ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ချင်းဟိုင်ရေကန်သို့ သွားရောက်လေ့လာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် များသည် ယမန်နေ့တွင်တည်းခိုရာ ချင်းဟိုင်ဟိုတယ်(Qinghai Hotel)မှ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ချင်းဟိုင် ရေကန်(Qinghai Lake)သို့ သွားရောက်ရာ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိလေ့လာခဲ့ကြသည်။ ချင်းဟိုင်သည် ကုန်းတွင်းရေငန်ကန်တစ်ခု ဖြစ်ပြီး ရေအနက် ၂၂ မီတာ ရေအပူချိန် ၇ ဒီဂရီဖာရင်ဟိုက်နှင့် စတုရန်းကီလိုမီတာ ၄၆ဝဝ ကျယ်ဝန်းသည်။

Read more

မန်ယူရဲ့ပစ်မှတ် ဂျက်စတင်ကလွိုက်ဗက် ရိုးမားကိုရောက်ပြီ

မန်ယူအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ အေဂျက်ဇ်အသင်းတောင်ပံကစားသမား ဂျက်စတင်ကလွိုက်ဗက်ဟာ ရိုးမားအသင်းကို စုစုပေါင်းတန်ကြေးပေါင် ၁၅.၈၅သန်း(ယူရို ၁၈ သန်း)နဲ့ ပြောင်းတော့မယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဂျက်စတင်ဟာ နယ်သာလန်လက်ရွေးစင်ဟောင်း ပက်ထရစ်ကလွိုက်ဗက်ရဲ့ သားဖြစ်ပြီး သူ့အဖေက အေဂျက်ဇ်မှာဘဲ ဆက်နေဖို့ တိုက်တွန်းခဲ့ပေမယ့် အသင်းပြောင်းခဲ့သူဖြစ်ပါတယ်။

Read more

Hyundai နဲ့အကျီင်္လက်မောင်စပွန်ဆာကို ချဲလ်ဆီးရယူနိုင်ခဲ့

ချဲလ်ဆီးအသင်းဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် မော်တော်ကားထုတ်လုပ်ရေးကုပ္မဏီကြီးဖြစ်တဲ့ Hyundai နဲ့ အကျီင်္လက်မောင်းစပွန်ဆာကို ရယူလိုက်ပြီလို့ သိရပါတယ်။ စာချုပ်သက်တမ်းက ၄ နှစ်ဖြစ်ပြီး ငွေကြေးပိုင်း ကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ Hyundai ဟာဗြိတိန်ဘောလုံးဈေးကွက်ထဲကို အခုမှပထမဆုံး ၀င်ရောက်လာတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အကျီင်္လက်မောင်းမှာ စပွန်ဆာတပ်ဆင်ဖို့ကို ပြီးခဲ့တဲ့နွေရာသီမှာကတည်းက ခွင့်ပြုပေးခဲ့တာပါ။ Hyundai တံဆိပ်နဲ့ အကျီင်္ကို ဒေးဗစ်လူးဝစ်၊ ဘာကာယိုကိုနဲ့ ဂီရော့်ဒ်တို့က မိတ်ဆက်ပြသခဲ့ကြတာပါ။

Read more

နိုင်ငံရေးအရ အသုံးချခံဖြစ်သွားခဲ့ရတဲ့ ဆာလာ

တနင်္လာနေ့က ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတချို့ကြောင့် အမေရိကန်နဲ့ ဥရောပမီဒီယာတွေအပြင် လူအခွင့်အရေး လှုပ်ရှားသူတွေကပါ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

ဆာလာဟာ အီဂျစ်အသင်းနဲ့အတူ ဂရော့ဇ်နီမြို့မှာ အခြေစိုက်နေစဉ်အတွင်း ချေချင်းညာဒေသခေါင်းဆောင် ရမ်ဇန်ခါဒီရော့ဗ်နဲ့ အတူ ကစားကွင်းထဲမှာ ဒေသခံပရိသတ်တွေကို လှည့်လှည် နှုတ်ဆက်ကာ လက်ချင်း ဆုပ်ကိုင်ပြီး ဓာတ်ပုံတွဲရောက်ခဲ့တာကြောင့် အင်တာနက်ပေါ်မှာ ဝေဖန်မှုတွေ အပြင်းအထန်ရှိခဲ့တာပါ။ ချေချင်းညာခေါင်းဆောင် ခါဒီရော့ဗ်ဟာ မွတ်ဆလင် အစွန်းရောက် တစ်ဦးဖြစ်ပြီး ရုရှားအစိုးရရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ချေချင်းညာဒေသမှာ လူအခွင့်အရေးချိုးဖောက်မှုများစွာအတွက် စွပ်စွဲခံထားရသူပါ။

Read more

အတိတ်က မအောင်မြင်မှုများကို အင်္ဂလန်အသင်းဂရုမစိုက်ဟု တိုက်စစ်မှူး ဟယ်ရီကိန်း ပြော

၅၂ နှစ်ကြာ ဆုဖလားများနှင့် ဝေးကွာနေခြင်း အဆုံးသတ်လိုပါက အင်္ဂလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားတွင် ထူးခြားအောင် လုပ်ပြရမည်ဟု ယုံကြည်ထားကြောင်း တိုက်စစ်မှူးဟယ်ရီ ကိန်းက ပြောသည်။

