စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှိးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီက မုံရွာမြို့ မြစန္ဒာခန်းမတွင် ကျင်းပသည်။

Read more

ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆာလက်ရရှိ

လီဗာပူးတိုက်စစ်မှူး ဆာလက်သည် မန်ယူဂိုးသမားဒီဂီယာ၊ စပါးမှ ဟယ်ရီကိန်း၊ ဘန်လေမှ တာကောစကီး၊ မန်စီးတီးမှ ကီဗင်ဒီဘရိုင်နှင့် စတာလင်တို့ကို ကျော်ဖြတ်၍ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံး သမားဆုကို ပထမဆုံး ရရှိခဲ့သည်။

လီဗာပူး၌ ပွဲဦးထွက်ရာသီတွင် ခြေစွမ်းပြနေသူ ဆာလက် သည် ပရော်ဖက်ရှင်နယ်ကစားသမားများ အစည်းအရုံးက ပေးအပ်သော တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (PFA)၊ အား ကစားကလောင်ရှင်များမှ ပေးအပ်သော တစ်နှစ်တာအကောင်း ဆုံးကစားသမားဆု (FWA) နှင့် လီဗာပူးတစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုတို့ကို သိမ်းပိုက်ထားသည်။

Read more

ဘွန်ဒက်စ်လီဂါတွင် ၅၅ နှစ်ကြာရပ်တည်ခဲ့ပြီး ပထမဆုံးအကြိမ် တန်းဆင်းသွားခဲ့ရမှုကြောင့် ဟမ်းဘာ့ဂ်ပရိသတ်များ သောင်းကျန်း

ဘွန်ဒက်စ်လီဂါအသင်းဟမ်းဘာ့ဂ်မှာ မွန်ချင်ဂလက်ဘတ်အသင်းကို အိမ်ကွင်းတွင် ၂-၁ နှင့်အနိုင်ရခဲ့သော်လည်း ၀ုလ်ဘတ်အသင်းက ကိုလုံးကို ၄-၁ ဖြင့်အနိုင်ရရှိသွားခဲ့မှုကြောင့် ဘွန်ဒက်စ်လီဂါ-၂ သို့တန်းဆင်းသွားခဲ့ရသည်။

ဟမ်းဘာ့ဂ်အနေဖြင့် ဘွန်ဒက်စ်လီဂါတွင် ၅၅ နှစ်ကြာရပ်တည်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် ဟမ်းဘာ့ဂ်ပရိသတ်များမှာ ပွဲချိန်အတွင် ကွင်းအတွင်းသို့ မီးရှုး၊ မီးပန်းများ ပစ်ဖောက်ကာ ဆူပူသောင်းကျန်းသွားခဲ့ကြသည်။ ပရိသတ်များ၏ဆူပူသောင်းကျန်းမှုကြောင့် ပွဲချိန် ၁၀ မိနစ်ခန့်ရပ်နား သွားခဲ့ရသည်။

Read more

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လနှင့် ဘရာဇီးနိုင်ငံသား လီအန်ဒရို ယှဉ်ပြိုင်မည်

MMA (One Championship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား လီအန်ဒရိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပွဲကို ရန်ကုန်မြို့ ၌ ဇွန်လအတွင်း ကျင်းပမည်ဖြစ်သည်။

‘‘ကျွန်တော့်အနေနဲ့ ကမ္ဘာ့ချန်ပီယံဆီက ခါးပတ်ကို လွှဲပြောင်းရယူနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ကျွန်တော်အကောင်းဆုံး ပြင်ဆင်ပြီးမှ ပြိုင်ပွဲကို ယှဉ်ပြိုင်မှာပါ။ ကျွန်တော့်အိပ်မက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပါပဲ’’ ဟု လီအန်ဒရိုက ပြောသည်။

Read more

တရုတ်ZTE ကုမ္ပဏီကို ကူညီဖို့ သမ္မတ ထရမ့် အမိန့်ပေးထား

ဒေဝါလီ ခံရတော့မယ့် တရုတ် ကုမ္ပဏီကို ကူညီဖို့ ထရမ့် ညွှန်ကြား

 

အမေရိကန်ရဲ့ သွင်းကုန် ဆိုင်ရာ တားမြစ်ချက်တွေကြောင့် ဒေဝါလီခံရလုနီးပါး ဖြစ်နေတဲ့ တရုတ် နည်းပညာကုမ္ပဏီ ZTE ကို ကယ်တင်နိုင်အောင် ကူညီ ဆောင်ရွက်ပေးဖို့ အမေရိကန် ကုန်သွယ်ရေး ဌာနကို သမ္မတ ထရမ့်က အမိန့်ပေးထားပါတယ်။

Read more

သတင်းတုဥပဒေကို ပြန်စိစစ်မယ်လို့ မလေးရှားဝန်ကြီးချုပ်သစ်ပြောကြား

မလေးရှားဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ မဟာသီဟာမိုဟာမက်က အရင်အစိုးရဟောင်းလက်ထက်က အမြန်ရေးသားပြဋ္ဌာန်းခဲ့တဲ့ သတင်းအတုဆိုင်ရာဥပဒေကို ပြန်လည်သုံးသပ်သွားမယ်လို့ မနေ့က ပြောကြား လိုက်ပါတယ်။ ဒီဥပဒေဟာ သတင်းအတုရေးသားထုတ်ပြန်တဲ့သူတွေကို ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပြီး အဂတိလိုက်စားမှုနဲ့ နာမည်ကြီးနေတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ဝေဖန်ရေးသားတဲ့ သူတွေကို ဖိနှိပ်ဖို့ရေးဆွဲခဲ့တဲ့ ဥပဒေလို့ ဝေဖန်ခံနေရတဲ့ ဥပဒေဖြစ်ပါတယ်။

Read more

မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရင် လုံခြုံရေး ကန်အာမခံမည်

မြောက်ကိုရီးယားနိုင်ငံက Nuclear လက်နက်ဖျက်သိမ်းရေးကို အပြည့်အဝသဘောတူမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယား အစိုးရအတွက် လုံခြုံရေး အာမခံချက်ပေးဖို့ပြင်ဆင်ထားသလို အမေရိကန် ပုဂ္ဂလိကကုမ္ပဏီကို မဟာဓါတ်အားပေးလိုင်းဆောက်ဖို့ ခွင့်ပြုမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားခဲ့ပါတယ်။

သမ္မတ Donald Trump တက်မလာခင်က အမေရိကန်ဖက်က ဒီလိုလက်တွေ့ဖြစ်အောင် လုပ်လိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်တွေဖက်က ထင်မထားခဲ့ဘူးလို့ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ နိုင်ငံခြားရေး ဝန်ကြီး Pompeo က ပြောကြားခဲ့ပါတယ်။

Read more

အင်ဒိုနီးရှားတွင် ခရစ်ယာန်ဘုရားကျောင်းသုံးခု၌ အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူကိုးဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာဒေသရှိ ခရစ်ယာန်ဘုရားကျောင်း ပေါက်ကွဲမှုအတွင်း မီးလောင်သွားသော ဆိုင်ကယ်များကို တွေ့ရစဉ် (reuters)

 

အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၌ တနင်္ဂနွေနေ့တွင် အသေခံ ဗုံးခွဲသမားများက ခရစ်ယာန် ဘုရားရှိခိုးကျောင်းသုံးခုကို တိုက်ခိုက်ရာ လူကိုးဦးထက်မနည်းသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Read more

သင့်မှာ ဒီလို ပြဿနာတွေ ရှိနေရင် ကြက်သွန်ဖြူကို မစားပါနဲ့

ကြက်သွန်ဖြူ အစိမ်းဟာ ရောဂါအမျိုးမျိုး ကုသဖို့အတွက် ရိုးရာ ဆေးအဖြစ် အသုံးပြုခဲ့ကြတာပါ။ သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေးစီးဆင်းမှု လျှော့နည်းတာ တွေအတွက် အသုံးပြုခဲ့ကြတာပါ။ ကြက်သွန်ဖြူဟာ အကျိုးကျေးဇူးအများဆုံး အစားအစာတစ်မျိုးဖြစ်ပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်ဆုံး အစားအစြာ ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။

Read more

Green Tea ကို ၀ိတ်ချဖို့ ဘယ်လောက် သောက်ရမလဲ

Green Tea ဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အရာဖြစ်ပြီး ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက် လည်း အသုံးဝင်တဲ့ အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Green Tea ဟာ ကယ်လိုရီ မပါဘူး။ ဒါပေမယ့် ၀ိတ်ကျအောင် ဘယ်လို သောက်ရမလဲ ဆိုတာတော့ သိသူ နည်းပါတယ်။ တစ်နေကို ဘယ်နှခွက် သောက်ရမလဲဆိုတာ သိထားရင် ပိုအသုံးတည့်မယ် ထင်ပါတယ်။

Read more