တန်ကြေးအမြင့်ဆုံးကစားသမားအဖြစ် ဟယ်ရီကိန်းသတ်မှတ်ခံရ

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ပေါင် ၁၇၆ သန်းနဲ့ သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

CIES Football Observatory ကထုတ်ပြန်တဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား ၁၀၀ စာရင်းမှာ ကိန်းက ထိပ်ဆုံးက ရှိနေတာဖြစ်ပါတယ်။ ဒီစာရင်းအတွက် ကစားသမား တစ်ဦးခြင်းစီရဲ့ စွမ်းဆောင်ရည်၊ အလားအလာ၊ အသက်အရွယ်စတာတွေကို အခြေခံပြီး တွက်ချက်ထားတာပါ။

Read more

ဆော်ဒီအမျိုးသမီးတွေ မော်တော်ကားမောင်းခွင့် တရားဝင်စရ

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ ကားမောင်းခွင့်ကို တားမြစ်တဲ့ တခုထည်းသော နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျက သူတို့ရဲ့ တားမြစ်ချက်ကို ဒီလကုန်လောက်မှာ ဖယ်ရှားပစ်တော့မှာမို့ အခု အမျိုးသမီးတွေကို ကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ဗြိတိန်၊ လက်ဘနွံနဲ့ ကနေဒါအပါအဝင် တခြားနိုင်ငံတွေမှာ လိုင်စင်ရထားပြီးသား အမျိုးသမီးတွေကို ဆော်ဒီကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ကြောင်း တနင်္လာနေ့မှာ ဆော်ဒီအာရေဗျ အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ အမျိုးသမီးတွေဟာ လိုင်စင် အသစ်ရဖို့ ကားမောင်းလိုင်စင် စာမေးပွဲကို အရင် ဖြေဆိုရမယ်လို့လည်း ဖေါ်ပြထားပါတယ်။

Read more

ဂွာတီမာလာ၌ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၅ဦးအထိ မြင့်တက်

ဂွာတီမာလာစီးတီး၊ ဇွန် ၅

ဂွာတီမာလာနိုင်ငံ၌ တနင်္ဂနွေနေ့ကပေါက်ကွဲခဲ့သော ဖွေဂိုမီးတောင်ကြီးကြောင့် သေဆုံးသူအရေအတွက် ၆၅ ဦး အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ကြေညာခဲ့ကြသည်။

နိုင်ငံမြို့တော်မှ ၃၁မိုင်ခန့်ကွာဝေးသော အရပ်တွင်ရှိသော ယင်းမီးတောင်ကြီးပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရသူ ၄၆ ဦးအထိရှိခဲ့ပြီး လူပေါင်း ၁၈၇၇ ယောက်ခန့်ကို ဘေးလွတ်ရာ၌ ယာယီနေရာ ချပေးထားကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ဒီလီယွန်က ဆိုခဲ့သည်။

Read more

ဇွန် ၁၂ နံနက် ၉ နာရီ ထရမ့်-ကင်ဂျုံးအွန် ထိပ်သီးအစည်းအဝေး ကျင်းပမည်ဟု အတည်ပြု

သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်တို့ကြား ပထမဆုံး ထိပ်သီးအစည်းအဝေး ကို စင်ကာပူတွင် ဇွန် ၁၂ ရက် နံနက် ကိုးနာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ဇွန် ၄ ရက်၌ အိမ်ဖြူတော်က အတည်ပြုပြောသည်။

Read more

လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းရေးတွင် လေကြောင်းလိုင်းများ ပူးပေါင်းပါဝင်မှုမြှင့်တင်မည်

လူကုန်ကူးမှု တိုက်ဖျက် နှိမ်နင်းရေးတွင် လေကြောင်းလိုင်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့ (IATA)က ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့ပြီး လေယာဉ် အမှုထမ်းများအနေဖြင့် သံသယရှိဖွယ် အမှုအခင်းများ ကြုံလာပါက မည်သို့လှုပ်ရှားဆောင်ရွက်ရ မည်ဖြစ်ကြောင်း လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့သည်။

 လူမှောင်ခိုကူးခြင်းသည် ကမ္ဘာ့ရာဇဝတ်မှု လောကတွင် အလျင်အမြန်မြင့်တက်လာနေပြီး မူးယစ်ဆေးဝါး ကုန်သွယ်ရေးပြီးလျှင် ဒုတိယအများဆုံး ရာဇဝတ်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Read more

တရုတ်-အာဆီယံ စီးပွားရေးလုပ်ငန်းရှင်များ အသင်းတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ရန် စီစဉ်

တရုတ်-အာဆီယံစီး ပွားရေးလုပ်ငန်းရှင်များအသင်းတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကြီး များပါဝင်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

Read more

ရိုဟင်ဂျာအရေး ကုလ နဲ့ မြန်မာသဘောတူညီမှု ဘင်္ဂလားဒေ့ရှ်ကြိုဆို

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည်များ ပြန်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၂ခုတို့ သဘောတူMoU လက်မှတ်ရေးထိုးမဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလာဒေ့ရ်နိုင်ငံက ဒုက္ခသည် ဆိုင်ရာ ကော်မရှင်နာMonammad Abul Kalam က ကြိုဆိုရမဲ့ ကိစ္စဖြစ်တယ်လို့ ပြောဆိုပါတယ်။

Read more

ကုလ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း မြန်မာသံအမတ်ကြီး ပြောကြား

မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေ့ရ်နိုင်ငံ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဟာ ပြည်ပဖိအားတွေကြောင့် မဟုတ်ပဲ လုပ်ငန်းအစဉ်ပြေချောမွေ စေရေးအတွက်ဖြစ်ပါတယ်။ တပြိုင်နက်မှာ မိမိတို့ နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ အမျိုးသား အကျိုးစီးပွားကို မထိခိုက်အောင်ဆောင်ရွက်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဟောက်ဒိုဆွန်းက ပြောပါတယ်။

Read more

ကိုယ့်​အားကိုယ်​ကိုး လမ်းခင်းရာသို့ လုပ်​အား​ပေးကူညီခြင်း

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်း၊ မြို့နယ်​​ကော်​မတီဝင်​များ၊ လူငယ်​အဖွဲ့များသည်​ မကာဟိုခမ်းရပ်​ကွက်​၊ (ယာ​မြေ) မြတ်​​လေးလမ်းသွယ်၊ ယခင်​လမ်းကြားလမ်းကျင်းအားချဲ့ထွင်​၍​ မော်​​တော်​ယဉ်​များ လွယ်​ကူစွာဝင်​ထွက်​သွားလာနိုင်​ရန်​ ကိုယ့်​အားကိုယ်​ကိုး လမ်းပြုပြင်​ရာ​နေရာသို့ (၄.၆.၂၀၁၈) ရက်​​နေ့တွင်​ သွား​ရောက်​လုပ်​အား​ပေးခဲ့ပြီး မြို့နယ်​ဘဏ္ဍာ​ရေးမှူး ဦး​ကျော်​ငြိမ်း​အောင်​မှ ၎င်းလုပ်​အား​ပေးအဖွဲ့များအား အချိုရည်​နှင့်​မုန့်​များ ဒါနပြုလုပ်​ခြင်းများ​ဆောင်​ရွက်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​ ။

 ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းခမ်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန် ကျင်းပ ပြုလုပ်သည့် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို အတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား တိုင်းနှင့်ပြည်နယ်များမှ သင်တန်းသားဦးရေ ၁၁၁ ဦးဖြင့် ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read more