ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ပါဝင်နိုင်ရန် မာရေးမျှော်လင့်ထား

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးက တင်ပါးဒဏ်ရာခွဲစိပ်ကုသမှုခံယူထားမှုကြောင့် ပွဲပြန်ကစားမည့် အချိန် နှောင့်နှေးမှုများ ရှိနေသော်လည်း ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို ပါဝင်နိုင်ရန် မျှော်လင့်ထားသည်ဟု ပြောသွားခဲ့သည်။

မာရေးမှာပြီးခဲ့သည့်ရာသီတွင် ၀င်ဘယ်ဒန်အိုးပင်းပြိုင်ပွဲကို နောက်ဆုံးကစားခဲ့ပြီး ဒဏ်ရာကြောင့်အနားယူခဲ့ရကာ ပြီးခဲ့သည့် ဇန်န၀ါရီလတွင် တင်ပါးဒဏ်ရာကို ခွဲစိပ်ကုသမှုခံယူခဲ့သည်။

ခွဲစိပ်ကုသမှု ခံယူခဲ့ပြီးနောက် Libema အိုးပင်းပွဲစဉ်ကို ပါဝင်ကစားနိုင်ရန် မျှော်လင့်ထားသော်လည်း ဒဏ်ရာ သက်သာမှု နှောင့်နှေးနေမှုကြောင့် ပွဲပြန်ကစားရန် အဆင်သင့်မဖြစ်နိုင်အောင် ဖြစ်နေသည်။

Read more

ဒဏ်ရာကြောင့် ပြင်သစ်အိုပင်းပြိုင်ပွဲမှ ဆရီနာဝီလျံနှုတ်ထွက်

ရှာရာဗိုဗာနဲ့ ယှဉ်ပြိုင်ရမယ့် စတုတ္ထပွဲစဉ်မတိုင်မီ ဆရီနာဝီလျံဟာ ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဂရင်းဆလင်းချန်ပီယံဆုကို ၂၃ ကြိမ် ရရှိထားတဲ့ ဆရီနာဝီလျံဟာ ကလေးမွေးပြီးတဲ့နောက် တင်းနစ်ပြန်ကစားနေပြီး အစောပိုင်းပွဲတွေမှာ ပုံစံကောင်းရရှိခဲ့ပါတယ်။

အသက်(၃၆)နှစ်ရွယ်ဆရီနာဝီလျံက “ညာဘက်ရင်အုပ်ကြွက်သား ဒဏ်ရာရနေပါတယ်။ စကင်ဖတ်စစ်ဆေးမှုတွေ လုပ်ရပါဦးမယ်။ ရလဒ်မထွက်ခင်အချိန်အထိ ၀င်ဘယ်ဒန်ပြိုင်ပွဲနဲ့ပက်သက်ပြီး ဘာဖြစ်လာမလဲဆိုတာ မသိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Read more

ဆာလက်၊ ကာရီယပ်စ်တို့နှင့် ဖြစ်ရပ်များမှာ ချဲ့ကားထားခြင်းကြောင့် ဖြေရှင်းချက်ပေးသွားမည် မဟုတ်ဟု ရာမို့စ် ပြောကြား

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်က လီဗာပူးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဆာလက်၊ ကာရီယပ်စ်တို့နှင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များမှာ ချဲ့ကာပြောဆိုနေခြင်းမျိုးသာဖြစ်ပြီး မိမိအနေဖြင့် လက်ရှိပြေဆိုနေမှုများ အပေါ်တွင် ဖြေရှင်းသွားမည် မဟုတ်ဟု ဆိုလိုက်သည်။

Read more

ပရီးမီးယားလိဂ်တွင် မန်ယူအသင်းနှင့် ဖရက်ဒ်အောင်မြင်မည်ဟု ၀ီလျံဆို

ဘရာဇီးအသင်းဖော် ၀ီလျံက မန်ယူအသင်းနှင့် အပြောင်းအရွှေ့ဖြစ်မြောက်သွားခဲ့သည့် ဖရက်ဒ်အတွက် ၀မ်းမြောက်မိသည်ဟု ဆိုခဲ့ပြီး ဖရက်ဒ်မှာ အရည်အသွေးရှိသူ တစ်ယောက်ဖြစ်ခြင်းကြောင့် ပရီးမီးယားလိဂ်တွင် မန်ယူအသင်းနှင့် အောင်မြင်လိမ့်မည်ဟု ပြောသွားခဲ့သည်။

ဖရက်ဒ်မှာ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်း နှင့် (၅)နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပြီဖြစ်ကြောင်း မန်ယူအသင်းက ကြေညာသွားခဲ့သည်။ ၀ီလျံက ” သူ(ဖရက်ဒ်) အောင်မြင်မှာပါ။ သူ့အပေါ်မှာ သံသယ မရှိဘူး။ သူဟာ အရည်အသွေးရှိသူ တစ်ယောက်ပါ။ သူ့မှာ နောက်ထပ်တိုးတက်လာနိုင်တဲ့ အရည်အသွေးတွေလည်း ရှိနေပါတယ်။

