ပြည်ခိုင်ဖြိုးပါတီမှ လူငယ်မောင်မယ်များ စုပေါင်းသွေးလှူဒါန်းခြင်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျောက်ဆည်မြို့တွင် ယနေ့ (၂၆.၆.၂၀၁၈) ရက်နေ့တွင် ” ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ”အရှင်ဝီရသူ ( မစီုးရီမ် ) ၏ နှစ် ( ၅၀ ) ပြည့် ရွှေရတုမွေးနေ့အထိမ်းအမှတ်” ပါရမီပျိုးခင်း ” သွေးလှူအသင်း၏ ( ၂၀ ) ကြိမ်မြောက် သွေးလှူဒါန်းပွဲသို့ ကျောက်ဆည်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် အတွင်းရေးမှူး ဦးဆွေဦး၊ မြို့နယ်ကော်မတီဝင်များနှင့် ပြည်ခိုင်ဖြိုးလူငယ်မောင်မယ်များကို မြို့နယ်လူငယ်တာဝန်ခံ ဦးသန်းဝင်းစိုးမှ ဦးဆောင်ကာ အလှူဒါနအဖြစ် အများပြည်သူများအကျိုးရှိစေရန် ရည်ရွယ်သန်၍ သွေးများကို နံနက် ( ၉:၀၀ ) အချိန် ကျောက်ဆည်မြို့ မင်းကုန်းကျောင်းတိုက်တွင် စုစုပေါင်းအင်အား အယောက် ၂၀ ဖြင့် သွားရောက် ကုသိုလ်တော်ယူကြပါသည်.။

Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

 

25 June 2018

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးဆွေးနွေးပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နိုင်ငံ တော်သီချင်းသီဆို၍ဖွင့်လှစ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင်ဦးတင်အောင်ကအဖွင့် အမှာစကားပြောကြားခဲ့သည်။

Read more

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ လ၀ါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့  ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်း

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် ခရိုင်ကော်မတီဝင် ဦးတိုးမြင့်အောင်.၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ခင်ဝိုင်းချစ်၊ မြို့နယ်ပါတီကော်မတီဝင်ဦးခင်မောင်ရွှေ၊ ဦးကံရွှေ၊ ