၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် သင်သတိမထားမိနိုင်သော အချက် (၁၀)ခု

(၁) ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့တဲ့ နိုင်ငံတွေထဲမှာ ရုရှားနိုင်ငံက အကြီးဆုံးဖြစ်ပြီး ကီလိုမီတာ (၁၇.၁)သန်းကျယ်ဝန်းပါတယ်။

(၂) ၂၀၁၈ပြိုင်ပွဲဝင် နိုင်ငံတွေထဲမှာ အိုက်စလန်ဟာ လူဦးရေ အနည်းဆုံးဖြစ်ပြီး (၃၃၅၀၀၀) ကျော်သာ ရှိပါတယ်။

(၃) အီတလီအသင်းဟာ နှစ်ပေါင်း (၆၀)အတွင်းမှာ ပထမဆုံးအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာပါ။

Read more

(၁၁) ကြိမ်မြောက် ဂရင်းစလန်းဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရာဖေးလ်နာဒယ်

ကမ္ဘာ့အဆင့်(၁) စပိန်တင်း နစ်ချန်ပီယံ ရာဖေးလ်နာဒယ် သည် သြစတြီးယားမှ ဒိုမီနစ်သီ ယန်ကို ၆-၄ ၊ ၆-၃၊ ၆-၂ ဖြင့် အပြတ်အသတ်အနိုင်ရပြီး ၎င်း၏ (၁၁) ကြိမ်မြောက် ပြင်သစ်အိုးပင်းဖလားကို ရယူကာ စံချိန်တင်ခဲ့ သည်။

 ဂရင်းဆလမ်ဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်လာသော သီယန်သည် နာဒယ်ကို ပွဲအစတွင် အနည်းငယ် နောက်မှ လိုက်  ကစားနိုင်ခဲ့သော်လည်း အပြတ် အသတ် ရှုံးနိမ့်ခဲ့သည်။

Read more

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ပွဲစဉ် အားလုံးကို အောင်သူ ပါဝင် ကစားခွင့် ရရှိ

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတွင် သွားရောက် ကစားနေသော မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး အောင်သူ သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းမှုဖြင့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ ယူ-၂၃ အသင်းနှင့်အတူ ပွဲစဉ်အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော် က ပြောသည်။

Read more

ဆီမိုနာဟာလက် ပထမဆုံး ဂရင်းဆလမ်ဖလား ဆွတ်ခူး

ကမ္ဘာ့နံပါတ် (၁) တင်းနစ် မယ်ဆီမိုနာဟာလက် သည် ပြင်သစ်အိုးပင်းဗိုလ်လုပွဲတွင် အမေရိကန်မှ စတုန်း စတီဗင်ကို ၃-၆၊ ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိပြီး ပထမဆုံးဂရင်းဆလမ်ဖလားကို သိမ်းပိုက်ခဲ့သည်။

ရိုမေးနီးယားသူ ဆီမိုနာဟာလက်သည် ပြင်သစ်အိုးပင်းဗိုလ်လုပွဲ နှစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီး ယခုနှစ် သြစတြေးလျ အိုးပင်းတွင်လည်း ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရကာ စတုတ္ထအကြိမ်မြောက်၌ ပထမဆုံး ဂရင်းဆလမ်ဖလား ရရှိခြင်း ဖြစ်သည်။

Read more

မြောက်ကိုရီးယားနှင့် ထိပ်သီးအစည်းအဝေးအကြို ထရမ့်နှင့် လီရှန်လွန်း တွေ့ဆုံ

စင်ကာပူ သမ္မတအိမ်တော်ရာနှင့် ရုံးချုပ်ဖြစ်သော Istana တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ စတင်တွေ့ဆုံမှုအဖြစ် ဇွန် ၁၁ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် သတင်းဓာတ်ပုံသမားများ ရှေ့မှောက် နှစ်ဦးအား နွေးထွေးပျူငှာစွာဖြင့် လက်ဆွဲနှုတ်ဆက် တွေ့ဆုံကြသည်။

Read more

မဲပြန်လည်ရေတွက်မှု မတိုင်မီ အီရတ်ရှိ ဆန္ဒမဲလက်မှတ် သိုလှောင်ရုံကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား

မေလက ကျင်းပပြီးစီးခဲ့သော အီရတ် ပါလီမန်ရွေးကောက်ပွဲများအတွင်း မဲမသမာမှုများ ရှိခဲ့သည်ဆိုသည့် စွဲချက်များကြောင့် မဲရလဒ်များကို ပြန်လည်ရေတွက်ရရန် ရှိနေစဉ် ယမန်နေ့က နိုင်ငံတွင် အကြီးဆုံးသော ဆန္ဒမဲလက်မှတ် သိုလှောင်ရုံကြီးတစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မြို့တော် ဘဂ္ဂဒက်၏ အရှေ့ပိုင်းရှိ အယ်လ် ရက်ဆာဖာ ခရိုင်ရှိ အဆိုပါ မဲလက်မှတ် သိုလှောင်ရုံတွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

