မြောက်နှင့် တောင် ကိုရီးယားနှစ်နိုင်ငံ သမိုင်းတင် ထိပ်သီးအစည်းအဝေး စတင်

ပြုံယမ်း၊ ဧပြီ ၂၇

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် ဧပြီ ၂၇ ရက်တွင် သမိုင်းတင် ထိပ်သီးဆွေးနွေးမှုကို စတင်သည်။

နှစ်နိုင်ငံကြား ခွဲခြားထားသော စစ်မဲ့ဇုန်တွင် နှစ်ဦးအတူ လက်ဆွဲနှုတ်ဆက်ကြပြီးနောက် သမိုင်းတွင်မည့် ထိပ်သီးအစည်းအဝေးကို စတင်ခြင်းဖြစ်သည်။

Read more

အိန္ဒိယရှိ ပြည်နယ်တစ်ခုတွင် ၁၃ နာရီအတွင်း ၃၆၇၄၉ ကြိမ် မိုးကြိုးပစ်

အိန္ဒိယနိုင်ငံမှ ပြည်နယ်တစ်ခုတွင် စံချိန်တင် အရေအတွက်အဖြစ် ၁၃ နာရီအတွင်း မိုးကြိုး အကြိမ်သုံးသောင်းခွဲ ကျော် ပစ်ချခဲ့ကြောင်း သိရသည်။

ဧပြီ ၂၄ ရက်က ၁၃ နာရီကြာ ကာလအပိုင်းအခြားအတွင်း ရာသီဥတု ဆိုးရွားမှုနှင့်အတူ မိုးကြိုးများ အကြိမ်ကြိမ် ပစ်ခဲ့ကြောင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ်မှ မိုးလေဝသ ပညာရှင်များက ဆိုသည်။ ထိုအချိန်ပိုင်းအတွင်း အိန္ဒိယတောင်ပိုင်း ပြည်နယ်၌ စုစုပေါင်း ၃၆၇၄၉ ကြိမ်ထိ မိုးကြိုးပစ်ချခဲ့သည်။

Read more

ဂရိ၌ ထောက်ပံ့ကြေးငွေ လျှော့ချမှုအစီအစဉ်အသစ်ကို ပင်စင်စားများ ဆန္ဒပြ

အေသင် ဧပြီ ၂၆

ဂရိနိုင်ငံ၌ ပင်စင်စား ထောင်ပေါင်း များစွာတို့သည် ဗုဒ္ဓဟူးနေ့က အေသင် မြို့တော်ရှိ လမ်းများပေါ် ချီတက်စုဝေး ကာ ဂရိနိုင်ငံ၏ နိုင်ငံတကာငွေချေးသူ များထံမှ ငွေကြေးအထောက်အကူပေးမည့် သဘောတူညီချက်များအရ ၂ဝ၁၉ ခုနှစ်အတွက် လျာထားသည့် လုပ်ခလစာ လျှော့ချသွားမည့် အစီအစဉ်သစ်ကို ဆန္ဒပြဆန့်ကျင်ခဲ့ကြ ကြောင်း သိရသည်။

Read more

F-35 တိုက်လေယာဉ်များ တူရကီထံ မရောင်းချတော့ရန် အမေရိကန် လွှတ်တော် ဆုံးဖြတ်

တူရကီသို့ F-35 အဆင့်မြင့် ကိုယ်ပျောက် တိုက်လေယာဉ်များ မရောင်းချစေရန် တားမြစ်လိုသော အဆိုကို အမေရိကန် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

အစောပိုင်းက ပဉ္စမမျိုးဆက် အဆင့်မြင့် ဂျက်တိုက်လေယာဉ်များကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ၏ ပူးပေါင်း ရန်ပုံငွေဖြင့် တည်ဆောက် ထုတ်လုပ်ခဲ့ရာ၌ တူရကီလည်း အပါအဝင် ဖြစ်ခဲ့သည်။ သို့သော် NATO မဟာမိတ် အုပ်စုဝင် နိုင်ငံတစ်ခုဖြစ်သည့်တိုင် တူရကီသည် ရုရှားနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်လာခြင်း ကြောင့် အမေရိကန် နိုင်ငံရေးသမားများက F-35များ တူရကီထံ ရောင်းချမပေးတော့ရန် အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

Read more

ကျောက်ဆည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ (၁၁)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံထေရ်ကြီး- ဝါကြီးပူဇော်ပွဲအခမ်းအနား တက်ရောက်ကြည်ညို

