မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ်များဝင်ရောက်

 

၃၁.၅.၂၀၁၈ နေ့တွင် မာန်အောင်မြို့ မြို့သစ်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အသစ် စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်ကြည်နှင့် ကော်မတီဝင်များမှ ပါတီဆိုင်းဘုတ်သစ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။ ဆက်လက်၍ ပါတီဝင်သစ်(၃၀)ဦး၏ အဆိုပြုလွှာများကို ရပ်/ကျေးပါတီအဖွဲ့ဝင်ဒေါ်ခင်လှကြည်မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်ထံသို့ ပေးအပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ပါတီဝင်သစ်များအား ပါတီရင်ထိုးတံဆိပ်များတပ်ဆင်ခဲ့ကြသည်။
TM

Read more

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ရန်အောင်မြေ အဘယလာဘမုနိစေတီတော်မြတ်ဝင်းအတွင်း လုပ်အားပေးကုသိုလ်ယူ

 

ယမန်နေ့(၃၁.၅.၂၀၁၈)တာချီလိတ်မြို့၊လွယ်တော်ခမ်းအုပ်စု ကုသိန္နာရုံဘုန်းတော်ကြီးကျောင်းရှိ ရန်အောင်မြေ အဘယလာဘမုနိစေတီတော်မြတ်တည်ဆောက်မှုအား တာချီလိတ်မြို့ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း၊ခရိုင်ပါတီဥက္ကဌဦးဘိုစံတို့ ဦးဆောင်၍ ပါတီဝင်များ၊အမျိုးသမီးေ​ရးရာအဖွဲ့ဝင်များ စုစု​ပေါင်းအင်းအား(၄၀)ဦးဖြင့် သွားရောက်လုပ်အား​ပေးကုသိုလ်ယူခဲ့ကြ​ကြောင်းသိရှိ ရပါသည်​။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ


Read more

ပြည်သူပိုင်စိုး ပြည်ခိုင်ဖြိုး

 

ပြည်သူပိုင်စိုး၊ ပြည်ခိုင်ဖြိုးမို့
အမျိုးသားရေး၊ ဦးစားပေးကာ
ဝေး နီး အတူ၊ ရွာမူ မြို့ပြ
ဒေသမခြား၊ မကွဲပြားဘဲ
အများပြည်သူ၊ မှန်းရည်မူသည့်
လူမှု စီးပွား၊ ဆန္ဒများပြင်
မျိုးသားရေးရာ၊ သာသနာနှင့်
ဘာသာ လူမျိုး၊ ဖွံ့ဖွံ့ဖြိုးအောင်
စွမ်းဆောင်စဉ်ဆက်၊ ဦးထိပ်ရွက်၍
တိုးတက်စေမည်၊ ဓိဋ္ဌာန်တည်
ပြည်ခိုင်ဖြိုးသည် များကျိုးရည်
ပြည်သူ့ပါတီ ပီပေသည်
တွဲလက်ညီညီ ရှေ့သို့ချီ
ငါတို့ ပါတီ အောင်ရမည်။

Read more

ရန်ကုန်(အရှေ့ပိုင်း)ခရိုင်ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင်၊ ပါတီကော်မတီဝင်များသည် ခရိုင်စည်းရုံးရေးနယ်မြေအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များအား ယနေ့နံနက် ၉ နာရီက ခရိုင်ပါတီရုံး အစည်း အဝေးခန်းမဆောင်တွင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ ကြောင်း သိရသည်။

Read more

တိုင်းပါတီကော်မတီဝင်မိသားစုက ရပ်ကွက်နေပြည်သူများအား ဗုဒ္ဓမြတ်စွာဘုရားရှင်ရုပ်ပွားတော်မြတ်များလှူဒါန်း

 

ရန်ကုန် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် စည်းရုံးရေးနယ်မြေ အတွင်းရှိ အမှတ်(၁၃၈)ရပ်ကွက် တွင် ဒေသခံဗုဒ္ဓဘာသာဝင်ပြည် သူများအား ဗုဒ္ဓမြတ်စွာဘုရားရှင် ရုပ်ပွားတော်မြတ်များလှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက စစ်ပင် တောင်ရပ်ကွက်ရှိ ရွှေကြာပွင့်မြင့် မိုရ်ဘုန်းတော်ကြီးကျောင်း၌ မြို့ နယ်ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူ များနှင့်အတူ လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး လူငယ်ညီလာခံ(၂ဝ၁၈) ညစာစားပွဲသို့တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ ညနေ ၆ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်ထောင်စုခန်းမကြီး၌ ကျင်းပသော လူငယ်ညီလာခံ(၂ဝ၁၈) ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် လူငယ် ကိုယ်စားလှယ်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ လူငယ်တာဝန်ခံများ၊ လူငယ်ညီလာခံကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Read more

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော် စေတီတော်ရင်ပြင် သန့်ရှင်းရေး လုပ်အားပေးကုသိုလ်ယူ

 

လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယနေ့ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညို ကြပြီး စေတီတော်ရင်ပြင် သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ယူခဲ့ကြသည်။


Read more

တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ

 

၃၁.၅.၂၀၁၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက် လေ့လာကြသည်။


Read more

ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်ရန် အာစင်ဝင်းဂါး အလားအလာအရှိဆုံးဟု လောင်းကစားကုမ္ပဏီများ သတ်မှတ်

အာစင်ဝင်းဂါးက ရေပန်အစားဆုံး နည်းပြဖြစ်ပါတယ်။

ရုတ်တရက် နုတ်ထွက်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းနေရာမှာ အစားထိုးဖို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ဖြစ်နိုင်ချေအရှိဆုံး နည်းပြဖြစ်တယ်လို့ လောင်းကစားကုမ္ပဏီတွေက ခန့်မှန်းထားပါတယ်။

Read more