ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် နွေရာသီအခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲတက်ရောက်

နေပြည်တော်၊ ဇွန် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးဝေလွင်  သည် ယမန်နေ့ညနေ ၄ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသော နွေရာသီအင်္ဂလိပ်စာ သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၄) ရက်နံနက် (၉:၃၀) နာရီက မြောက်ဥက္ကလာပမြို့နယ်ခန်းမတွင် ပြုလုပ်ကြောင်း သိရှိရသည်။
အဆိုပါအခန်းအနားသို့ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်ဒေါက်တာပွင့်ဆန်း၊ ပါတီဗဟိုကော်မတီဝင် တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့်ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီဥက္ကဌများ မြိ့နယ်ကော်မတီဝင်များနှင့်ပါတီဝင်အင်အား (၁၀၀၀) ကျော် တက်ရောက်ကြသည်။

Read more

ဂရစ်ဇမန်းကိုချဉ်းကပ်ခဲ့မှုနဲ့ ဘာစီလိုနာအသင်း ကစားသမားသစ်ခေါ်ယူမှု ပိတ်ပင်ခံရဖွယ်ရှိနေ

ဘာစီလိုနာအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းကို တရားမ၀င်ချဉ်းကပ်ခဲ့မှုနဲ့ ပြောင်းအရွှေ့ ဈေးကွက် ၃ ခုဒါမှမဟုတ် ၅ ခုအထိပိတ်ပင်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ဂရစ်ဇ်မန်း၊ သူ့အေးဂျင့်တို့နဲ့တွေ့ဆုံခဲ့တယ်လို့ မကြာသေးခင်က ဖွင့်ဟသွားပါတယ်။

ဖီဖာရဲ့စမည်းမျဉ်းအရ ကစားသမားတစ်ဦးကို စာချုပ်သက်တမ်းကုန်ရင် ဒါမှမဟုတ်စာချုပ် ၆ လကျန်တော့မှသာ အခြားကလပ်တစ်ခုက ဆွေးနွေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

Read more

နာမည်ကြီးနွားရိုင်းသတ်သူကို ဘော်ဒီဂတ်အဖြစ် စီရော်နယ်ဒိုငှားရမ်း

ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ နာမည်ကြီးနွားရိုင်းသတ်သူတစ်ဦးဖြစ်တဲ့ နူနိုမာရီကို့စ်ဆိုတဲ့ သူကို ကမ္ဘာ့ဖလားမှာ သူ့ရဲ့လုံခြုံရေးအတွက် ဘောဒီဂတ်အဖြစ်ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုကို အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ISIS ကကမ္ဘာ့ဖလားမှာ ခေါင်းဖြတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တန်ဝက်လောက်အလေးချိန်ရှိတဲ့ နွားရိုင်းတွေနဲ့ သတ်ပုတ်နေကြဖြစ်တဲ့ နူနိုဟာ လေထီးတပ်သားဟောင်း တစ်ဦး ဖြစ်သလို MMA တိုက်ခိုက်ရေးသမားတစ်ဦးလည်းဖြစ်ခဲ့ဖူးပါတယ်။

Read more

နေမာနှင့်မက်ဆီ တစ်ဂိုးသွင်းတိုင်း ကျောင်းသားတစ်သောင်းကို နေ့လယ်စာလှူဒါန်းမည့်အစီအစဉ် ဘရာဇီးနည်းပြ ဝေဖန်

ဘရာဇီးတိုက်စစ်မှူး နေမာ (သို့မဟုတ်) အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ သွင်းဂိုးတစ်ဂိုးတိုင်း ကျောင်းသားဦး ရေ ၁၀,၀၀၀ အတွက် နေ့လယ်စာ လှူဒါန်းမည်ဟု ကြေညာခဲ့သည့် အမေရိကန် ကုမ္ပဏီ Mastercard ၏ အစီအစဉ်ကို ဘရာဇီးနည်းပြ တိုက်က ဝေဖန်ခဲ့ပြီး ယင်းသည်အသင်းလိုက် ကစားရသော အားကစားနည်းတွင် အထောက်အကူမဖြစ်ဟု ဆိုသည်။

