လိဒ်စ်ယူနိုက်တက်နှင့် မြန်မာအသင်း ခြေစမ်းပွဲ လက်မှတ်များ ကြိုတင်ရောင်းချမည်

ဓာတ်ပုံ-MFF

ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ကျင်းပမည့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်နှင့် မြန်မာအသင်းများ ခြေစမ်းပွဲအတွက် လက်မှတ်များ ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြော သည်။ 

Read more

Pllicer Tero အသင်းမှာ သွင်းဂိုး(၇)ဂိုးနဲ့ အကောင်းဆုံးကစား သမားဆု၎ကြိမ်အထိ ရရှိထားခဲ့ပြီ ဖြစ်တဲ့ အောင်သူ

တိုယိုတာထိုင်းလိဂ်ပွဲစဉ် တွေကို ယမန်နေ့က ဆက်လက် ကစားသွားခဲ့ရာမှာ အောင်သူ ပါဝင်နေတဲ့ Police Tero က ပတ္တယား ယူနိုက်တက်အသင်းကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ အိမ်ရှင် Police Tero အသင်းက ဦးဆောင်ဂိုးသွင်းယူ နိင်ခဲ့ပေမယ့် ပတ္တယား အသင်း က ၂ဂိုးသွင်းယူခဲ့လို့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

Read more

ဒေါ်လာ ဘီလီယံပေါင်းများစွာတန် အပန်းဖြေစခန်းကို ဆော်ဒီအာရေဗီးယားမှာ ဖွင့်လှစ်

ဆော်ဒီအာရေဗီယားဘုရင်ဆယ်လ်မန် နဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် တို့ဟာ ကြီးမားကျယ်ပြန့်တဲ့ အပန်းဖြေစခန်း Qiddiya ဖွင့်ပွဲကို ဧပြီ ၂၈ ရက်နေ့က တက်ရောက်ခဲ့ကြပါတယ်။

ထိုပန်းဖြေစခန်းကို စီးပွားရေးအခွင့်အလမ်းတွေ တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ဖွင့်လှစ်တာဖြစ်ပါတယ်။
မြို့တော် Riyadh ကနေတစ်နာရီခန့်သွားရင် ရောက်ပြီဖြစ်တဲ့ Qiddiya ကို ၃၃၄ စတုရန်းကီလိုမီတာ (ဧက-၈၄၀၀) ရှိတဲ့ မြေနေရာမှာ ဆောက်လုပ်ထားတာဖြစ်ပြီး Disney world အရွယ်အစားထက် နှစ်ဆကျော်ခန့် ကျယ်တယ်လို့သိရပါတယ်။

Read more

နျူကလီးယားစမ်းသပ်စခန်းများ ပိတ်သိမ်းမှုကို အမေရိကန်ပညာရှင်များအား ဖိတ်ခေါ်ပြသရန် ပြုံယမ်းစီစဉ်

ဆိုးလ်၊ တောင်ကိုရီးယား၊ ဧပြီ ၃၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းသည် လာမည့်လတွင် ၄င်းတို့၏ နျူကလီးယားစမ်းသပ်သည့် စခန်းများ ပိတ်သိမ်းမှုကို လေ့လာကြည့်ရှုရန်အတွက် အမေရိကန်ကျွမ်းကျင် ပညာရှင်များနှင့် သတင်းထောက် များကို ဖိတ်ခေါ်သွားမည်ဟု ကတိပေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

Read more

ကူဝိတ်သို့ ဖိလစ်ပိုင်အလုပ်သမားစေလွှတ်မှုအား အပြီးတိုင်ပိတ်ပင်လိုက်ပြီဟု ဒူတာတေးကြေညာ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကူဝိတ်နိုင်ငံသို့ ဖိလစ်ပိုင်အလုပ်သမားများစေလွှတ်မှုအား အပြီးတိုင် ပိတ်ပင်လိုက်ပြီဟု ကြေညာခဲ့ပြီး ယင်းနိုင်ငံအတွင်း၌ အလုပ်လုပ်နေကြသူများကို မိခင်နိုင်ငံသို့ပြန်လာဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံတော်သတင်းမီဒီယာက တနင်္ဂနွေနေ့တွင် တင်ပြခဲ့သည်။

