့နယ် ရှင်သီဝလိခြေတော်ရာတောင်တော် မြတ်တွင် ကိန်းဝပ်စံပယ်လျက်ရှိ သော နှစ်ကျိပ်ရှစ်ဆူဘုရားများ အား မြို့ပေါ်ရပ်ကွက်ခုနစ်ရပ်ကွက် နှင့်ကျေးရွာနှစ်ရွာအပါအဝင်ကျောက် ကြီးပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးလှဘုန်းနှင့် မြို့နယ်ကော်မ တီဝင်များကသွားရောက်ပင့်ဆောင် ပြီး မြို့နယ်ပါတီရုံးတွင် ယခုလ ၆ ရက်မှ ၁၁ရက်အထိ ခြောက်ည တိုင်တိုင် လူငယ်ရေးရာ တာဝန်ခံ ဦးထွန်းမင်းလတ်နှင့်အမျိုးသမီးရေး ရာတာဝန်ခံတို့က ညစဉ်ဓမ္မစကြာ တရားတော်များနှင့် ယမန်နေ့ညနေ ၆နာရီခွဲမှစတင်ပြီး ပဋ္ဌာန်းဒေသနာ တော်များကို ဝတ်ရွတ်ပူဇော်သွား မည်ဖြစ်ကြောင်း သိရသည်။

Read more

သင်္ဃန်းကျွန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယဉ်ကျေးလိမ္မာသင်တန်းသားများအား အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး(အရှေ့ ပိုင်းခရိုင်) သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် ကြီးပွားရေးရပ် ကွက် ရတနာသိဒ္ဓိ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၈ နာရီခွဲက ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းတက်ရောက်နေသော ကျောင်းသားကျောင်းသူလေးများ အားမုန့်နှင့်အချိုရည်များ လှူဒါန်း ခဲ့ကြသည်။ အဆိုပါသင်တန်းကို ကြီးပွားရေးရပ်ကွက် အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတ အသင်းက ကြီးမှူးကျင်းပခြင်းဖြစ် ပြီး ယခုလ၂ရက် မှ၉ရက်ထိနေ့စဉ် နံနက်၈နာရီမှ မွန်းတည့်၁၂နာရီထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်း သား၁ဝဝ၊ကျောင်းသူ၁ဝဝ ကျော် စုစုပေါင်း ၂ဝဝကျော်တက်ရောက် သင်ကြားခဲ့ကြသည်။

Read more

မြို့နယ်အတွင်းရှိ ဆရာတော်ကြီးများအား ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြို့နယ်အတွင်း သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိသော ဗဟိုဝန်ဆောင်၊ တိုင်းဝန်ဆောင်၊ မြို့နယ် သြဝါဒါစရိယ၊ မြို့နယ်သံဃမဟာနာယက သုဓမ္မာ/ ရွေှ့ကျင်၊ မြို့နယ်ဝိနည်းဓိုရ်နှင့် ရပ်ကွက်ဥက္ကဋ္ဌဆရာတော်များအား ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဧပြီ ၇ရက်မွန်းလွဲ ၁နာရီ တွင် ၈လမ်း ပုသိမ်ညွန့်ရပ်ကွက် ဓမ္မဇေယျာစာသင်တိုက်မုခ်ဦး ဓမ္မာရုံ၌ ကျင်းပခဲ့ပြီး ဆွမ်းဆန်စိမ်းအလှူ ခဲ့ကြောင်း သိရသည်။

Read more

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနှင့် ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်များတွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ တွင် လေ့လာရေးခရီးအဖြစ် လာ ရောက်ခဲ့သော ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များသည် ယနေ့ နံနက် ၉ နာရီမှ ၁ဝ နာရီ အထိ မန္တလေးခရိုင်လူငယ်များနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ကိုဆွေးနွေးခဲ့ကြသည်။

Read more

အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှစ်ဦးဆွမ်းအလှူပွဲကျင်းပ

 

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ မြန်မာနှစ်ဦးအလှူတော်နှင့် ကွယ်လွန်သူများအားရည်စူး၍ နေ့ဆွမ်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုလှူဒါန်းပွဲကို ယနေ့နံနက် ၁ဝနာရီခွဲက ကျင်းပရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော် သူရနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ကြသည်။

အစီအစဉ်အရ သံဃာတော် အရှင်သူမြတ်ငါးပါးတို့အားနေ့ဆွမ်း နှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းပြီး ရေစက်သွန်းချတရားတော် များနာကြားသည်။ ထို့နောက်ဖိတ်ကြားထားသည့် ဧည့်သည်တော် များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

Read more