ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​ ​​ကျောက်​ပန်း​တောင်းမြို့နယ်​ ရပ်​/​ကျေးပါတီဥက္ကဌတာဝန်​​ပေးအပ်​ပွဲနှင့် ပါတီအဆိုပြုလွှာ (၄၇၁) ဦး စု​ပေါင်း​ပေးအပ်​ပွဲ အခမ်းအနား တက်​​ရောက်​အား​ပေးချီးမြှင့်

 

(၅.၆.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၀၀)အချိန်​တွင်​ ​​ကျောက်​ပန်း​တောင်းမြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​/​ကျေးပါတီဥက္ကဋ္ဌတာဝန်​​ပေးအပ်​ပွဲနှင့်​ပါတီအဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​​​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊​​ ညောင်​ဦးခရိုင်​ပါတီဥက္ကဌ ဦး​ညွန့်​ဝင်းနှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊​​ ကျောက်​ပန်း​တောင်းမြို့နယ်​ပါတီဥက္ကဌ ဦး​ဝင်းမြင့်​နှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ပါတီဝင်​များ၊ ပါတီဝင်​သစ်​များအပါအဝင်​ စုစု​ပေါင်း အင်​အား(၅၀၀)​ဦးတက်​​ရောက်​ခဲ့​ကြောင်းသိရသည်

Read more

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပုန်းထွန်ရပ်ကွက်နေသက်​ကြီးဘိုးဘွားများအား သွား​ရောက်​ကန်​​တော့ခြင်း

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း (ရှမ်း​ရှေ့အမျိုးသမီး​ရေးရာတာဝန်​ခံ)၊ ပုန်းထွန်​ရပ်​ကွက်​အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ၊ မြို့နယ်​​ကော်​မတီဝင်​များ၊ လူငယ်​အဖွဲ့များအင်းအား (၂၀) ဦးလိုက်​ပါ၍ ယ​နေ့ (၅.၆.၂၀၁၈) ​နေ့တွင်​ ပုန်းထွန်​ရပ်​ကွက်​​နေ အဖွား​ဒေါ်စမ်းငွန်း အသက်(​ ၉၀ ) နှစ်​၊ အဖွား​ဒေါ်တင်​မြ အသက်​( ၉၉) နှစ်​၊ အဖွား​ဒေါ်နန်းပန် အသက်​ (၉၄ ) နှစ်​ရှိ အဖွားသုံးဦးတို့၏​နေအိမ်​ရာသို့ သွား​ရောက်​ခဲ့ပြီး တစ်ဦးလျှင် ​ကျပ်​တစ်​သိန်းတန်​ဖိုးရှိ ​စောင်​၊ မုန့်​၊ အချိုရည်​ဗူးနှင့်​​ငွေသားများအား​ပေးအပ်​ကန်​​တော့ခဲ့ကြ​ကြောင်းသိရှိရပါသည်​ ။

Read more

တမူးမြို့ စန္ဒကူးရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

တမူးမြို့နယ် စန္ဒကူးရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် တင်ပွဲကို ဇွန် ၄ ရက်နံနက် ၈ နာရီတွင်ကျင်းပခဲ့ပြီး ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ရွှေက ကြိုဆိုနှုတ်ခွန်းဆက်ုစကားပြောကြားကာ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်စဉ်။

ကိုကိုရွှေ(တမူး)


Read more

စလင်းမြို့နယ် ပြည်ခိုင်ဖြိုး သင်ထောက်ကူပစ္စည်းများထောက်ပံ့

 

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ် ကော်မတီဝင်ဦးဌေးအောင်၊ ကူဖြူကျေးရွာအုပ်စုပါတီဥက္ကဋ္ဌဦးမြင့် ဌေးနှင့် စာစီကျောင်းကျေးရွာမှ အလှူရှင်ဦးမြင့်ရွှေတို့သည် ယနေ့နံနက်က စလင်းမြို့နယ် ရွာမှတ်ကျေးရွာအမကကျောင်းတွင် ကျောင်းသား ကျောင်းသူ ၄၆ ယောက်ကို လွယ်အိတ်တစ်လုံး၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်နှစ်ချောင်း၊ ခဲတံနှစ်ချောင်း၊ ပေတံတစ်ချောင်းတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နွယ်နီခိုင်(ချောက်)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ယမန်နေ့ကပြုလုပ်သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ လစဉ်ပြုလုပ်နေသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မလှိုင် မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး၌ ပြုလုပ်ခဲ့ပြီး ရှေးဦးစွာ နိုင်ငံတော်သီချင်း သံပြိုင် ရွတ်ဆိုဖွင့်လှစ်ခဲ့သည်။

Read more

တိန်းကယားကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

တမူးခရိုင် ခမ်းပါတ်မြို့ တိန်း ကယားကျေးရွာအုပ်စု ပါတီဆိုင်း ဘုတ်သစ်တင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီက ကျင်းပ ခဲ့သည်။

အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင် မောင်ရွှေက ပါတီရေးရာကိစ္စများ၊ ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားရေး ဆိုင်ရာ ဆောင်ရွက်ချက်များကိုရှင်း လင်းပြီးဒေသခံပြည်သူများ၏တင် ပြချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈)ဆင်းပွဲ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူးဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူ တာသင်တန်း (၃/၂ဝ၁၈)ဆင်းပွဲ ကို ယမန်နေ့ ညနေ ၄ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်က အမှာ စကားပြောကြားခဲ့ပြီး သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့သည်။

Read more

ကျုံပျော်မြို့နယ်ပါတီဝင်လူငယ်များစုပေါင်းလုပ်အားပေး

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံ(၂ဝ၁၈)သို့ တက်ရောက်ခဲ့ ကြသည့် ပါတီဝင်လူငယ်များက ဒေသအကျိုးပြုလှုပ်ရှားမှုတစ်ရပ်အနေ ဖြင့် ယနေ့တွင် ကျုံပျော်မြို့နယ် သောင်ရွာကျေးရွာအုပ်စုရှိ သောင်ရွာနှင့် ကုန်းစုကျေးရွာချင်းဆက် မြေသားလမ်း ကျောက်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ကော်မတီများ၊ အရန်ကော်မတီများ ဝန်းရံလျက် ပါတီဝင်လူငယ် များ အင်အား ၅ဝ နှင့် ဒေသခံပြည်သူများ ပူးပေါင်းလျက် ပျော်ရွှင်စွာ လုပ်အားဒါနပြုဆောင်ရွက်ခဲ့သည်။

Read more

ယခုနှစ်အတွင်း WLC ပြိုင်ပွဲနှစ်ပွဲ ထပ်မံကျင်းပရန် စီစဉ်

WLC-5 မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင် ပိုလန်နိုင်ငံသားဆာလာဒိုက်နှင့် စောဘဦး ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − WLC)

 

ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC) ကို ယခုနှစ်အတွင်း နှစ်ပွဲထပ်မံ ကျင်းပရန် စီစဉ်ထားကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူဦးအောင်သူက ပြောသည်။

Read more