နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ပါက နောင်တရလိမ့်မည်ဟု အမေရိကန်ကို အီရန်သတိပေး

တဟီရန်၊ အီရန်၊ မေ ၇

အီရန်သမ္မတ ဟတ်ဆန်ရော်ဟာနီက အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အစိုးရနှင့်အတူထားရှိထား သော နျူကလီးယားသဘောတူညီချက်မှ   နှုတ်ထွက်ခဲ့ပါက နောင်တအကြီးကြီး ရလိမ့်မည်ဟု တနင်္ဂနွေနေ့က သတိပေးခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လာမည့်မေလ ၁၂ ရက်နေ့တွင် သဘောတူညီမှုကို သက်တမ်းတိုး သည့်အချိန်တွင် နှုတ်ထွက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားခဲ့ပြီး သူ၏ ဥရောပမဟာမိတ်များအနေဖြင့် ဆိုးရွားသော အမှားကြီးကို ပြင်ဆင်ပေးရန်နှင့် ထိုသို့မဟုတ်ပါက သူ့အနေဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ် သွားရလိမ့်မည်ဟု ပြောဆိုထားခဲ့သည်။

Read more

လုပ်ကြံခံရတဲ့ ပါကစ္စတန် ဝန်ကြီး မစိုးရိမ်ရ

လာဟိုး က ဆေးရုံဆီ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ရတဲ့ ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal

ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal ဟာ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက် သွားခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် က လူထုစည်းဝေးပွဲက အထွက်မှာ မစ္စတာ အစ်ဂ်ဘာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

Read more

ဖိအားပေးမှုများသည် နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် အကျိုးပြုမည်မဟုတ်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ပြောကြား

ပြုံယမ်း မေ ၆

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက်ကင်းစင် ပပျောက်စေရေးအတွက် အမေရိကန် နှင့် ဂျပန်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံအား ဖိအားများပေးမှုအပေါ် မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်တွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အထက်ပါအရေးနှင့် ပတ်သက်ပြီး ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

Read more

ကာမိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ဖွင့်လှစ်သည့် အိမ်တွင်းလက်မှုပညာသင်တန်းဆင်း

ဖားကန့်၊ မေ ၆       

ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ သင်တန်းကာလ သုံးရက်ကြာဖွင့်လှစ်ခဲ့ သည့် အိမ်တွင်းလက်မှုပညာသင်တန်း အမှတ်စဉ် (၂/၂ဝ၁၈) ဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲသို့ ကာမိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်၊ မြို့နယ် ပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးကျော်မျိုးဦးနှင့် အရန်ကော်မတီဝင် ဦးနော်ဂျာ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းဆင်းပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်က အမှာစကားပြောကြားပြီး သင်တန်းသူများပြုလုပ်ထားသည့် အိမ်တွင်း လက်မှုပစ္စည်းများကို ကြည့်ရှုအားပေးကာ အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကြသည်။

Read more

အခြေခံမော်တာနင်း အခမဲ့စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဖွင့်လှစ်

ကျောက်တန်း၊ မေ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သောအခြေခံမော်တာနင်း အခမဲ့ စက်ချုပ်သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ်ဖ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ချောင်းဦး၊ မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် ရပ်မိ/ ရပ်ဖ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

Read more

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဒလမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ်များအား တွေ့ဆုံ

ရန်ကုန်၊ မေ ၆

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဒလမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ်များအား တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဓနုတ်စံပြကျေးရွာ၌ပြုလုပ်ခဲ့ရာ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်သူလယ်သမားများနှင့်ဆိုင်သော ပါတီ၏ချမှတ်ထား သည့် မူဝါဒလမ်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

Read more

ဥရောပအဆင့်ကထွက်လိုက်ရပြီး အာဆင်နယ်ကို နှုတ်ဆက်ရတော့မှာဖြစ်လို့ အရမ်းဝမ်းနည်းမိတယ်လို့ ၀င်းဂါးပြော

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက သူ့ရဲ့ အာဆင်နယ်နည်းပြဘ၀မှာ ဥရောပအဆင့်ဆုဖလားမရဘဲ လမ်းခွဲရတော့မယ့်အပေါ် အရမ်းကိုဝမ်းနည်းစိတ်ပျက်ရတယ်လို့ ပြောလိုက်ပါတယ်။

အာဆင်နယ်ဟာမနေ့ညက အက်သလက်တီကိုအသင်းကို ၁-၀ နဲ့ရှုံးပြီး ယူရိုပါလိဂ်ဆီမီးကနေ ထွက်လိုက်ရလို့ ၀င်းဂါးဟာ အာဆင်နယ်နည်းပြဘ၀ကို ဥရောပဖလားမရဘဲ အဆုံးသတ် ရတော့မှာဖြစ်ပါတယ်။

ဒီပွဲအပြါ်မှာ ၀င်းဂါးက”‘ဒီလိုထွက်ရမှုနဲ့ လမ်းခွဲရတော့မှာဖြစ်လို့ အရမ်း၊အရမ်းကို ၀မ်းနည်းရလို အရမ်းလည်း စိတ်ပျက်ရပါတယ်။

Read more

လိုင်စင်မရလို့ လက်ဝှေ့ထိုးသတ်ဖို့အစီအစဉ်ကို ဖာဒီနန် စွန့်လွှတ်

မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ လက်ဝှေ့ထိုးသတ်ခွင့် လိုင်စင်မရတဲ့အတွက် ဒီအားကစားနည်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် ထိုးသတ်ရေးစီစဉ်ထားမှုကို စွန့်လွှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဖာဒီနန်ဟာ ဘောလုံးကစာခြင်းကနေ အနားယူပြီးနောက် လက်ဝှေ့ထိုးဖို့အတွက် ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကတည်း ကလေ့ကျင့်မှုတွေ ပြုလုပ်ပြီးတစ်ပတ်ကို ၄ကြိမ်ကနေ ၅ ကြိမ်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Read more

ဘောလုံးပွဲကြည့်ဖို့ ယောကျာ်းလေးပုံရုပ်ဖျက်သွားတဲ့ အီရန်အမျိုးသမီး (၅)ဦး

အီရန်က ဘောလုံးကွင်းထဲမှာ အမျိုးသားပုံရုပ်ဖျက်လာတဲ့ အမျိုးသမီး ၅ယောက်ရဲ့ ဓာတ်ပုံက လူမှုကွန်ယက်မှာ ပြန့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက တဟီရန်နိုင်ငံ အဇာဒီဘောလုံးကွင်းမှာကျင်းပတဲ့ ပါရှန်ပင်လယ်ကွေ့ပရိုလိဂ်ပွဲမှာ  Persepolis  အသင်းကို သွားအားပေးဖို့ အမျိုးသမီး ၅ယောက်ဟာ ဆံပင်အတု၊ မုဆိတ်အတုတွေနဲ့ ရုပ်ဖျက်ပြီး ကစားကွင်းထဲကို ၀င်ခဲ့တာဖြစ်ပါတယ်။

Read more