ပါတီဗဟိုအလုပ်အမှုဆောင်များ ဆိပ်ကမ်းနှင့် ထိစပ်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

ရန်ကုန်၊ မေ ၂ဝ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မြို့နယ် ပါတီရုံးတွင် ဆိပ်ကမ်းမြို့နယ်ပါတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ ပါတီအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို တွေ့ဆုံညှိနှိုင်းခဲ့သည်။ အစီအစဉ်အရ ဆိပ်ကမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေမျိုးအောင်က ပါတီအောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို တင်ပြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါတီ ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈) အား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁) ၌ ဆက်လက်ကျင်းပသည်။

Read more

ရန်ကုန် (အရှေ့ပိုင်း) ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် (အရှေ့ပိုင်း) ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တိုင်းဒေသကြီး ခရိုင်တာဝန်ရှိသူများ ခရိုင်စည်းရုံးရေး နယ်မြေအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ မြို့နယ်ပါတီကော်မတီများဖြင့် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်ပါတီကော်မတီရုံးအစည်းအဝေး ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နမ့်ကုတ်ကျေးရွာ ဓမ္မာရုံသစ်တည်ဆောက်ရေး အတွက် အလှူငွေထည့်ဝင်လှူဒါန်းခြင်း

(17-5-2018)

မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မိုင်းဖြတ်ခရိုင် ပါတီအတွင်းရေးမှူးနှင့် ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များလိုက်ပါလျက် မိုင်းယုမြို့၊ တာကြန့်ကျေးရွာ အုပ်စု နမ့်ကုတ်ကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာဓမ္မာရုံသစ် တည်ဆောက်ရေးအတွက် အလှူငွေနှစ်သိန်းကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ထို့နောက် နားမက်ကျေးရွာသို့ သွားရောက်ပြီး တာကြန့်ကျေးရွာအုပ်စု ရပ်ကျေးပါတီဥက္ကဌ နေအိမ်သစ်တက်ပွဲကို တက်ရောက်ချီးမြင့်ခဲ့ပါသည်။ ၎င်းနောက် အထူးဒေသ (၄) ကျိုင်းရဲသို့ သွားရောက်၍ မိုင်းယောင်း – မိုင်းယုဒေသကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေသော မိုင်းဝရေအားလျှပ်စစ် ဓါတ်အားခွဲစက်ရုံသို့ သွားရောက်လေ့လာခဲ့ပါသည်။

Read more

ဗဟိုလူငယ်ညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် ဗန်းမော်ခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ စေတီတော်တည်ဆောက်ရေး လုပ်အားဒါနပြု

ဗန်းမော်၊ မေ ၁၇

Read more

ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တံတားဖွင့်ပွဲ တက်ရောက်ချီးမြှင့်

မအူပင်၊ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျုံတိုင်းကြီးကျေးရွာအုပ်စု သဲကုန်းတံတားဖွင့်လှစ်ပွဲနှင့် သိက္ခာထပ်၊ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူမင်္ဂလာပွဲအား ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ အဆိုပါ သဲကုန်းတံတားတွင် ကျင်းပခဲ့ရာ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Read more

ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲ အခမ်းအနား

ဖါးဆောင်းမြို့၊ မေ( ၁၈)

ယနေ့ ၁၈ – ၅ -၂၀၁၈ရက်နေ့ နံနက် (၉း၀၀)နာရီ အချိန်တွင် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲ အခမ်းအနားအား ဖါးဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးစောကိုဒီ နေအိမ် (ပြည်ခိုင်ဖြိုးရုံး) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၈) အား ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ ပြည်နယ် ပါတီဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြသည်။ ယင်းနောက် ဗဟိုအတိုင်ပင်ခံများနှင့် ကော်မတီများ၊ ဌာနကြီးများ၊ ရေးရာကော်မတီတာဝန်ခံ များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများ ဆွေးနွေးတင်ပြကြပြီး ပထမနေ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရပ်နားခဲ့သည်။

Read more

သောကြာနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

– မန်စီးတီး နဲ့ လီဗာပူးလ် အသင်းတို့ဟာ ဘတ်ဖွန်ကို အရခေါ်ယူဖို့ The Sun ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် (၄၀) အရွယ်ရှိ ၀ါရင့်ဂိုးသမား ကြီးဟာ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပေမယ့် ကစားသမားဘ၀ အနားယူမှာ မဟုတ်သေးဘူးလို့လည်း သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အသင်းနှစ်သင်းဟာ ဘတ်ဖွန်ကို အရခေါ်ယူနိုင်ဖို့ အသီးသီးမျှော်လင့် နေတယ်လို့လည်း သိရပါတယ်။

Read more