ဒီမိုကရေစီအနှစ်သာရကို တည့်မတ်မှန်ကန်စွာ ကျင့်သုံးကြ

ဒီမိုကရေစီတွင် အများဆန္ဒနှင့် ဆုံးဖြတ်သည့် နည်းလမ်းရှိပါသည်။ သို့သော် တစ်ချိန်တည်းမှာ ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးကိုလည်း ကာကွယ်ကုသ ရန်အတွက် လွတ်လပ်စွာပြောဆို၊ ရေးသားခွင့်သည် အရေးတကြီး၊ တလေးတစား ခွင့်ပြုပေးရသည့်ကိစ္စဖြစ်သည်။
တစ်နည်းအားဖြင့် အများဆန္ဒဖြင့်ဆုံးဖြတ်ရာတွင် အများသိစေရန်အတွက် လွတ်လပ်စွာပြောဆိုရေးသားခွင့်များ ပေးထားခြင်းကလည်း မရှိမဖြစ်လိုအပ်ပါသည်။
လွတ်လပ်စွာပြောဆို၊ ရေးသားခွင့်မရှိလျှင် ဒီမိုကရေစီသည် အာဏာရှင်စနစ်၊ ပဒေသရာဇ်ဆန်သောစနစ်နှင့် အတူတူပင်ဖြစ်သွားပေမည်။ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်သည် အာဏာရှင်ပဒေသရာဇ်မဆန်ရေးအတွက် ကာကွယ်ထားသည့် ဒိုင်းတစ်ခုလည်းဖြစ်သည်။
ဒီမိုကရေစီမူအရ နိုင်ငံရေးပါတီတစ်ခုက လွှတ်တော်၏အများစုနေရာကို မည်မျှပင် ပိုင်ဆိုင်ထားသည်ဖြစ်စေ အတိုက်အခံဘက် သို့မဟုတ်၊ လူနည်းစု၏ပြောရေးဆိုခွင့်ကို ပိတ်ဆို့တားဆီးခြင်း မလုပ်သင့်ဟု ဆိုရမည်။ ဒီမိုကရေစီစနစ်၏ အနှစ်သာရနှင့် ဂုဏ်ယူစရာမှာ နိုင်ငံရေးပါတီတစ်ခုနှင့်တစ်ခု ဝေဖန်ပြောကြားမှုများ၊ ငြင်းခုံဆွေးနွေးမှုများကို ရှင်သန်စေခြင်းပင်ဖြစ်သည်။ ထိုသို့မလုပ်ဘဲ ကန့်သတ်တားဆီး ပိတ်ပင်မှုများ လုပ်နေလျှင် ဒီမိုကရေစီဖွံ့ဖြိုးမှုနှင့်နိုင်ငံဖွံ့ဖြိုးမှုကို ထိခိုက်ပျက်ပြားစေမည်ဖြစ်သည်။ ဒီမိုကရေစီနှင့်ဆန့်ကျင်ဘက်ကိုသာ ဦးစားပေးနေခြင်းတစ်နည်း ဆိုရသော် ဒီမိုကရေစီကိုဆန့်ကျင်နေသလိုဖြစ်ပါက ပြည်သူကလက်ခံမည်မဟုတ်ကြောင်း သိထားသင့်ပါသည်။
လွတ်လပ်စွာ ပြောဆိုခွင့်ဟူသည် တစ်ဦးတစ်ယောက်၏ သဘောထားအမြင်ကို အသိအမှတ်ပြုပေးခြင်းဖြစ်ပြီး လူနည်းစုသဘောထားကို လေးစားသင့်သည်ဟူသော ‘မူ’ အရ ဖြစ်သည်။ လူထုကြီးက ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံလာသည်နှင့်အမျှ အများစု၏အမြင်သည် အနည်းစု၏အမြင်ထက် အမှန်တရားနှင့်ပို၍ နီးစပ်သည်ဟု ပြောနိုင်သော်လည်း အနည်းစု၏ကန့်ကွက်မှုကို သေချာစွာနားထောင်၍ အများစု၏အမြင်ကို ထပ်မံပြန်လည်စဉ်းစားကြည့်ခြင်းသည် အမှန်တရားကို ပိုမို တိကျခိုင်လုံစေရန်ဖြစ်သည်။ ယင်းနှင့်ပြောင်းပြန်လူများစုအမြင်ကို အတင်းအဓမ္မ အကောင်အထည်ဖော်လျှင် လူနည်းစုပြောဆိုတင်ပြရေးသားထုတ်ဖော်ခြင်းကို ဂရုမစိုက်ခြင်းဖြစ်သွားပေမည်။ ထိုအခါ နိုင်ငံရေးအမှန်တရား အလင်းရောင်ပျောက်ဆုံး၍ နိုင်ငံရေးအမှောင်ခေတ်ဟု သမိုင်းတင်ခံရနိုင်သည်။ လူ့အဖွဲ့အစည်း၏ အမှားအယွင်းများကို တည့်မတ်ပေးနိုင်သည့် အခွင့်အလမ်းကို မိမိကိုယ်တိုင်ဆုံးရှုံးခံရရန် လုပ်လိုက်မိသလိုမျိုးဖြစ်သွားမည်။
