Goal.com (Thai) မှ ရွေးချယ်သည့် ဧပြီလ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ အောင်သူ

ပူလစ်တယ်ရိုအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းနိုင်ငံ အခြေစိုက် Goal.com က ရွေးချယ်တဲ့ ထိုင်းပရီးမီးယားလိဂ်ရဲ့ ဧပြီလအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ အသက် (၂၂) နှစ် အရွယ်ရှိ တိုက်စစ်မှူး အောင်သူဟာ ဒီဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီးတော့ အချိန်တိုအတွင်းမှာပဲ ထိုင်းလိဂ်မှာ ခြေစွမ်းပြပြီး အောင်မြင်လာတဲ့ ကစားသမား ဖြစ်လာတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။

Read more

တွစ်တာသုံးစွဲသူများ လျှို့ဝှက်နံပါတ်ပြောင်းကြရန် တိုက်တွန်း

တွစ်တာသုံးစွဲသူ သန်း ၃၃၀ ကျော်အနေနဲ့ အသုံးပြုနေကျ လျှို့ဝှက်နံပါတ်တွေကို ပြောင်းကြဖို့ မေလ ၃ ရက်နေ့မှာ တွစ်တာကုမ္ပဏီက တိုက်တွန်းလိုက်ပါတယ်။

တွစ်တာရဲ့ ကွန်ပျူတာအတွင်းပိုင်းစနစ်မှာ ဖတ်လို့ရတဲ့ စာသားတွေကို သိုလှောင်တဲ့ နေရာတချို့မှာ ချို့ယွင်းချက် ဖြစ်ခဲ့တာကြောင့် ကုမ္ပဏီဘက်က အခုလို တိုက်တွန်းလိုက်တာပါ။

Read more

“လိင်ဖျော်ဖြေရေးမယ် နှုတ်ပိတ်ခ သမ္မတ ထုတ်ပေးခဲ့” နယူးယောက်မြို့တော်ဝန်ဟောင်း

နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ၂၀၁၆က တွေ့ဆုံခဲ့ကြစဉ်က သတင်းဓာတ်ပုံ။

အမေရိကန်သမ္မတ Donald Trump နဲ့ ၂၀၀၆ ခုနှစ်တုန်းက ဇာတ်လမ်းရှိခဲ့ဖူးတယ်လို့ စွပ်စွဲထားတဲ့ လိင်ဖျော်ဖြေရေး သရုပ်ဆောင် အမျိုးသမီးကို နှုတ်ပိတ်တဲ့အနေနဲ့ ပေးခဲ့တဲ့ ဒေါ်လာ တသိန်းသုံးသောင်းကို သမ္မတက သူ့ရဲ့ရှေ့နေကို ပြန်ထုတ်ပေးခဲ့ကြောင်း နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani ကပြောလိုက်ပါတယ်။

Read more

MH 370 လေယာဉ်ပျောက်ရှာရင်း တွေ့ ခဲ့တဲ့ ရေအောက်သင်္ဘောပျက်နှစ်စီး

ပျောက်ဆုံးနေသော MH 370 လေယာဉ်ရှာဖွေစဉ်က တွေ့ရှိခဲ့တဲ့ သင်္ဘောပျက် နှစ်စီးဟာ ကျောက်မီးသွေးတွေ သယ်ဆောင်လာတဲ့ ၁၉ ရာစုက ကုန်တင်သင်္ဘောဖြစ်ပြီးလူပေါင်း ၃၀ အထိ လိုက်ပါလာပုံရတယ်လို့ မေလ ၃ ရက်နေ့မှာအတည်ပြုနိုင်ခဲ့ပါတယ်။

ခရီးသည်ပေါင်း ၂၃၉ ဦးနှင့်အတူ ကွာလာလမ်ပူကနေ ပေကျင်းကို ပျံသန်းလာခဲ့တဲ့မလေးရှား လေကြောင်းလိုင်း လေယာဉ်တစ်စီးဖြစ်တဲ့ MH370 ဟာ ၂၀၁၄ ခုနှစ်က ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပါတယ်။

Read more

သဲမုန်တိုင်းနဲ့ မိုးကြိုးပစ်မှုတွေကြောင့် အိန္ဒိယမှာ ၁၁၆ ဦးသေဆုံး၊ ၂၅ဝ ကျော် ထိခိုက်ဒဏ်ရာရ

အိန္ဒိယနိုင်ငံတဝှမ်း သဲမုန်တိုင်းနဲ့ မိုးကြိုးပစ်မှုတွေကြောင့် အခုထိ အနည်းဆုံး လူ ၁၁၆ ဦးသေဆုံးခဲ့ပြီး၊ ၂၅ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Read more

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီရှေ့လုပ်ငန်စဉ်များဆွေးနွေး

 

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်စိုးတို့သည် ယနေ့ နံနက် (၁၀) နာရီတွင် ညောင်ပင်သာကျေးရွာ ပါတီကော်မတီဝင်များဖြင့်တွေ့ဆုံ ၍ လက်ရှိနိုင်ငံရေးအခြေအနေ၊ ပါတီရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Aung Thut Ta Han


Read more

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

ယနေ့ ၃-၅-၂၀၁၈ ရက်နေ့ နံနက်(၁၀း၃၀)နာရီ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် အစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီနာယက ဦးတောရယ် ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင် များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးမော်ရယ် ဦးအောင်နိုင်ဦး ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေး တို့ တက်ရောက်ကြောင်း သိရှိရသည်။

Read more

သင်္ဃန်းကျွန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ပေး

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်သင်္ဃန်းကျွန်းမြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန် ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် ရပ်ကွက်နေ အများပြည်သူတို့၏ တောင်းဆိုမှု အရ ယမန်နေ့ ညနေ ၅ နာရီ မှ ၆ နာရီခွဲအထိ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ခြင်ဆေးပက်ဖျန်းပေးခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီမှပန်းတောင်းမြို့နယ်အတွင်း သောက်သုံးရေလှူဒါန်း

 

ပန်းတောင်း မေ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြည်ခရိုင်ကော် မတီဝင် ဦးသောင်းထွန်းနှင့် ပန်းတောင်းမြို့နယ်ကော်မတီ ဝင်များသည် ယနေ့နံနက်ပိုင်း က မြို့နယ်အတွင်း သောက် သုံးရေရှားပါးမှုဖြစ်ပေါ်နေသည့် ရွှေညီနောင်အုပ်စု ရေမနောက် ကျေးရွာသို့ သွားရောက်ကာ သောက်ရေသန့်ဘူးကြီးများသွား ရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။

သူရအောင်(ပြည်)

Read more