မော်လမြိုင်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၈ ရက်နေ့ နံနက် ၁၀နာရီက မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်နှင့်ကျေးရွာများမှ ရပ်ကျေးစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် ရပ်ကွက်/ကျေးရွာများ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများမှ ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ဖယ်လိုင်နီကို ခေါ်ယူလိုသည့် အသင်းများထဲ လီဗာပူး ပါဝင်လာ

မန်ယူ ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ လီဗာပူးအသင်းလည်း ပါဝင် လာပါတယ်။

ဖယ်လိုင်နီဟာ အခုနှစ်ရာသီအကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့် ရှိနေတာပါ။

ပြင်သစ် သတင်းစာတစောင်ရဲ့ အဆိုအရ ဖယ်လိုင်နီကို လီဗာပူးအသင်းက ၃ နှစ်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ ဆိုပါတယ်။

Read more

ရီးရဲမက်ဒရစ်အသင်းနည်းပြရာထူးအတွက် ဂျာဂျင်ကလော့အား ရီးရဲအသင်းတာဝန်ရှိသူများ ပစ်မှတ်ထားနေ

စပိန်လီဂါကလပ် ရီးရဲမက်ဒရစ်အသင်းတာဝန်ရှိသူများသည် ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်၌ နည်းပြ ဇီဒန်းနှင့် လမ်းခွဲဖြစ်ခဲ့ပါက လီဗာပူးအသင်းမန်နေဂျာ ဂျာဂျင်ကလော့အား ရီးရဲအသင်း နည်းပြသစ်အဖြစ် အစားထိုးရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။

ဂျာမနီလူမျိုး မန်နေဂျာ ဂျာဂျင်ကလော့(၅၀နှစ်) ၏ လီဗာပူးအသင်းအတွက် စွမ်းဆောင်ပေးမှုများအပေါ် ရီးရဲမက်ဒရစ် အသင်းတာဝန်ရှိသူများက နှစ်သက်လေးစားမှု ရှိနေသည်ဟု ဆိုသည်။ ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းအနေဖြင့် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဘွဲ့ ကာကွယ်ပေးနိုင်ခြင်းမရှိပါက ရာထူးမှ ထုတ်ပယ်ခံ ရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသူဖြစ်သည်။

Read more

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပွဲတွင် အင်္ဂလန်ပရိသတ်များအား ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်နေ

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်အားပေးမည့် အင်္ဂလန်အသင်း ပရိသတ်များအား ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ပြုလုပ်သွားရန် ရုရှားနှင့် အာဂျင်တီးနားနိုင်ငံများမှ လူရမ်းကားဂိုဏ်းအချို့က စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ လူရမ်းကားဂိုဏ်းများသည် အင်္ဂလန်အသင်းပရိသတ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် စီစဉ်မှုများ ပြုလုပ်ရန် online မှတဆင့် အစည်းအဝေးများ ကျင်းပခဲ့သည်ဟုဆိုသည်။

Read more

ကျော်ကိုကိုရဲ့ ဒဏ်ရာအပေါ် စိတ်မကောင်းကြောင်းနှင့် အစအဆုံး တာဝန်ယူပေးမယ်လို့ ချင်းရွိုင် ဥက္ကဌ ထုတ်ဖော် ပြော

ပြီးခဲ့တဲ့ ရက်ပိုင်းက ပတ္တယားအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ချင်းရွိုင်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ် မှူး ကျော်ကိုကိုမှာ ဒူးခေါင်း ထိခိုက်မှု ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရပါတယ်။

အဆိုပါ ဒဏ်ရာကို အသင်းဆေးအဖွဲ့က ကုသမှု ပေးပြီးနောက် အနည်းဆုံး ၂၀၁၈ ခုနှစ်အကုန်အထိ အနားယူရဖို့ လိုတယ်လို့ သတင်းထုတ်ပြန် ထားခဲ့ပါတယ်။

Read more

ရုရှနှင့် အီရန် မကူညီလျှင် ဆီးရီးယားက ဓာတုတိုက်ခိုက်မှု မလုပ်နိုင်ဟု အိမ်ဖြူတော် အပြစ်ပြော

ဝါရှင်တန်၊ ဧပြီ ၁၀

ဆီးရီးယားတွင် အရပ်သားများအား ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်းတွင် အိမ်ဖြူတော်က အီရန်နှင့် ရုရှတို့ကို အပြစ်ဆိုလက်ညိုးထိုးသည်။

ဆီးရီးယားအစိုးရအနေဖြင့် ထိုသို့သော ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုမျိုးကို ရုရှနှင့် အီရန် အကူအညီမပါဘဲ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း အိမ်ဖြူတော်က ဧပြီ ၉ ရက်တွင် ကောက်ချက်ချ ပြောဆိုသည်။

Read more

ထိုင်ဝမ်ကို ရေငုပ်သင်္ဘော ဆောက်လုပ်တဲ့ နည်းပညာ ရောင်းချခွင့် လိုင်စင်ပေးတာကို တရုတ် ကန့်ကွက်

ထိုင်ဝမ်ကို အမေရိကန် ကုမ္ပဏီတွေက ရေငုပ်သင်္ဘောဆောက်လုပ်နိုင်တဲ့ နည်းပညာရပ် ရောင်းချခွင့် လိုင်စင် ပေးလိုက်တဲ့အတွက် တရုတ်နိုင်ငံက မနေ့က ကန့်ကွက်လိုက်ပါတယ်။

Read more

ကင်ဂျုံအန်းနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိကြောင်း ဒေါ်နယ်ထရမ့် ပြော

Photo: Donald J. Trump – facebook

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နဲ့ လာမယ့် မေလ သို့မဟုတ် ဇွန်လ အစောပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က မနေ့က ပြောပါတယ်။

Read more

ဖေ့စ်ဘွတ်ခ်အကြီးအကဲ ဇူကာဘက် အမေရိကန်လွှတ်တော်အမတ်များနှင့် တွေ့မည်

နိုင်ငံရေး အတိုင်ပင်ခံ အဖွဲ့တစ်ဖွဲ့က ဖေ့စ်ဘွတ်ခ်အသုံး ပြုသူများ၏ အချက်အလက်များ အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန်လွှတ်တော် ကြားနာမှုတွင် ထွက်ဆိုချက်မပေးမီ တစ်ရက်၌ ဖေ့စ်ဘွတ်ခ်စီအီးအိုမာ့ခ် ဇူကာဘက်က ကန်လွှတ်တော် အမတ်အချို့နှင့် တွေ့ဆုံဆွေးနွေးမည်ဟု လွှတ်တော်အရာရှိနှစ်ဦး က ပြောသည်။

Read more

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲဆုရစာပေပညာရှင်များဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

Read more