အဆုံးအဖြတ်ယူရမည့်ကိစ္စများတွင် အများစု၏အမြင်သည်သာ မှန်ကန်သည် ဟု အခါခပ်သိမ်းအဓိပ္ပာယ်မထွက်ပေ။ အတိုက်အခံ၏ အမြင်အမျိုးမျိုးထဲတွင် မည်သည့်အမြင်က မှန်ကန်ပါသနည်းဟု စေ့ငုလေ့လာမှုအားကောင်းသင့်ကြောင်း၊ ဒီမိုကရေစီမူများက ဆိုထားပါသည်။ အတိုက်အခံ၏ အမြင်သဘောထားကို လှည့် မကြည့်ခြင်းသည် ဒီမိုကရေစီကို ကျောခိုင်းခြင်းဟု ဆိုနိုင်ပါသည်။
၂ဝ၁၅ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့သစ်ပေါ်လာရာတွင် ပြည်သူလူထုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုမျှော်လင့်ထားကြသည်။
အစိုးရ ဖွဲ့စည်းပြီးသည်နှင့် သပိတ်မှောက်ကျောင်းသားများနှင့်နိုင်ငံရေးအရ ထောင်ကျနေသူများကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်များကို ကန့်သတ်ပိတ်ပင်လာပေသည်။ လက်ရှိအစိုးရသည် နှစ်နှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ခွင့်များကို ကန့်သတ်ရာ၌ အမှု ၁၃ မှု ရှိခဲ့သည်။ ငါးမှုကို ရုပ်သိမ်းပေးခဲ့သည်။ သတင်းသမားများအပေါ် တရားစွဲဆိုထားမှု ၂၁ မှု ရှိခဲ့ပြီး သတင်းသမား ၃၅ ဦး တရားရင်ဆိုင်နေရသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် ဆန္ဒပြခွင့်ပိတ်ပင်ခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ရိုက်ချိုးဖောက်ခြင်းဟုဆိုကြသည်။
အဖွဲ့အစည်းတစ်ခုက အစီရင်ခံစာထုတ်ပြန်ရာ၌ လက်ရှိအစိုးရနှင့်လွှတ်တော်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ပိတ်ပင်ရာတွင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ထောက်ပြလိုက်သည်။ ၂ဝ၁၆ ဧပြီ ၁ ရက်မှ ၂ဝ၁၈ မေလ ၃၁ ရက်အထိ နှစ်နှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့် ချိုးဖောက်ပိတ်ပင်မှုများမှတ်တမ်းဟု ဆိုနိုင်ပါသည်။
အစိုးရသစ်၏ နှစ်နှစ်တာကာလသည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားခွင့်အခြေအနေ ပို၍ဆိုးရွားသွားသည်ကို တွေ့ရကြောင်း ၄င်းအဖွဲ့၏ အစီရင်ခံစာအနှစ်ချုပ်တွင် တင်ပြထားသည်။
ဒီမိုကရေစီ၏ အနှစ်သာရအမှန်မှာ အများစုဆန္ဒနှင့် ဆုံးဖြတ်ခြင်းလည်းရှိပြီး အနည်းစု၏သဘောထားကိုလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသား ပြောဆိုခွင့်ကို လေးစားစွာသုံးသပ်စိစစ်ခြင်းကိုလည်း လုပ်သင့်သည်သာဖြစ်ပါသည်။ ၄င်းနည်းလမ်းကို လိုက်နာကျင့်သုံးခြင်းမရှိပါက အာဏာရှင်စနစ်၊ ပဒေသရာဇ်ဆန်သော ပုဂ္ဂိုလ်ရေးကိုးကွယ်ဆည်းကပ်မှုပေါ်လာနိုင်ကြောင်း ထောက်ပြလိုပါသည်။
မှားယွင်းမှုများကို ပြန်လည်ဆန်းစစ်၊ ပြုပြင်ခြင်းများဖြင့် ဒီမိုကရေစီ အနှစ်သာ ရကို တည့်မတ်မှန်ကန်စွာကျင့်သုံးသွားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။