 

ကျောက်ဆည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်မြို့နယ်ကော်မတီဝင်များ သည် ယနေ့ (၂၆-၄-၂၀၁၈)နံနက် (၈း၀၀)နာရီအချိန် တွင် ကျောက်ဆည်မြို့ ဖောင်ရွာ-ရွာသစ် (နေလသုခဗိမာန်တော်)၌ နှစ်စဉ်ကျင်းပသော မြို့နယ်အတွင်း သီတင်းသုံးတေည်မူကြသည့် သိက္ခာတော် (၅၅)ဝါအထက် သက်တော်ရှည် ဆရာတော်ကြီး ( ၂၄)ပါးတို့အား ပူဇော်သည့် (၁၁)ကြိမ် မြောက် ဂိုဏ်းပေါင်းစုံ ထေရ်ကြီး-ဝါကြီး ပူဇော်ပွဲ အခမ်းအနားကို တက်ရောက်၍ ကြည်ညိုသဒ္ဒါ ပွားများခဲ့ပါသည်။

Read more

မတ္တရာမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

Read more

ကျောက်​ပန်း​တောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​ညီလာခံအကြို လူငယ်​​တွေဆုံပွဲကျင်းပ

 

(၂၅-၄-၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ​ကျောက်​ပန်း​တောင်းမြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲအခမ်းအနား
ပြုလုပ်ခဲ့ရာ မန္တ​လေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်း​ဌေး​ညောင်​ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်​ဝင်းခရိုင်ကော်မတီဝင်များ၊ ​ကျောက်​ပန်း​တောင်းမြို့နယ်ပါတီဥက္ကဌ ဦးဝင်းမြင့်​အတွင်းရေးမှူး ဦး​နေလင်းနှင့်​​ကော်မတီဝင်များ၊​ညောင်​ဦးခရိုင်​နှင့်​မြို့နယ်​မှပြည်​ခိုင်​ဖြိုးပါတီမှဥက္ကဌနှင့်​​ကော်​မတီများ​ကျောက်​ပန်း​တေင်း မြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာအသီးသီးမှ လူငယ်အင်အား (၂၀၀) ဦး စုစုပေါင်းအင်အား (၂၃၀)ဦးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို တက်ရောက်လာသူများမှ နိုင်ငံတော်အလံ အလေးပြုခြင်း နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးဝင်းမြင့်​ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
၎င်းနောက်အခမ်းအနား အစီအစဉ်များအရ တက်ရောက်လာသည့်လူငယ် များမှ အစုအဖွဲ့ (၂) ဖွဲ့ခွဲ၍ နိုင်ငံရေး၊ စည်းရုံးရေးခေါင်းစဉ်များဖြင့်ဆွေးနွေးခြင်း တွေ့ရှိချက်များအား မှတ်တမ်းတင်ခြင်း စာတမ်းပြုစုခြင်းများဆောင်ရွက်​ခဲ့ကြပြီး လူငယ်လှုပ်ရှားမှု အဖွဲ့ (၇) ဖွဲ့အတွက် တက်ရောက်လာသည့်လူငယ်အဖွဲ့ဝင်များကဆန္ဒမဲပေးရွေးချယ်ခြင်းနှင့်​ တိုင်းဒေသကြီးလူငယ်နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခွင့်ရရှိသည့် လူငယ်အဖွဲ့ဝင်များအမည်စာရင်းအား ဖတ်ကြားကြေငြာခြင်းတို့အားဆောင်ရွက်ခဲ့ကြပါသည်​။

Read more

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကျင်းပ

 

ဝက်လက် ဧပြီ ၂၅

ရွှေဘိုမြို့နယ်ပါတီရုံး၌ ရွှေဘို မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ် ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲကို အပိုင်းလေးပိုင်းဖြင့် ယနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

ပထမပိုင်းတွင် နိုင်ငံတော်အလံ အားအလေးပြုခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်း၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် မြို့နယ်လူငယ် တာဝန်ခံဦးသိန်းနိုင်ဝင်းက ကျင်းပ မည့်အစီအစဉ်များအားရှင်းလင်း တင်ပြကြသည်။ ဒုတိယပိုင်းတွင် နိုင်ငံရေးကဏ္ဍနှင့်စည်းရုံးရေးကဏ္ဍ ခေါင်းစဉ်တို့ကို အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဖတ်ကြားတင်သွင်းခြင်းများ ဆောင် ရွက်ခဲ့ကြသည်။

Read more