ဒူတာတေးသည် ယင်းကြေညာချက်ကို ၃၂ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲကို တက်ရောက်ရန်အတွက် စင်္ကာပူသို့ရောက်ရှိနေချိန် စင်္ကာပူနိုင်ငံ၌နေထိုင်ကြသော ဖိလစ်ပိုင်လူမျိုးများနှင့် တွေ့ဆုံခဲ့ပြီး မိန့်ခွန်းပြောကြား စဉ်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Read more

ဗြိတိန် ပြည်ထဲရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်

ဧပြီ ၃၀

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများအရေး အရှုပ်တော်ပုံကိစ္စတစ်ခုနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံခဲ့ရပြီးနောက် ယခုအခါ ဗြိတိန် ပြည်ထဲရေးဝန်ကြီး အမ်ဘာ ရုဒ် ဧပြီ ၂၉ ရက်က ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင်းကနေ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ရေး ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင် လွဲမှားစွာ ထွက်ဆိုခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမ်ဘာ ရုဒ် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

Read more

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မော်စကိုမြို့တွင် အရက်သေစာရောင်းချခြင်း မပြုရန် ပိတ်ပင်

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမြို့တွင် အရက်သေစာရောင်းချခြင်းမပြုရန် အာဏာပိုင်များက ပိတ်ပင်တားမြစ်မှုပြုလုပ် ထားသည်ဟု ဆိုသည်။

အရက်သေစာဝယ်ယူလိုသူများအနေဖြင့် ဘောလုံးကွင်းများနှင့် သတ်မှတ်ထားသည့် ပရိသတ်စုဝေးရာဇုန်များတွင် သာ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read more

ကျွန်တော်ထားတဲ့ လေးစားမှုရဲ့ ၅၀%ပဲ ပြန်လေးစားမှုပေးရင် သူနဲ့ ကျွန်ေတာ်မိတ်ဆွေဖြစ်နိုင်ပါတယ်

မန်ယူနည်းပြမော်ရင်ညိုက အနာဂတ်တွင် အာစင်ဝင်းဂါးနှင့် မိတ်ဆွေဖြစ်နိုင်သည်ဟု ဆိုလိုက်သည်။ မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့မှာ ပရီးမီးယားလိဂ်တွင် ပြင်းထန်သည့်ပြိုင်ဆိုင်မှုများနှင့် ကြီးမားသည့် ရန်သူများအဖြစ် မကြာခဏထိပ်တိုက်တွေ့ဆုံခဲ့သည့်သမိုင်းများ ရှိခဲ့ကြသည်။

Read more

ဆာလက်အတွက် ပေါင်သန်း ၂၀၀ ပေးလျှင်လည်း လီဗာပူး ရောင်းချဖွယ်မရှိ

ပေါင်သန်း ၂၀၀ ပေးရင်တောင် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ခေါ်ယူနိုင်ဖို့ မသေချာဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို လီဗာပူးအသင်းက တုံ့ပြန်လိုက်ပါတယ်။

လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ဂိုးထိ သွင်းယူထားတဲ့ ဆာလက်ကို အန်ဖီးလ်ရဲ့ အမှတ်သင်္ကေတ တခုအဖြစ် သတ်မှတ်နေကြပြီး ကမ္ဘာ့ဘောလုံးလောကမှာ အတောက်ပဆုံး ကြယ်ပွင့်အဖြစ် ချီးကျူးနေကြပါတယ်။

Read more

မြန်မာယူ-၂၁အသင်း အကြိုဗိုလ်လုပွဲတက်ပါက ရုပ်သံမှ တိုက်ရိုက်ပြသရန် အဖွဲ့ချုပ်ကြိုးပမ်း

ယူ-၂၁ ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်းအသင်းယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − FA Thailand)

 

ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၂၁အသင်း အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ပါက ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန်  ကြိုးပမ်းနေကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက် က ပြောသည်။

Read more