Read more

ကျိုက်​မ​ရောပြည်​ခိုင်​ဖြိုးပါတီမှ ​လေ​ဘေးသင့်ပြည်​သူများအား အလှူ​ငွေ​ပေးအပ်

 

ယ​နေ့ (19.6.2018) ​နေ့ နံနက်​ ၁၁ နာရီအချိန်​တွင်​ ကျိုက်​မ​ရောမြို့နယ် ​ဖနုံ​ကျေးရွာ ဗမာစု​နေဦး​အောင်​မင်းဦး​နေအိမ်​နှင့် ဒေါ်စမ်းစမ်း​အေး​နေအိမ်​တို့သည်​ (17.6.2018) ​နေ့​လေ မိုးဒဏ်​​ကြောင့် သစ်​ပင်​များပြိုလဲ၍ ​နေအိမ်​များပျက်​စီး​နေသည်​ကို မွန်​ပြည်​နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ပြည်​နယ်​​ကော်​မတီဝင်​ ဦး​အောင်​​ကျော်​သိန်းနှင့် ကျိုက်​မ​ရောပြည်​ခိုင်​ဖြိုးပါတီမှ မြို့နယ်​​ကော်​မတီဝင်​များမှ သွား​ရောက်​ကြည့်​ရှု၍ အား​ပေးစကား​ပြောကြားပြီး ကျိုက်​မ​ရောပြည်​ခိုင်​ဖြိုးပါတီမှ အလှူ​ငွေ ၁သိန်းကျပ်​ ​ပေးအပ်​လှူဒါန်းခဲ့ပါသည်။

ကျိုက်​မ​ရောပြည်​ခိုင်​ဖြိုး

Read more

ရေးကြီးမှုကြောင့် လမ်းမများအတွင်း တင်ကျန်နေသည့် သဲမြေများအား ရှင်းလင်း

 

ရေကြီး​ရေလျှံမှု​ကြောင့် ရွှေတောင်​ရပ်​ကွက်​ ​ရွှေ​တောင်​လမ်း အ​ပေါ်ပိုင်းလမ်း မ​ပေါ်တင်ကျန်နေသော သဲမြေများအား မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ GREEN 9 လူငယ်များ၊ ရပ်​မိရပ်​ဖများနှင့်အတူ ယနေ့ ရှင်းလင်း လုပ်​အား​ပေးဖြစ်​ခဲ့ကြကြောင်း သိရသည်။


Read more

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အလံနှင့်ဝတ်စုံပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ခရိုင်ပါတီ ကော်မတီများသို့ ပြည်ခိုင်ဖြိုးဝတ်စုံနှင့် ပါတီအလံပေးအပ်ပွဲကို ယမန် နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

Read more

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်နှင့်အဖွဲ့ ပုသိမ်းကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာသို့ ကွင်းဆင်း

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ဥက္ကဌ ဦးဘိုသင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့များသည် (၁၉.၆.၂၀၁၈) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာသို့ ကွင်းဆင်းကာ ပါတီအမှုဆောင်အဖွဲ့နှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။


