Author: USDP 2016
လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သုံးကြိမ်မြောက်ပါတီနှစ်ပါတ်လည်အထိမ်းအမှတ် အာရုံဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏(၈) နှစ်မြောက်နှစ်ပါတ်လည်နေ့အထိမ်းအမှတ်အဖြစ် လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သုံးကြိမ်မြောက်ပါတီနှစ်ပါတ်လည်အထိမ်းအမှတ် အာရုံဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကိုဇွန်လ (၈) ရက်နေ့ နံနက် (၁၀) နာရီက ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။
လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မဟာသိမ်တော်ကြီးစာသင်တိုက်ကြီး၏ ထာဝရပဒေသာပင်အဖြစ် (၃၅) သိန်းကျပ် မတည်လှူဒါန်းထားပြီး နှစ်စဉ်ပါတီနှစ်ပါတ်လည်နေ့တွင် တနေ့တာအာရုံဆွမ်း၊ နေ့ဆွမ်းဒါနအဖြစ် အလှူငွေ (၃၅၀၀၀၀) ကျပ်နှင့် သင်္ကန်းဒွိစုံတို့ကို မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံ ဆက်ကပ်လှုဒါန်းခဲ့ကြပြီး ရေစက်သွန်းချအနုမောဒနာတရားနာယူခဲ့ကြကြောင်းသိရှိရသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီးတို့မှ တုရွင်းတိုင်အုပ်စု၊ လက်ဝဲရွာတောရကျောင်း ဓမ္မာရုံတည်ဆောက်ရန်အတွက် အလှူငွေကျပ်သိန်း (၃၀) လှူဒါန်း
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဇနီးဒေါ်ခင်မျိုးဌေးတို့သည် (၈.၆.၂၀၁၈) ရက်နေ့ နံနက် (၀၈း၃၀) အချိန်တွင် တုရွင်းတိုင်အုပ်စု၊ လက်ဝဲရွာတောရကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒအရှင်သူမြတ်အား ဖူးမျှော်ကန်တော့ပြီး ဓမ္မာရုံတည်ဆောက်ရန်အတွက်အလှူငွေကျပ်သိန်း (၃၀) နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးသန်းဌေးနှင့်ဦးကျော်စန်း၊ ညောင်ဦးခရိုင်/မြို့နယ် ပါတီဥက္ကဌနှင့်ကော်မတီအဖွဲ့များ၊ ကျောက်ပန်းတောင်းမြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
Read moreဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စာသင်ကျောင်းအတွင်း သန့်ရှင်းရေးလုပ်အားပေး
ရန်ကုန် ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌဦးလှမြင့်ဦးဆောင်၍ ပါတီဝင်အင်အား ၂ဝ ဖြင့် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် အလက(၂)စာသင်ကျောင်းဝင်း အတွင်းရှိ ချုံနွယ်များနှင့် မြက်ပင်များကို ကျောင်းသားများ အန္တရာယ်ကင်းစွာ စာသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက မြက်ရိတ်စက်နှစ်လုံးဖြင့် စုပေါင်းရှင်းလင်း၍ သန့်ရှင်း ရေး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ
ကျောက်ကြီး ဇွန် ၇
တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးလှဘုန်းနှင့် မြို့နယ်ကော်မတီဝင်များသည် ယခုလ ၅ ရက်တွင် အင်းနက်ကျေးရွာအုပ်စု ကျွဲတလင်းကျေးရွာနှင့် မမရမ်း ကျေးရွာအုပ်စု ထိုက်ထူ၊ စဖျင်ကြီးကျေးရွာများမှ အုပ်စုပါတီဥက္ကဋ္ဌများနှင့် ကျေးရွာပါတီဝင်များအား နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ တွေ့ဆုံ ခဲ့သည်။
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်
ထီးလင်း၊ ၇.၆.၂၀၁၈
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်ပါတီဥက္ကဌ ဦးသိန်းဆွေ၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နွဲ့နွဲ့စန်း၊ ခရိုင်လူငယ်တာဝန်ခံ ဦးဇော်ဦး နှင့် ထီးလင်မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး ပါတီလုပ်ငန်း များ စည်းရုံးရေးလုပ်ငန်းများ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းများ ပွင့်လင်းစွာ ဆွေးနွေးတင်ပြခြင်း ဆုံးဖြတ်ခြင်းများ ပြုလုပ်ကြပါသည်။ အဆိုပါ လစဉ်ပုံမှန်အစည်းဝေးကို နံနက် ၉ နာရီမှ စတင်ပြီး နေ့လည် ၁၂ နာရီတွင် ပြီးမြောက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ပါတီနှစ်စဉ်ကြေး ပထမအကြိမ်စုပေါင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ
မန္တလေး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ ခုနှစ်အတွက် ပါတီနှစ်စဉ်ကြေး ပထမအကြိမ် စုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီများ လစဉ်ပုံမှန်အစည်းအဝေး အမှတ်စဉ်(၄/၂ဝ၁၈)ကျင်းပခြင်း အခမ်းအနားတို့ကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဇွန် ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ်မှဥက္ကဋ္ဌများ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဌေးဝင်း နှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၂၅ ဦးတက်ရောက်ခဲ့သည်။











