ကုလသမဂ္ဂနှင့် မြန်မာအကြား အပြုသဘောဆောင်သည့်ပံ့ပိုးမှုများ ပေါင်းကူးဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း အထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား အပြုသဘော ဆောင်သည့်ပံ့ပိုးမှုများ ပေါင်းကူးဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့ (ဇွန်လ၁၃ရက်)တွင် ကုလအတွင်းရေးမှူးချုပ်၏အထူး ကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာကို နေပြည် တော်၌လက်ခံ တွေ့ဆုံရာ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသည်။
Read more








