သုံးကြိမ်ခန့်ရွှေ့ဆိုင်းထားသော ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မေလကုန်တွင်ကျင်းပရန်မသေချာ

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မေလကုန်တွင် ကျင်းပရန် သဘောတူထားသော်လည်း လက်ရှိငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အခြေအနေများအရ သတ်မှတ်ချိန်အတိုင်း ကျင်းပရန် မသေချာကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များက ပြောသည်။ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ၏ NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ၌ ၂၁ရာစု ပင်လုံကို ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် သဘောတူခဲ့ သည်။ သို့သော် အဆင်သင့်မဖြစ်၍ မေလကုန်တွင် ကျင်းပရန် ဧပြီလလယ်က နေပြည်တော်၌ ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော ဆွေးနွေးပွဲ၌ သဘောတူခဲ့ပြန်သည်။

Read more

ကချင်နှင့် ရှမ်းမြောက်ပဋိပက္ခတွင်ပါဝင်သည့်အဖွဲ့များ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လိုက်နာရန် ကုလတိုက်တွန်း

ကချင်နှင့်ရှမ်းမြောက်တွင် ဖြစ်ပွားသော ပဋိပက္ခများနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ အနေဖြင့် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို အပြည့်အဝ လေးစားလိုက်နာကျင့်သုံးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်း လိုက်သည်။ ဂါဇာ၊ ဘူရွန်ဒီနှင့် မြန်မာ နိုင်ငံ၏ ဒေသတွင်းအခြေအနေ များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံး၏ မေလ ၁၅ ရက် သတင်း ထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြခဲ့ သည်။

Read more

မြန်မာကို နိုင်ငံတကာဖိအားပေးမှုများ မြင့်မားလာစေရန် ဘင်္ဂလားဒေ့ရှ်က မဟုတ်မမှန်ပြောကြားနေဟု မြန်မာ သံအမတ်ကြီး တုံ့ပြန်

မြန်မာနိုင်ငံကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချစေရန်နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ မြင့်မားလာစေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်မမှန်ပြောကြား၍ မြန်မာအစိုးရနှင့် ပြည်သူများကို ပုတ်ခတ် ဝေဖန်နေသည်ဟု မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်ရှင်းလင်းပွဲ၌ တုံ့ပြန်ခဲ့သည်။

Read more

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ပါက လီဗာပူး ကစားသမားတိုင်း ယူရိုနှစ်သိန်း ဆုကြေးရမည်

မေလ ၂၆ ရက်တွင် ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ၂ နှစ်ဆက်ချန်ပီယံ ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ဗိုလ်လု ပွဲတွင် လီဗာပူးအနိုင်ရပါက အသင်းသားတစ်ဦးလျှင် ဆုကြေးယူရိုနှစ်သိန်းစီ ရရှိမည်ဖြစ်သည်။

ရီးရဲလ်သည် ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်တိုက်ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း ရီးရဲလ်အသင်း ခေါင်းဆောင် ရာမို့စ် က ပြောသည်။

Read more

ဂရစ်မန်းရဲ့ သွင်းဂိုးတွေနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်

မနေ့ညက အက်သလက်တီကိုမက်ဒရစ်အသင်းက မာဆေးလ်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ် ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒီယေဂိုဆီမြွန်နီနဲ့ အက်သလက်တီကို အသင်းတို့ရဲ့ နောက်ထပ် အောင်မြင်မှု တစ်ခုဖြစ်သလို စပိန်ကလပ်တွေရဲ့ ယူရိုပါလိဂ်အောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

ဥရောပဖလားပြိုင်(ယူရိုပါလိဂ်+ချန်ပီယံလိဂ်)မှာ ဖလားရခဲ့တဲ့ နောက်ဆုံး (၉) သင်းမှာ (၈) သတင်းက စပိန်အသင်းတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်သာ ဖလားရ ခဲ့ရင်တော့ ဥရောပ ဖလားပြိုင်တွေရဲ့ နောက်ဆုံး (၁၀) ကြိမ်မှာ စပိန်အသင်းတွေက (၉)ကြိမ်အထိ ဖလားရတော့မှာ ဖြစ်ပါတယ်။

Read more

စပိန်ဂရင်းပရီဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဟာမီတန် အနိုင်ရဗိုလ်စွဲ

ဘာစီလိုနာမြို့မှာ မေလ(၁၃)ရက်က ကျင်းပတဲ့ စပိန်ဂရင်းပရီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ မာစီဒီးအသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ လူးဝစ်ဟာမီတန် အနိုင်ရဗိုလ်စွဲသွားပါတယ်။

ဒီပြိုင်ပွဲက(၃၀၇ဒသမ၁၀၄) ကီလိုမီတာအရှည်ရှိတဲ့ ဘာစီလိုနာကားပြိုင်ကွင်းကို (၆၆)ပတ်မောင်းရတာဖြစ်ပြီး ဟာမီတန်က(၁)နာရီ(၃၅)မိနစ်(၂၉ဒသမ၉၇၂)စက္ကန့်နဲ့ ပထမရပါတယ်။

