လူမည်းစားသုံးသူကို ငွေကြိုတောင်းခဲ့တဲ့ စားသောက်ဆိုင် ဒဏ်ရိုက်ခံရ

လူဖြူလူမည်းခွဲခြားဆက်ဆံခဲ့တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ကနေဒါ လူအခွင့်ရေးခုံရုံးက ဒဏ်ရိုက်ခဲ့တယ် လို့သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရန်တိုမြို့  Chinatown မှာရှိတဲ့ Hong Shing တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို ကနေဒါသုံး ငွေ၁၀၀၀၀ (ဒေါ်လာ ၈၀၀၀) ဒဏ်ငွေချမှတ်ခဲ့ပါတယ်။

Read more

ဒိုမေနီကန်နိုင်ငံ ထိုင်ဝမ်နဲ့ကြား အဆက်အသွယ်ဖြတ်

ကာရစ်ဘီယံ ဒေသနိုင်ငံတစ်ခုဖြစ်တဲ့ ဒိုမေနီကန်က တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ထူထောင်လိုက်ပြီး၊ ထိုင်ဝမ်နဲ့ကြား အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ တရုတ်ပြည်မကြီး အင်အားကြီးထွားပြီး စိုးမိုးနေရာယူလာတာရဲ့ တိုက်ရိုက် အကျိုးဆက်တစ်ခုအနေနဲ့ တိုင်ဝမ်ကျွန်းကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ နိုင်ငံတစ်ခု ထပ်မံ လျော့ကျသွားတာ ဖြစ်ပါတယ်။

Read more

ကင်မ်နှင့်သူ၏ တွေ့ဆုံပွဲ၏ အသေးစိတ်အချက်အလက်ကို ရက်ပိုင်းအတွင်း ကြေညာမည်ဟု ထရမ့်ပြောဆို

ဝါရှင်တန်၊ အမေရိကန်၊ မေ ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့် တွေ့ဆုံမည့်သူ၏ သမိုင်းဝင်ထိပ်သီးစည်းဝေးပွဲကြောင့်   နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိနိုင်သည်ဆိုသော ပြောဆိုချက်များအပေါ် ကျေနပ်ပီတိဖြစ်လျက်ရှိပြီး ဆွေးနွေးပွဲကျင်းပမည့်နေရာနှင့် အချိန်ကို အသေးစိတ်ကြေညာသွားမည်ဟု အင်္ဂါနေ့ တွင် ပြောဆိုခဲ့သည်။

“နိုဘယ်ငြိမ်းချမ်းရေးဆုလား။ ဒီဆုပေးသင့်တယ်လို့ အကြံပေးခဲ့တဲ့ သမ္မတမွန်းဂျေးအင်က အရမ်းဖြောင့်မတ်သူ တစ်ဦးဖြစ်ပါတယ်” ဟု ထရမ့်က တောင်ကိုရီးသမ္မတမွန်းကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

Read more

အီရန်အပေါ် အစ္စရေးစွပ်စွဲချက် အီးယူ သံသယရှိ

အီရန်နိုင်ငံက သူ့ရဲ့ Nuclear အစီအစဉ်နဲ့ပတ်သက်လို့ ဗြောင်ညာနေတယ်လို့ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့က အထောက်အထားတွေ ပြခဲ့တဲ့အပေါ် ဥရောပသံတမန်တွေက တော်တော်လေး သံသယရှိနေကြပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့ တင်ပြချက်တွေအတွင်း ၂၀၁၅ ခုနှစ်က အီရန်နဲ့ နိုင်ငံတကာရရှိထားတဲ့ သဘောတူညီချက်ကို ဖျက်ဖို့လည်း အမေရိကန်သမ္မတ Donald Trump ကိုသူက တိုက်တွန်းခဲ့တာပါ။ ဒီပြောကြား တင်ပြချက်တွေဟာ အိမ်ဖြူတော်နဲ့ အစ္စရေးဝန်ကြီးချုပ်တို့ ဇတ်တိုက်ပြီးလုပ်တယ်လို့ အမေရိကန်ရဲ့ မဟာမိတ်ဥရောပနိုင်ငံတွေက သံသယဝင်နေကြပါတယ်။

Read more

နိုင်ငံ့ဝန်ထမ်း တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည်

နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ်ပေးရန် ၂၀၁၈ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၈) ၌ အတည်ပြုဆုံးဖြတ်ခဲ့ပြီး တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစား ခွင့်ရှိမည်ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၈ ဖြင့် ထုတ်ပြန်သည်။

Read more

မြန်မာ- ဗီယက်နမ် ယဉ်ကျေးမှု ပူးပေါင်းဖျော်ဖြေပွဲ ရန်ကုန်တွင် ကျင်းပ

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် ‘Honoring brands in cultural activities and international integration ဖျော်ဖြေပွဲကို ဧပြီလ ၂၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံယဉ်ကျေးမှုအနုပညာအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှုအနုပညာအဖွဲ့တို့ ပူးပေါင်း ဖျော်ဖြေတင်ဆက် ခြင်းဖြစ်ပြီး မြန်မာ – ဗီယက်နမ် တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် Cultural Cooperation Program (2017- 2020) အရ အဆိုပါဖျော်ဖြေပွဲကို ကျင်းပရခြင်းဖြစ်သည်။

Read more

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်ရေး သေချာလုပ်ဆောင်ဖို့ ASEAN တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် တဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ၊ နေရပ်ကို ဂုဏ်သိက္ခာ ရှိရှိနဲ့ ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က တိုက်တွန်း သွားပါတယ်။ အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးဆွေးနွေးပွဲရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း စင်္ကာပူ ၀န်ကြီးချုပ်က အခုလိုပြောသွားတာပါ။

Read more

လူငယ်​ညီလာခံအကြိုလူငယ်​နှီး​နှောဖလှယ်​ပွဲ ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်​ ပြုလုပ်

Read more