ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

 

၁၀.၆.၂၀၁၈ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် မြို့သာအုပ်စုတွင် ညနေ့ (2) နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မြင်ခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူနှင့် မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်နှင့် ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များနှင်အတူ မြို့သာကျေးရွာ ရပ်/ကျေးပါတီဥက္ကဌနှင့်ပါတီဝင် များသည် မြို့သာအရှေ့ရွာ ဦးစိန်ထွန်းနေအိမ်ရှေ့တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။


Read more

ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးဝေလွင် ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသကျေးရွာများသို့ ကွင်းဆင်းတွေ့ဆုံ

 

Read more

မကွေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လင်းဒလူးကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

နတ်မောက် ဇွန် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသ ကြီး မကွေးခရိုင်ဥက္ကဋ္ဌဦးထွန်းရှိန်၊ ခရိုင်ကော်မတီဝင်များ၊ ဦးသိန်းအေး နတ်မောက်တာဝန်ခံ၊ ဦးတင်မြင့်လှိုင် စီးပွားရေးတာဝန်ခံ နတ်မောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ မြို့နယ်ပါတီကော် မတီဝင်များ၊ ဦးထွန်းမှီ၊ ဦးသန်းပြုံးနှင့်ဦးမြင့်ဌေးတို့သည်၊ လင်း ဒလူးကျေးရွာပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့် ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် လင်းဒလူးဘုန်းတော် ကြီးကျောင်း၌ တွေ့ဆုံခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တင်

 

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ညောင်ဝိုင်းအုပ်စုကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်း အနားကို ဇွန် ၁ဝ ရက် နံနက်ပိုင်းက မိုးထဲရေထဲ၌ စည်ကားသိုက် မြိုက်စွာ ရွာလုံးကျွတ်ကျင်းပ ခဲ့စဉ်။

အောင်မျိုးခိုင်


Read more

ကျောင်းများတွင် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင် တာဝန်ခံဦးသိန်းကျော်အောင်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ပါတီဥက္ကဋ္ဌဦးခင်ဝင်း၊ အတွင်းရေးမှူးဦးခင်မောင်ဝင်း၊ ဘဏ္ဍာရေးမှူးဦးဇင်မင်း ထွန်း၊ မြို့နယ်ရွှေဆိပ်ကမ်းလူငယ်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် (၁၆၈)ရပ်ကွက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) မူလတန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးမဖြစ်စေရန် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းအား ဇွန် ၁ဝ ရက် နံနက် ၈နာရီမှစတင်၍ ၁၁ နာရီ မိနစ် ၂ဝအထိ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

Read more

မြန်အောင်ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံ (၂ဝ၁၈) အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူငယ်ညီလာခံ(၂ဝ၁၈) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်က အမှာစကားပြောကြားရာတွင် လူငယ်များအား လူငယ်ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူငယ်တာဝန်ခံ မြို့နယ်ပါတီ ကော်မတီဝင်ဦးအောင်မျိုးဦးနှင့် မြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်ယဉ်မြတ်သူတို့က ရှင်းလင်းပြောကြား ခဲ့ကြသည်။

Read more

မြင်းခြံပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများအား အာဟာရဒါနနှင့်စာရေးကိရိယာလှူဒါန်း

 

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လေးအိမ်တန်း ကျေးရွာရှိ ရွှေညောင်ပင်ကျောင်းတိုက်တွင်ဖွင့်လှစ် သင်ကြားလျက်ရှိသော ဓမ္မစကူးလ်ကျောင်းသို့သွားရောက်၍ မူလတန်းသင်တန်းသား ၂၃ဝ တို့အား အာဟာရဒါနအဖြစ် ရေခဲမုန့်၊ စာရေးကိရိယာများ ယနေ့တွင် လှူဒါန်းကျွေးမွေးခဲ့ကြသည်။ ၄င်းနောက် လေးအိမ်တန်းကျေးရွာပါတီဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် ပါတီဆိုင်းဘုတ်စိုက်ထူခဲ့ကြသည်။

ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူနှင့် မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ရပ်ကွက်/ကျေးရွာများမှပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

Read more

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

ပခုက္ကူ- ဇွန် – ၉

မ​ကွေးတိုင်း​ဒေသကြီး ပခုက္ကူမြို့နယ် ​ငွေသောင်ကျေးရွာတွင်‌ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲ အခမ်းအနားကို ယနေ့နံနက်ကိုးနာရီ အချိန်တွင်အဆိုပါ​​ကျေးရွာ၌ ပြုလုပ်​ခဲ့သည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး တိုင်းပါတီကော်မတီဝင် ဦးဟန်မောင်နှင့် တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦးတို့နှင့် ပခုက္ကူခရိုင်ပါတီ
ကော်မတီဝင်များ ပခုက္ကူမြို့နယ်ပါတီကော်မတီဝင်များ အသီးသီးတက်ရောက်ခဲ့ကြသည်။

Read more

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံအတွေ့အကြုံရှင်းလင်း

 

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူးကျင်းပသော လစဉ်ပုံမှန် အစည်းအဝေးနှင့်လူငယ်ညီလာခံ (၂ဝ၁၈)အတွေ့အကြုံရှင်းလင်းပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more