အင်္ဂလန်သည် ၁၉၆၆ က ကမ္ဘာ့ဖလားရခဲ့ပြီးနောက်ပိုင်း ထိုကဲ့သို့ အောင်မြင်မှုမျိုး ထပ်မံ မဖန်တီးနိုင်ခဲ့ဘဲ အဓိကပြိုင်ပွဲများတွင် အမြင့်ဆုံး အကြိုဗိုလ်လုပွဲ အထိသာ တက်ရောက်နိုင်ခဲ့သည်။ သို့သော် ဂါရက်ဆောက်သ် ဂိတ်၏ လူငယ်အများအပြားပါဝင်သော အသင်းသည် ယခင် ကမ္ဘာ့ဖလား မှတ်တမ်းများဖြင့် အာရုံထွေပြားရမည် မဟုတ်ဟု ဟယ်ရီကိန်းက ပြောသည်။

Read more

ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာနှင့် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်း

 

လွိုင်ကော်မြို့ – ဇွန် ၁၁

Read more

ကင်မ်နှင့်အကြား သဘောတူစာချုပ် လက်မှတ်ထိုးမည်ဟု ထရမ့် ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် သမိုင်းဝင်တွေ့ဆုံမှုတွင် တိုးတက်သည့် အခြေအနေကောင်းများ ဖြစ်ပေါ်ခဲ့ပြီး များစွာ ခရီးပေါက်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ယင်းအပြင် ကင်မ်နှင့် အကြား သဘောတူညီမှု လက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း လည်း ထရမ့်က ပြောသည်။ မည်သည့်ကိစ္စ မည်သည့်သဘောတူညီချက် ဆိုသည်ကိုတော့ ရှင်းလင်းစွာ ပြောဆိုခြင်း မရှိပေ။

Read more

ရွှေ့ပြောင်း ဒုက္ခသည် လှေများကို ကမ်းကပ် ဝင်ရောက်ခွင့် အီတလီ အစိုးရသစ် ပိတ်ပင်

မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ခိုလှုံ ရွှေ့ပြောင်းလာသူများကို ဆိပ်ကမ်းများက လက်ခံ ကယ်ဆယ်ခွင့်ကို အီတလီ အစိုးရသစ်က တားဆီး ပိတ်ပင်လိုက်သည်။

အီတလီ လက်ယာစွန်းပါတီ အကြီးအကဲဖြစ်ပြီး လက်ရှိ ပြည်ထဲရေး ဝန်ကြီးအဖြစ် တာဝန်ယူနေသည့် မက်တီယို ဆယ်လ်ဗီနီက ဒုက္ခသည် လှေများကို ကမ်းကပ်ခွင့် ပေးတော့မည် မဟုတ်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် ရွှေ့ပြောင်း ဒုက္ခသည် ၆၂၉ ဦးကို တင်ဆောင်လာသည့် လှေတစ်စီးမှာ ကမ်းကပ်ခွင့် မရဘဲ အခက်အခဲ တွေ့နေရသည်။

Read more

ပိတ်ပင်ထားရာမှာ စီးနင်းခွင့် ပြုတော့မည်ဖြစ်၍ ဆော်ဒီအမျိုးသမီးများ ဆိုင်ကယ်စီး သင်

ရီယတ်ဒ်၊ ဇွန် ၁၂

ကိုယ်ကျပ်ဂျင်းဘောင်းဘီနဲ့ ဟာလီဒေးဗစ်ဆင် တီရှပ်ဝတ်ဆင်လျက် ဆော်ဒီအာရေဗျ အမျိုးသမီးတွေဟာ ရီယတ်ဒ်မြို့က အားကစားကွင်း ပတ်လမ်းမှာ ဆိုင်ကယ်စီးနေကြတယ်ဆိုတာမျိုးဟာ ပြီးခဲ့တဲ့တစ်နှစ်လောက် အတွင်းမှာတောင် စိတ်ကူးနဲ့ ပုံဖော်ဖို့တောင် ခက်မယ့်မြင်ကွင်းပါ။

ဒါပေမယ့် ဆယ်စုနှစ်တွေကြာ အမျိုးသမီးတွေအပေါ် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာကို ဇွန် ၂၄ ရက်မှာ သမိုင်းတွင် ရုပ်သိမ်းတော့မှာဖြစ်တာကြောင့် ဆော်ဒီအမျိုးသမီးတွေဟာ ပုဂ္ဂလိကပိုင် Bikers Skills Institute မှာ အပတ်စဉ် ဆိုင်ကယ်စီးနည်း လာသင်နေကြပါပြီ။

Read more

ထိုင်းတောင်ပိုင်းမှာ လူ ၅ ဦး အသတ်ခံရ

(AFP)

ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတဲ့ မွတ်စလင်အများစုနေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်း ယာလခရိုင်မှာ လူ ၅ ဦး ဒီနေ့မှာ သတ်ဖြတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားပါတယ်။ အိမ်ရှင် အပါအဝင် အသတ်ခံရသူ ၅ ဦးဟာ ဆွေးနွေးပွဲလုပ်နေစဉ် ညဖက် ၁ နာရီခန့်မှာ အသတ်ခံရတာဖြစ်ပြီး တောင်ပိုင်းမွတ်စလင်သူပုန် လှုပ်ရှားမှုနဲ့ သက်ဆိုင်ခြင်း ရှိ မရှိ စုံစမ်းနေတယ်လို့ နယ်မြေခံ ရဲအရာရှိက ပြောပါတယ်။

Read more