ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးခေါင်းဆောင်မှုနှင့်စွမ်းရည်မြှင့်တင်ရေးစကားဝိုင်းဆွေးနွေးပွဲသို့ ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းတက်ရောက်

 

ကျုံပျော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးရေးရာဆောင်ရွက်မှုအဖြစ် ယမန်နေ့ နေ့လယ်တွင် ရေစခန်း တိုက်နယ် အိုင်မကျေးရွာအုပ်စု ၌ အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဧရာဝတီ တိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီး တာဝန်ခံ ဒေါ်သက်သက်လွင်၊ သာပေါင်းမြို့နယ်မှအတွင်းရေးမှူး (ဥပဒေပညာရှင်)နှင့် အမျိုးသမီး တာဝန်ခံတို့ကဆွေးနွေးခဲ့ကြသည်။

Read more

ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ နေပြည်တော်သို့ လာရောက်လေ့လာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ဝင် ၆၅ ဦးသည် ယခုလ ၅ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိကြပြီး ညနေပိုင်းတွင် စစ်သမိုင်းပြတိုက်၊ ဆာဖာရီဥယျာဉ်နှင့် အခြားထင်ရှားကျော်စောသည့်နေရာများအား ကြည့်ရှုလေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်။

လူငယ်လေ့လာရေးအဖွဲ့သည် ယခုလ ၆ရက် နံနက် ၈ နာရီက ပါတီသင်တန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးကျော်ကျော်ဌေးအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြရာ ဗဟိုကော်မတီ အတွင်းရေးမှူး၏ မိတ်ဆက်သြဝါဒစကားခံယူခဲ့ကြသည်။

Read more

ဝက်စ်ဟမ်းနှင့် သရေကျခဲ့သော ပွဲအပြီးတွင် ကစားသမားများကို ကွန်တီ စိတ်ပျက်နေ

ဝက်စ်ဟမ်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ ကွန်တီက အခွင့်အရေးတွေ အသုံးချနိုင်ဖို့ ကစားသမားတွေအား ပြောဆိုရတာကို ငြီးငွေ့လာပြီလို့ ပြောကြားခဲ့ပါတယ်။

အခွင့်အရေးတွေ ဖြုန်းတီးခဲ့တာကလည်း ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ထိခိုက်ဖွယ် ရှိတယ်လို့လည်း ကွန်တီက ဆိုပါတယ်။

ချဲလ်ဆီးဟာ ၂၀၁၈မှာ ပရီးမီးယားလိဂ်(၃)ပွဲသာ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့ပွဲ(၂၀)မှာလည်း (၇)ပွဲ အနိုင်ရရှိခဲ့ပါတယ်။

Read more

မော်ရိုကို သဲကန္တာရထဲမှာ ကျင်းပတဲ့ ကမ္ဘာ့ အကြမ်းတမ်းဆုံး၊ အခက်ခဲဆုံးသော မာရသွန်ပြေးပွဲ

မော်ရိုကိုနိုင်ငံတောင်ပိုင်း သဲကန္တာရတစ်ခုမှာတော့ ပုံမှန် ကျင်းပနေကျဖြစ်တဲ့ မာရသွန်ပြေးပွဲတစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်မှာ အကြိမ် ၃၃ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ အဆိုပါ မာရသွန်ပြိုင်ပွဲကတော့ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး၊ အခက်ခဲဆုံးသော ပြေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲယှဉ်ပြိုင်ချိန်မှာ ပူပြင်းလွန်းလှတဲ့ နေအပူဒဏ်အောက်မှာ အံတုရင်းနဲ့ ကီလိုမီတာ ၂၅၀ ကျော် အကွာအဝေးကို ယှဉ်ပြိုင်ပြေးလွှားကြရတာဖြစ်ပါတယ်။

Read more

ဘိုင်ယန်မြူးနစ် ခြောက်ကြိမ်ဆက်တိုက် ဖလားဆွတ်ခူး

ယမန်နေ့က ကစားခဲ့သော ဥရောပပြိုင်ပွဲများတွင် ဘိုင်ယန်မြူးနစ်က ခြောက်ကြိမ်ဆက်တိုက် ဘွန်ဒက်စ်လီဂါ သရဖူကို စံချိန်တင် ဆွတ်ခူးခဲ့ပြီး ဂျူဗင်တပ်ကလည်း စီးရီးအေထိပ်ဆုံး၌ ခုနစ်မှတ်ဖြတ် ဦးဆောင်နေသည်။ လီဗာပူးက မာဆေးဆိုက်ဒါဘီပွဲတွင် သရေကျခဲ့ကာ စပါးက စတုတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့သည်။