Read more

ထိပ်သီးအစည်းအဝေးအတွက် ထရမ့်နှင့် ကင်ဂျုံးအွန် ရောက်ရှိနေရာ စင်ကာပူတွင် လုံခြုံရေးတင်းကြပ်

စင်ကာပူ၊ ဇွန် ၁၁

စင်ကာပူနိုင်ငံသို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က ထိပ်သီးအစည်းအဝေးအတွက် ဇွန် ၁၀ ရက်၌ ရောက်ရှိရာ လုံခြုံရေးတင်းကြပ်စွာ ချထားသည်။

ဇွန် ၁၂ ရက်တွင် ထရမ့်နှင့် ကင်ဂျုံးအွန်တို့၏ ထိပ်သီးအစည်းအဝေး၌ မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်သိုက်အရေးက ထိပ်တန်းဦးစားပေး ဆွေးနွေးမည်ဖြစ်ကာ ငြိမ်းချမ်းရေးအတွက် တစ်ချက်တည်းဖြင့် ဖော်ဆောင်မှုအဖြစ် ထရမ့်က ယင်းအစည်းအဝေးကို ပြောဆိုထားသည်။

Read more

ရုရှားနဲ့ယူကရိန်း အစိုးရတို့ အကျဉ်းသားချင်းလဲလှယ်ရန် ဆွေးနွေး

မော်စကို ဇွန် ၁ဝ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုတို့သည် နှစ်ဖက် စလုံးမှ ထိန်းသိမ်းထားသည့် သူများကို လဲလှယ်နိုင်ရန် စနေနေ့က တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာများ၊ နှစ်ဖက်စလုံးမှ ထိန်းသိမ်းထားသူများ လဲလှယ်ရေးကိစ္စများ အပါအဝင် အခြားသောကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ မကွေးခရိုင် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးခရိုင်​ ပါတီ​ကော်​မတီဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ၈.၆.၂၀၁၈ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင်​ တိုင်းအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ မ​ကွေးတိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​နှင့်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး မျက်​​မှောက်​နိုင်​ငံ​ရေးအ​ခြေအ​နေများ၊ ပါတီဌာနချုပ်​နှင့် တိုင်း​ဒေသကြီးပါတီ၏ လုပ်​ငန်း‌လမ်းညွှန်​မှုများ၊ ပါတီဝင်​အင်​အားစိစစ်​ခြင်းဆိုင်​ရာများ၊ နယ်​​မြေအလိုက်​ လှုပ်​ရှား​ဆောင်​ရွက်​​နေမှုများ၊ လုပ်​ငန်းအ​တွေ့အကြုံများအား ​ဆွေး​နွေးညှိနှိုင်းကြပြီး ဆုံးဖြတ်​ချက်​များ ချမှတ်​ကြကာ ၁၂း ၁၀ နာရီတွင်​ ပြီး​မြောက်​ခဲ့ပါသည်​ ။

Read more

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး ​ညောင်​ဦးမြို့နယ်​ လက်​ဝဲရြွာ ပည်​သူလူထုနှင့်​​တွေ့ဆုံ

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးသည်​ (၈.၆.၂၀၁၈) ရက်​​နေ့ နံနက် ​(၀၉း၃၀) အချိန်​တွင်​ ​ညောင်​ဦးမြို့နယ်​၊ တူရွင်းတိုင်​အုပ်​စု၊ လက်​ဝဲရွာ​၌ လက်​ဝဲရွာ၊ ဖိုးနီကန်​ရွာ၊ ​ညောင်​တိုရွာ၊ ကံနီ​ကောက်​ရွာ၊ ​ကျောက်​ကန်​ရွာ၊ ​တောင်​ပုံဝရွာ၊ မကျီးတန်းရွာ၊ တူရွင်းတိုင်​ရွာတို့မှ ပြည်​သူလူထုအင်​အား (၁၅၀)​ကျော်​ခန့်​နှင့်​ ​တွေ့ဆုံခဲ့ပါသည်​။ အဆိုပါအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီဝင်​ ဦးသန်း​ဌေးနှင့် ​ဦး​ကျော်​စန်း၊ ​ညောင်​ဦးခရိုင်​ပါတီဥက္ကဌ ဦးညွန့်​ဝင်းနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ ​ညောင်​ဦးမြို့နယ်​ပါတီဥက္ကဌ ​ဦးအောင်​​ဌေးနှင့် ​ကော်​မတီဝင်​များ၊ ​ကျောက်​ပန်း​တောင်းမြို့နယ်​ပါတီဥက္ကဌ ဦးဝင်းမြင့်နှင့် ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။

Read more