ဟာမီတန်အနေနဲ့ ဒီဘာစီလိုနာဂရင်းပရီမှာ တတိယအကြိမ် အောင်ပွဲခံသွားတာဖြစ်သလို သူ့ပြိုင်ပွဲဝင်သက်တမ်း တစ်လျှောက်မှာတော့ ဂရင်းပရီချန်ပီယံဆုကို (၆၄)ခုမြောက် ရတာဖြစ်ပါတယ်။ ဒုတိယဆုကိုလည်း သူ့မာစီဒီး အသင်းဖော်ဖြစ်တဲ့ ဖင်လန်နိုင်ငံသား ဒရိုင်ဗာဗယ်တာရီဘော့တက်က (၂၀ဒသမ၅၉၃)စက္ကန့်အကွာနဲ့ ရပါတယ်။ ရက်ဘူးအသင်းရဲ့ နယ်သာလန်ဒရိုင်ဗာ မက်ဗာစတက်ပန်ကတော့ (၂၆ဒသမ၈၇၃)စက္ကန့်အကွာနဲ့ တတိယ ရပါတယ်။

Read more

လီအန်ဒရိုနှင့် ပွဲအတွက် နည်းစနစ်ပိုင်း ပြောင်းလဲ လေ့ကျင့်နေကြောင်း အောင်လအန်ဆန် ဖွင့်ဟ

ရန်ကုန် မေ ၁၆

ဇူလိုင်လတွင်ယှဉ်ပြိုင်မည့် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲအတွက် စိန်ခေါ်သူ လီအန်ဒရိုနှင့် ပတ်သက်ပြီး နည်းစနစ်ပိုင်း ပြောင်းလဲလေ့ကျင့်မှု ပြုလုပ်နေကြောင်း အောင် လအန်ဆန်က ပြောသည်။

Read more

လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာ ကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်

 

မ​ကွေး၊ ​မေ ၊ ၁၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးတိုင်း​ဒေသကြီးပါတီ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ​အောင်​မြင်​စွာကျင်းပနိုင်​​ရေး လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီမှ စတင်​၍ တိုင်း​​ဒေသကြီးပါတီ ‌အစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ တိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်းလူငယ်​​ရေးရာတာဝန်​ခံ ဦး​ကျော်​သူဦး၊ တိုင်းပါတီ​ကော်
မတီဝင်​ ဦး​စောဝင်း​မောင်​၊ မ​ကွေးခရိုင်​ပါတီ ဥက္ကဌ ဦးထွန်းရှိန်​၊ ခရိုင်​ကော်​မတီဝင်​ ဦး​အောင်​နိုင်​၊ မ​ကွေး၊ ​​တောင်​တွင်းကြီး၊ မင်းဘူးမြို့နယ်​တို့မှ အခမ်းအနား
ကျင်းပ​ရေး အဖွဲ့ဝင်​များ တက်ေ​ရာက်​​ဆွေး​နွေး​ ညှိနှိုင်း​ဆောင်​ရွက်​ခဲ့ကြ​ကြောင်းနှင့်​ အဆိုပါလူငယ်​နှီး​နှောဖလှယ်​ပွဲကို ယခုလ ၂၂ ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​ သွားမည်​ဖြစ်​​ကြောင်း သိရှိရသည်​။

Read more

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီအဖွဲ့ပါတီဝင်အသစ်ရရှိရေး သွားရောက် စည်းရုံး ဆောင်ရွက်

 

ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးနှင့် ပါတီကော်မတီဝင် များသည် ယနေ့ နံက် (၁၀း၃၀)တွင် လက်ခုပ်ပင်ကျေးရွာအုပ်စု ရေပူအင်း ကျေးရွာရှိ ပါတီဝင်အသစ်များနှင့် တွေ့ဆုံ၍ ကျေးရွာ ရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ မတည်ဆောက်လုပ်ပေးခဲ့သည့် ကိုယ်ထူကိုယ်ထ တွဲဘက် အမက ကျောင်းဆောင် အတွက် လိုအပ်ချက်များ တွေ့ဆုံ မေးမြန်း ညှိနှိုင်း ခဲ့ကြပါသည်။

Read more

ကျောက်မဲပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ကျန်းမာရေးစောက်ရှောက်မှုပြုလုပ်

 

ကျောက်မဲမြို့ ( ၈ ) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင်အောင်မင်္ဂလာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအသင်း နှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ အထွေထွေရောဂါကုဆေးခန်း မှ ယနေ့ ၂၀၁၈ မေလ ၁၆ ရက်နေ့တွင် သံဃာတော်များအပါအဝင် လူနာပေါင်း ၂၁ ဦး ကိုအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည် ။

Read more