Read more

ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်တွင် ဇီဗီယက်နှင့် သီယန် ထိပ်တိုက်တွေ့

နိုင်ခြေအဆင့်(၂) သတ်မှတ်ခံရသူ အလက်ဇန်းဒါးဇီဗီယက်သည် ၎င်း၏ ပထမဆုံး ဂရင်းဆလမ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ခက်ခက်ခဲခဲ တက်ရောက်ခဲ့သည်။ ဂျာမန်တင်းနစ်သမားသည် ကာ ရန်ကာချာနော့ဗ်ကို ၄-၆၊ ၇-၅ (၄)၊ ၂-၆၊ ၆-၃၊ ၆-၃ ဖြင့် ပွဲ ငယ်ငါးပွဲ ကစားပြီးမှ အနိုင်ရခဲ့ပြီး ယင်းမှာ ၎င်း၏ တတိယမြောက် ပွဲငယ်ငါးပွဲ ကစားရခြင်းလည်း ဖြစ်သည်။

Read more

ဆီးရီးယားသမ္မတ အာဆတ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ကြမည်

ဇွန် ၎

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်တို့ တွေ့ဆုံဖို့ ရှိကြောင်း ပြုံယမ်း နိုင်ငံပိုင်မီဒီယာ KCNA က ဇွန်လ ၃ ရက်မှာ ထုတ်ပြန်သွားပါတယ်။

ခေါင်းဆောင် ကင်မ်နဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယားဆီ လာရောက်ဖို့ စီစဉ်နေပြီဖြစ်တယ်ဆိုပြီး ဆီးရီးယားသမ္မတ ဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြပါတယ်။

Read more

မြောက်ကိုရီးယား စစ်ခေါင်းဆောင် သုံးယောက် ဖယ်ရှားခံရဆို

မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ပတ်ယုံဆစ်

မြောက်ကိုရီးယားက ထိပ်တန်း စစ်ခေါင်းဆောင် သုံးယောက် ဖယ်ရှားခံရတယ် ဆိုတဲ့ သတင်းထွက်လာပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ထိပ်သီးဆွေးနွေးပွဲ မလုပ်ခင် ရက်ပိုင်းအတွင်း ဖယ်ခံရတာ ဖြစ်ပါတယ်။

Read more

အခွန်ဥပဒေကြမ်း ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုချက်များကို ဂျော်ဒန်ဝန်ကြီးချုပ်ပယ်ချ

ငါးနှစ်တာအတွင်း အကြီးမားဆုံး ဆန္ဒပြမှုများဖြစ်ပေါ်စေသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထောက်ခံသော အခွန်ဥပဒေပြုပြင်ပြောင်းလဲမှု ရုပ်သိမ်းရန် ဂျော်ဒန်ဝန်ကြီးချုပ် ဟာနီမာလ်ကီက ငြင်းဆိုခဲ့ပြီး ယင်းဥပဒေကံကြမ္မာကို ဆုံးဖြတ်ရေးသည် ပါလီမန်၏ ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

အခွန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ထောင်နှင့်ချီသော ဆန္ဒပြသူများသည် တတိယမြောက် ညအဖြစ် ဇွန်လ ၂ ရက်က အစိုးရ ဝန်ကြီးအဖွဲ့ရုံးအနီးတွင် ဆန္ဒပြခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ခဲ့ကာ ဟာနီမာလ်ကီကို ရာထူးမှ ထုတ်ပယ်ပေးရန် ဘုရင်အဗ္ဗဒူလာထံ တောင်းဆိုခဲ့သည်။

Read more

ဒူတာတေးက ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူအား ”ငရဲကိုသွား”ဟု ပြောခဲ့

မနီလာ ဇွန် ၃

ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းတရားသူကြီးကို သတိပေးခြိမ်းခြောက် ခဲ့သည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးကို ဝေဖန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတက ကုလသမဂ္ဂလူ့အခွင့် အရေးကျွမ်းကျင်သူတစ်ဦးအား ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည်ဆိုကာ ”ငရဲကိုသွား”ဟု ပြောခဲ့သည်။

Read more