မိုးသည်းထန်မှုကြောင့် ထိုင်းလှိုဏ်ဂူထဲ ပိတ်မိနေသည့် ကလေးငယ်များအား ရှာဖွေကယ်ဆယ်နေသည့် လုပ်ငန်းများ နှောင့်နှေး

ထိုင်းနိုင်ငံမြောက်ပိုင်းက လှိုဏ်ဂူတစ်ခုထဲ ပိတ်မိပျောက်ဆုံးနေလျက်ရှိတဲ့ ကလေးငယ် ၁၂ ဦးပါ ဘောလုံးအသင်း နဲ့ နည်းပြဖြစ်သူတို့ကို ပြန်ရှာတွေ့ဖို့ ကြိုးစားနေစဉ်မှာပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၂၇ ရက် မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Read more

ဟယ်လိုကစ်တီ ကျည်ဆန်ရထား ဂျပန်မှာ စပြေး

ဂျပန်မှာ နာမည်ကြီးတဲ့ ဟယ်လိုကစ်တီ ကြောင်ရုပ် ကာတွန်းဇာတ်လိုက်ပုံကို အထူးပြု ခြယ်သထားတဲ့ ရထားတစင်း ဂျပန်မှာ ပြေးဆွဲနေပါပြီ။

အဖြူနဲ့ ပန်းရောင် ရောယှက်နေတဲ့ ဒီရထားဟာ ဂျပန်နိုင်ငံ အနောက်ပိုင်းက အိုဆာကာနဲ့ ဖူကူအိုကာ မြို့တွေကြား စနေနေ့တိုင်း ပြေးဆွဲမှာ ဖြစ်ပါတယ်။

Read more

အမေရိကန် ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံ သွားရောက်

ဓာတ်ပုံ – Reuters

 

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်ဟာ ဇွန် ၂၆ ရက်နေ့ကစပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

သူဟာ သမ္မတထရမ့်လက်ထက်မှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တဲ့ ပထမဦးဆုံး အမေရိကန် ကာကွယ်ရေးဝန်ကြီး ဖြစ်ပါတယ်။

Read more

MPT ငွေတောင်းခံလွှာများအား Mobile Banking ဖြင့် စတင်ပေးချေနိုင်

MPT ကြိုးဖုန်းတွေ၊ ADSL နဲ့ FTTH အပါအဝင် Postpaid Mobile အသုံးပြုသူတွေအတွက် Mobile Banking နဲ့ ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒါအပြင် MPT က ထုတ်ပေးတဲ့ပြေစာ စာရွက်နဲ့ KBZ Bank နဲ့ CB Bank တို့မှာ ချက်လက် မှတ် (သို့) ငွေသားပေးသွင်းပြီး ငွေပေးချေမှုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။

Read more

MPT Social Pack နှုန်းထားပြောင်းလဲ

ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအတွက် Social Pack နှုန်းထားကို MPT ကပြောင်းလဲလိုက် ကြောင်းသိရပါတယ်။ Facebook, Messenger, Viber, Instagram အသုံးပြုသူတွေအတွက် အနည်းဆုံး 190MB ကို ၁၉၉ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ကာ အနည်းဆုံး နှစ်ရက်အတွင်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ၇ ရက်စာအသုံးပြုခြင်းအတွက် ၉၉၉ ကျပ် ကျသင့်မှာဖြစ်ကာ ဒေတာ 950 MB ရရှိမှာဖြစ်ပါတယ်။

Read more

၂၁ ရာစု ပင်လုံညီလာခံသို့ လေ့လာသူအဖြစ် ဖိတ်ကြားပါက တက်ရောက်မည်ဟု နာဂလက်နက်ကိုင်အဖွဲ့ပြော

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးသို့ လေ့လာသူအဖြစ် ဖိတ်ကြားပါက တက်ရောက်မည်ဟု နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ပြောသည်။

Read more

တပ်မတော်အရာရှိငါးဦးနှင့် လုံခြုံရေးရဲအရာရှိ နှစ်ဦးကို အီးယူပိတ်ဆို့အရေးယူ

ဥရောပသမဂ္ဂ(အီးယူ)သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အရာရှိငါးဦးနှင့် လုံခြုံရေး အရာရှိနှစ်ဦးကို ပိတ်ဆို့အရေးယူကြောင်း ယမန်နေ့ (ဇွန်လ ၂၅ ရက်) က ထုတ်ပြန်ကြေညာသည်။ ပိတ်ဆို့ အရေးယူခံရသည့် တပ်မတော်အရာရှိငါးဦးသည် ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၃)စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၃) တာဝန်ဆောင်ရွက် ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး၊ တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်သန်းဦး၊ တပ်မ(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်၊ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ခင်မောင်စိုးဖြစ်ပြီး ရဲအရာရှိနှစ်ဦးသည် နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ ရဲမှူးချုပ်သူရစန်းလွင်နှင့် အမှတ်(၈)လုံခြုံရေး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးသန့်ဇင်ဦး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Read more

လေးကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် ၂၁ ရာစု ပင်လုံကို ဇူလိုင် ၁၁ ရက်ကစ၍ ငါးရက်ကျင်းပရန် လျာထား

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများ မပြေလည် ၍ လေးကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် ၂၁ ရာစု ပင်လုံတတိယအစည်း အဝေးကို ဇူလိုင် ၁၁ ရက်ကစ၍ ငါးရက်ကြာ ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် လျာထားသတ်မှတ်ခဲ့သည်။

Read more

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပါတီအလံသစ် လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လွှင့်ထူထားသော ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား လွှင့်ထူခဲ့ကြသည်။ အဆိုပါအလံသစ်တင်ပွဲသို့ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)၊ ဦးစန်းငွေ(လူငယ်တာဝန်ခံ)၊ စစ်တွေခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး၊ စစ်တွေမြို့နယ်အတွင်းရေးမှူး ဒေါ်အေးမာခင်နှင့် ပြည်နယ်ပါတီရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read more

မ​ကွေးမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

 

မ​ကွေးမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီအချိန်တွင်​ တိုင်း​ဒေသကြီး ပါတီအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ မြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး မြို့နယ်​ပါတီဥက္ကဌမှ ပါတီဌာနချုပ်​တွင်​ တက်​​ရောက်​ခဲ့သည့် နိုင်င်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြ သင်​တန်းအမှတ်​စဉ်​ (၄) သင်​တန်းအ​တွေ့အကြုံများ၊ အ​ကောင်​အထည်​​ဖော်​​ဆောင်ရွက်​ရမည့် လုပ်ငန်းစဉ်​များအား ရှင်းလင်းခဲ့ပြီး ‌အတွင်း​ရေးမှူးမှ ကွင်းဆင်း​ဆောင်​ရွက်​မှု‌လုပ်​ငန်းအ​တွေ့အကြုံများနှင့် စည်းရုံး​ရေးဆိုင်​ရာများ၊ တက်​​ရောက်​လာသူများမှ မိမိတို့‌နယ်​​မြေအလိုက်​ စည်းရုံး​ဆောင်​ရွက်​မှုနှင့် ​ဒေသခံပြည်​သူများ၏အသံများနှင့် အကြံပြုချက်​များ​အား ရှင်းလင်း​ဆွေး​နွေးခြင်း​တို့ ​ဆောင်​ရွက်​ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချူပ်​အမှာစကား​ပြောကြားကာ ၁၁း ၅၀ နာရီတွင်​ ပြီး​မြောက်​ခဲ့ပါသည်​ ။

Read more