Read more

စိုးလင်းဦးနှင့် ထိုင်းလက်ဝှေ့သမားဝီဂျစ်ပွဲတွင် အနိုင်၊ အရှုံး မပေါ်

စိုးလင်းဦးနှင့် ထိုင်းလက်ဝှေ့သမားဝီဂျစ် ယှဉ်ပြိုင်ထိုးသတ်နေစဉ်

 

ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအထူးပွဲတွင် စိုးလင်းဦး နှင့်ထိုင်းလက်ဝှေ့ကျော် ၀ီဂျစ်တို့ အကြိတ်အနယ်ထိုးသတ်ပြီး ပူးတွဲ သရေကျခဲ့သည်။

Read more

ပန်းချီပညာရှင်များကြောင့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုကိုရရှိလာသည့် အိန္ဒိယမှဘူတာရုံလေး

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟိမ၀န္တာတောင်တန်းကြီး၏တောင်ခြေရှိ တောင်ကြားဘူတာရုံလေးသည် အမေ့ခံ ဘူတာရုံလေးအဖြစ်သို့   ရောက်ရှိတော့မည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပန်းချီပညာရှင်များ၏ ကျွမ်းကျင်လှပစွာ ဖန်တီးထားသော အနုပညာလက်ရာများကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ပြန်လည် ရရှိလာခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဘီဟာပြည်နယ်အတွင်းမှ မက်ဒ်ဟူဘာနီရထားဘူတာရုံလေးကို ပြန်လည်အလှဆင်ခြင်းဖြင့် ဒေသခံပန်းချီပညာရှင် ၂၃၀ ခန့်သည် ၄င်းတို့၏ပါရမီများကို လွတ်လွတ် လပ်လပ်ချပြနိုင်ခဲ့ပြီး တစ်မူထူးသော ဂျီသြမေတြီပုံစံလက်ရာများနှင့် လှပသောအနုပညာဖန်တီးချက်များကြောင့် ကမ္ဘာလှည့်ခရီးသွားများ၏ အာရုံ ကိုပါ ဖမ်းစားထားနိုင်ခဲ့သည်။

Read more

အမေရိကန်၏ ဒဏ်ခတ်မှု ရုရှား သြဇာရှိပုဂ္ဂိုလ် ၂၄ ဦး ထိခိုက်

အမေရိကန် အစိုးရက ဧပြီ ၆ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှု အသစ်ရဲ့ ဒဏ်ကို ရုရှား သြဇာရှိပုဂ္ဂိုလ် ၂၄ ဦး ထိခိုက်ခဲ့ပါတယ်။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုစွဲချက် အပါအဝင် လုပ်ဆောင်ချက်တွေအတွက် ရုရှားကို အပြစ်ပေးဖို့ အမေရိကန်ရဲ့ ရန်လိုတဲ့လုပ်ရပ်အဖြစ် မီဒီယာတွေမှာ ဖော်ပြပါတယ်။

Read more

သူပုန်နယ်မြေကို အဆိပ်ဓာတ်ငွေ့နှင့် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရ စွပ်စွဲခံနေရ

ဘေရွတ်၊ လက်ဘနွန်၊ ဧပြီ ၉

ဆီးရီးယားနိုင်ငံအတွင်းရှိ သူပုန်များထိန်းချုပ်ရာ ဂူတာအရှေ့ပိုင်းနယ်မြေကို အစိုးရတပ်များက တနင်္ဂနွေနေ့ တွင် လေကြောင်းထိုးစစ်များဆင်နွှဲခဲ့ကြောင်း   စောင့်ကြည့်လေ့လာသူများက ပြောဆိုခဲ့သလို စနေ၊တနင်္ဂနွေ နှစ်ရက် အတွင်း အစိုးရ၏ နယ်မြေစီးနင်းတိုက်ခိုက်မှုများကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့ရပြီး ဓာတုအဆိပ် ဓာတ်ငွေ့များ ကို အသုံးပြု၍တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်တို့ဘက်မှ စွပ်စွဲကာ ဝေဖန်ရှုံ့ချခဲ့သည်။

Read more

မြောက်ကိုရီးယားမှာ နိုင်ငံခြားသားတွေပါတဲ့ မာရသွန်ပြိုင်ပွဲကျင်းပ

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ နိုင်ငံခြားသား ၄၀၀ ကျော်ပါဝင်တဲ့ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။

မြောင်ကိုရီးယား မာရသွန်အပြေးပြိုင်ပွဲဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးခေါင်းဆောင် ကင်အီဆွန်းကို အောက်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပနေတာပါ။ အဲဒီ ပွဲကျင်းပချိန်မှာ မြောက်ကိုရီးယားကို လာရောက်သူ ခရီးသွားတွေ များပြားလေ့ရှိပါတယ်။

Read more