Read more

အစ္စရေးနှင့် ကစားမည့်ခြေစမ်းပွဲကို အာဂျင်တီးနား ဖျက်သိမ်း

အာဂျင်တီးနားအသင်းမှာ အစ္စရေးနှင့် ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲကစားမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း ကြေညာသွားခဲ့သည်။

အာဂျင်တီးနားအသင်းမှာ လာမည့်စနေနေ့တွင် ဂျေရုဆလင်မြို့၌ အစ္စရေးနှင့် ခြေစမ်းပွဲကစားရန် အစောပိုင်းတွင် စီစဉ်ထားသည်။ သို့သော်လည်း ဂါဇာကမ်းမြှောင်ဒေသတွင် ပါလစ္စတိုင်း တို့အပေါ် ကျူးလွန်ခဲ့သည့် ဖိနှိပ်မှုများကြောင့် အာဂျင်တီးနားအသင်းအနေဖြင့် ဂျေရုဆင်မြို့တွင် ခြေစမ်းပွဲမကားရန် ပါလစ္စတိုင်းတို့က ဆန္ဒထုတ်ဖော်သွားခဲ့ကြသည်။ နိုင်ငံတကာကလည်း အစ္စရေးတို့ အပေါ်တွင် ဖိအားပေးမှုများ ရှိနေခြင်းကြောင်း အာဂျင်တီးနားအသင်းက ခြေစမ်းပွဲကစားမည့် အစီအစဉ်ကို ဖျက်သိမ်းသွားခဲ့ပုံရသည်။

Read more

အီရတ် လုံခြုံရေး တပ်ဖွဲ့ က နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် ၁၃ ဦး အား ပစ်ခတ်ရှင်းလင်း

အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ အထူး တပ်ဖွဲ့ဝင် တစ်ဦး တိုက်ပွဲဝင် နေသည် ကို မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇွန် ၆ ရက်

Read more

သွင်းကုန်အခွန်ကောက်ခံမှု အမေရိကန်နှင့် မက္ကစီကိုတို့ဆွေးနွေး

ဝါရှင်တန်၊ ဇွန် ၆

မက္ကစီကိုနိုင်ငံခြားရေးဝန်ကြီး လုဇ်ဗီဒီဂါရေးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေတို့သည်  မက္ကစီကို၏ ပို့ကုန်များအပေါ် သွင်းကုန်အခွန်   ပြန်လည်စည်းကြပ်ကောက်ခံမည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မက္ကစီကို၏ သံမဏိ နှင့် အလူမီနီယံပို့ကုန်များအပေါ် သွင်းကုန်အခွန်ကောက်ခံမည့် အိမ်ဖြူတော်အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရသည်။

Read more

သီရိလင်္ကာနိုင်ငံ သမ္မတ နဲ့ ၀န်ကြီးချုပ် အကြား တင်းမာမှု ကြီးထွား

(ပုံ – သီရိလင်္ကာ သမ္မတ Sirisena )

သီရိလင်္ကာနိုင်ငံမှာ ၀န်ကြီး ချုပ် Ranil Wichremesinge ရဲ့ မိသားစုပိုင်တဲ့ TV ဌာနကို သမ္မတ Sirisena က ဒီနေ့ ပိတ်ပစ်လိုက်တာကြောင့် အစိုးရအဖွဲ့အတွင်း အားပြိုင်မှုတွေ ပိုပြီး ကြီးထွားလာနေပါတယ်။

Read more

ဆန္ဒပြမှုများအပြင် ဘုရင်ကိုယ်တိုင် တောင်းဆိုမှုကြောင့် ဂျော်ဒန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြင်းထန်လာသည့်နောက် ဂျော်ဒန် ဝန်ကြီးချုပ် ဟာနီ မူလ်ကီသည် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

လောင်စာဆီဈေးနှင့် အခြားသော ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်းကြောင့် ပြည်သူ့ထောက်ခံမှု ကျဆင်း လာချိန်တွင် အခွန်စည်းကြပ်မှုများ မြှင့်တင်ရန် မူလ်ကီက ကြိုးစားလာသည့်နောက် ပြည်သူများက ဒေါသတကြီး တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

Read more

ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အမှတ် (၁၄) ရပ်ကွက်သို့ နယ်မြေကွင်းဆင်းပြီး ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

5-6-2018 ရက်နေ့ နံနက် (9:00) နာရီအချိန် ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ထွန်းဇော်၊ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးစိုးလွင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးကျော်သိန်းထွန်း၊ ဦးကိုကိုလေးတို့သည် အမှတ် (14) ရပ်ကွက်သို့ နယ်မြေကွင်းဆင်းပြီး ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ၍ ရပ်ကျေးပါတီဥက္ကဋ္ဌအသစ် ပြန်လည်ရွေးချယ်ခြင်း၊ လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ အသစ်ပြန်လည်ဖွဲ့စည်းခြင်းများ ပြုလုပ်ရန်နှင့် ၂၀၂၀အောင်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ရပ်ကျေးပါတီဝင်များမှလည်း ပြန်လည်တင်ပြဆွေးနွေးခြင်များပြုလုပ်ခဲ့ပါသည်။

Read more