Read more

မင်္ဂလာဒုံတွင်ပြည်ခိုင်ဖြိုးပါတီဝင် နာရေးကူညီထောက်ပံ့

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှမင်္ဂလာ ဒုံမြို့နယ် ပလရရပ်ကွက် ကြူစမ်း ရွာမ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး ကွယ်လွန်သည့်အတွက် ထောက်ပံ့ ငွေများအားယမန်နေ့ကမြို့နယ်ပါတီ မှ ကော်မတီဝင် ဦးကျော်သန်း၊ ဦးဝင်းသန်းနှင့် နယ်မြေတာဝန်ခံ ဦးမြင့်ကျော်၊ရပ်/ကျေးပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များမှ ကွယ်လွန် သူ၏မိသားစုဝင်များအား တစ်ဦး လျှင် ကျပ်နှစ်သိန်းစီ သွားရောက် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

Read more

ပုဗ္ဗသီရိမြို့နယ် ကြံတဲစုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆင်သေချောင်းရေကာ တာတည်ဆောက်ပြီးစီးမှု သွားရောက်ကြည့်ရှု

 

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ် မြေပါတီ နေပြည်တော်ခရိုင်ပါတီ ပုဗ္ဗသီရိမြို့နယ်ပါတီတို့မှ ပူးပေါင်း ပြီး တည်ဆောက်လျက်ရှိသော ပြည်ခိုင်းဖြိုးပါတီ ဆင်သေချောင်း ရေကာ တာတည်ဆောက်ပြီးစီးမှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်း၊နေပြည် တော်ခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး တို့က သွားရောက်ကြည့်ရှုခဲ့ရာ ဖြုတ်ခွဲကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးလှငွေနှင့် ရေကာ တာတည် ဆောက်ရေးအဖွဲ့များမှပြီးစီးမှုအခြေ အနေအား လိုက်လံပြသခဲ့သည်။

Read more

ဖုန်းကို တစ်နာရီအကြာ မသုံးခဲ့ရင် IPhone ရဲ့ Lightning Port ကို Disable လုပ်ဖို့စီစဉ်နေတဲ့ Apple

iPhone ထုတ်ကုန်တွေထဲကို ဥပဒေအဖွဲ့အစည်းတွေ ထိုးဖောက်ဝင်ရောက်တဲ့ လုံခြုံရေးအပေါက်ကို ပိတ်ဆို့ဖို့ အတွက် iPhone setting တွေကို ပြောင်းလဲသွားမယ်လို့ Apple က ဇွန်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်ခဲ့ ပါတယ်။ ဒီပိတ်ဆို့မှုဟာ Apple က သုံးစွဲသူတွေအားလုံးကို ကာကွယ်ဖို့ ရည်မှန်းထားတာဖြစ်ပြီး အထူးသဖြင့် ရဲတွေနဲ့ ရာဇဝတ်ကောင်တွေက iPhone တွေကို ရယူသိမ်းဆည်းထားတဲ့ နိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ တိုက်ခိုက်မှု နည်းလမ်းကို အမြစ်ဖြတ်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Read more

မြန်မာနဲ့ ရေးထိုးတဲ့ MoU ဘင်္ဂလားဒေ့ရှ်ကို ကုလရှင်းပြ

ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ နေရပ်ရင်းကို ဂုဏ်သိက္ခာ ရှိရှိ လုံလုံခြုံခြုံ ပြန်နိုင်မယ့် အခြေနေတွေ ဖန်တီးပေးဖို့ ကုလသမဂ္ဂအဖွဲ့စည်း နှစ်ခုနဲ့ မြန်မာတို့ကြား မကြာသေးခင်ကမှရရှိခဲ့တဲ့ နားလည်မှု စာချွန်လွှာ MoU ပါ သဘောတူညီမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအဖွဲ့ UNHCR က ဘင်္ဂလားဒေ့ရှ် အစိုးရကို အကြမ်းဖျင်း ရှင်းလင်းပြောပြခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

Read more

စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ မသမာမှုဆောင်ရွက်ပါက ထိရောက်စွာအရေးယူမည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ပြော

စာရင်းစစ်ချုပ်ရုံး ၀န်ထမ်းများ မရိုးသားမှုနှင့် မသမာမှုများ ဆောင်ရွက်ပါက ထိရောက်ပြတ်သားစွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကပြောသည်။ ဇွန်လ ၁၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

Read more