ဒိန်းမတ်၊ ပြင်သစ်နှင့် အာဂျင်တီးနားတို့ အနိုင်ရနိုင်သည့် ယနေ့ည ကမ္ဘာ့ဖလားပွဲစဉ်များ

ဒိန်းမတ်-သြစတြေးလျ //ညနေ ၆ နာရီခွဲ

ပွဲဦးထွက်တွင်ပီရူးကို တစ်ဂိုးတည်းဖြင့် ကပ်နိုင်ထားသော ဒိန်းမတ်အသင်း၌ သြစတြေးလျနှင့်ပွဲအတွက် ကွင်းလယ်လူ ဗစ်ဗက်ကေဗစ်ဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်လည်း ကြံ့ခိုင်မှု ပြည့်၊ မပြည့် မသေချာသေးပေ။ 

သို့သော် ဒိန်းမတ်သည် ကမ္ဘာ့ဖလားနောက်ဆုံး ၁၀ ပွဲ ရှုံးပွဲမရှိသေးဘဲ နောက်တစ်ဆင့် တက်ခွင့် သေချာရေး သြစတြေးလျကို အနိုင်ကစားမည်ဖြစ်သည်။ သို့သော် အုပ်စုမှ တက်ရေးသြစတြေးလျကလည်း မဖြစ်မနေ အနိုင်ရရန်  ကြိုးပမ်းမည်ဖြစ်သည်။

Read more

ကိုလံဘီယာကိုနိုင်သော ပွဲအပြီးတွင် ကွင်းသန့်ရှင်းရေး လုပ်ခဲ့သည့် ဂျပန်ပရိသတ်များ ချီးကျူးခံရ

ကိုလံဘီယာကို ၂-၁ ဂိုးဖြင့် အနိုင်ရသော ပွဲအပြီးတွင် ဂျပန်ပရိသတ်များက ဘောလုံးကွင်းအတွင်းရှိ အမှိုက်များကို လိုက်ကောက်ကာ သန့်ရှင်းရေး လုပ်ခဲ့သဖြင့် ၎င်းတို့၏ကောင်းမွန်သော အပြုအမူများကြောင့် အများ၏ ချီးကျူးခြင်း ခံနေရသည်။

ယင်းပွဲအပြီးတွင် ဂျပန်ပရိသတ်များသည် ၎င်းတို့နှင့်အတူပါ လာသည့် အမှိုက်အိတ်များနှင့် ဘောလုံးကွင်းထဲ၌ အမှိုက် ကောက်ခဲ့သည်။

Read more

အောင်လအန်ဆန်နှင့် ရင်ဆိုင်မည့် ချန်ပီယံလုပွဲက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ကန်ဟက်ဆီဂါဝါဆို

MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ရင်ဆိုင်မည့်ပွဲသည် ဘ၀အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါက One Championship အား ပြော သည်။

အဆိုပါချန်ပီယံလုပွဲကို ဇွန် လ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်ပြီး ကန်ဟက်ဆီဂါဝါ၏ ပထမဆုံးအကြိမ် One Championship (MMA) ပြိုင်ပွဲသို့ ၀င်ရောက်ထိုးသတ်ခြင်း လည်းဖြစ်သည်။

Read more

ရွှေ့ပြောင်းဝင်ရောက် မိသားစုများ ကွဲကွာခြင်း အဆုံးသတ်ရေး အထူးအမိန့် ထရမ့် လက်မှတ်ထိုး

ဝါရှင်တန်၊ ဇွန် ၂၁

အမေရိကန်နယ်စပ်တွင် ရွှေ့ပြောင်းဝင်ရောက်သူ မိသားစုများမှ ကလေးငယ်များ လူကြီးမိဘများနှင့် ကွဲကွာ နေရခြင်း အဆုံးသတ်ရေး သမ္မတ ဒေါ်နယ်ထရမ့်က အထူးအမိန့်တစ်ရပ်အား ဇွန် ၂၀ ရက်တွင် လက်မှတ်ထိုး ထုတ်ပြန်သည်။

ထရမ့်၏ ပါတီ ရီပတ်ဘရီကန်နောက်လိုက်များ၊ ဒီမိုကရက်များနှင့် နိုင်ငံတကာအသိုင်းအ၀န်းတို့မှ ပြင်းထန်သော ဖိအားများကြောင့် ထရမ့်အနေဖြင့် တင်းကြပ်သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ပြန်လည်ပြောင်းလဲရခြင်းလည်း ဖြစ်သည်။

Read more

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပျော့ပျောင်းလာသည့်အတွက် ရုရှားမှ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း နိုင်တော့မည်ဟု မွန်ဂျေးအင် ပြော

ဆိုး ဇွန် ၂ဝ

မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပျော့ပျောင်းလာသည့်အတွက် ရုရှားနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနိုင်တော့မည် ဖြစ်ကြောင်းနှင့် ထိုဓာတ်ငွေ့ ပိုက်လိုင်းသည် ဂျပန်နိုင်ငံ အထိပါရောက်ရှိနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ဇွန် ၂ဝ ရက်တွင် ပြောသည်။

Read more

အိန္ဒိယတွင် ကြွက်ကိုက်သဖြင့် ATMစက်ထဲမှ ငွေစက္ကူများ ပျက်စီး

အိန္ဒိယတွင် ATM ငွေထုတ်စက် တစ်ခုအတွင်းရှိ ငွေစက္ကူများကို ကြွက်များက ကိုက်ဝါး ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

အက်ဆမ် ဒေသရှိ ATMစက် တစ်လုံးထဲသို့ ငွေဖြည့်သွင်းရန် ဘဏ်တာဝန်ရှိသူများ ရောက်လာချိန်၌ မှုန့်မှုန့်ညက်ညက်နီးပါး ကျေမွ ပျက်စီးနေသည့် ငွေစက္ကူများကို အသည်းနာစရာ တွေ့မြင်ခဲ့ရသည်။ 

Read more

အင်ဒိုနီးရှား ကူးတို့ယာဉ်နစ်မြုပ်မှု လူ ၁၉၀ကျော်ပျောက်ဆုံး

အင်ဒိုနီးရှား ကူးတို့ယာဉ်နစ်မြုပ်မှု ကယ်ဆယ်ရေးဝန်ထမ်းများလိုက်ရှာနေ

အင်ဒိုနီးရှား နိုင်ငံ ဆူမတြားကျွန်းက လူသိများ ကျော်ကြားတဲ့ ရေကန်ကြီးထဲမှာ ဒီသတင်းပတ် အစောပိုင်းတုန်းက ကူးတို့ရေယာဉ် နစ်မြုပ်ခဲ့ပြီးနောက် လူပေါင်း ၁၉၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏပိုင်တွေက ပြောဆိုထားပါတယ်။

Read more

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေး (နည်းပြ) သင်တန်းဖွင့်လှစ်

 

မုံရွာ၊ ဇွန် – ၂၀

ယနေ့ ၂၀.၆.၂၀၁၈ ရက်နေ့ နံနက် ၀၈း၃၀အချိန် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမ၌ ဖွင့်လှစ်သော ပြည်သူဆက်ဆံရေး (နည်းပြ) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ သင်တန်းသားများ တတ်ရောက်
ခဲ့ကြပြီး တိုင်းပါတီဥက္ကဌမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ သင်တန်းသား စုစုပေါင်း ၄၇ ဦး တတ်ရောက်ခဲ့ကြပါသည်။

Read more

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ဇွန်​ ၊ ၂၀

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ တိုင်းပါတီ​ကော်​မတီဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီအချိန်တွင်​ တိုင်းပါတီအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ ဗဟိုအလုပ်​အမှု​​ဆောင်​ မ​​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​​မောင်​​မောင်​​ဌေး၊ အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ ဘဏ္ဍာ​ရေးမှူး ‌ဦးကြည်​ထွန်းနှင့် တိုင်းပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​​ဆွေး​နွေး ​ဆောင်​ရွက်​ခဲ့ကြပါသည်​။

Min Zaw

Read more

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သဘာဝ​ဘေးဒဏ်​​ကြောင့် သောက်​သုံး​ရေ ပြတ်​လပ်​လျှက်​ရှိ​သော ကျင်းသီပေါ်ကျေးရွာသို့ သောက်သုံးရေများ လှူဒါန်း

 

ငဖဲ၊ ဇွန်​ ၁၉

ငဖဲမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီသည်​ မြို့နယ်​ပါတီ​ကော်​မတီ၏ ဦး​ဆောင်​မှုဖြင့်​ ပါတီလူငယ်​ လှုပ်​ရှားအဖွဲ့သည်​ သဘာဝ​ဘေးဒဏ်​​ကြောင့်​ ​သောက်​သုံး​ရေ ပြတ်​လပ်​လျှက်​ရှိ​သော ပန်းထိမ်းအုပ်​စု ကျင်းသီ​ပေါ်​ကျေးရွာသို့ ယ​နေ့ည​နေ ၅းဝဝနာရီတွင်​ ၄င်း​ကျေးရွာရှိ အိမ်​​ခြေ ၆၄ အိမ်​နှင့်​ ​စေတီ​တော်​ဓမ္မာရုံ စာသင်​​ကျောင်းတို့ အိမ်​တိုင်​ယာ​ရောက်​ လိုက်​လံပို့​ဆောင်​ လှူဒါန်းခဲ့ပါသည်​။

Read more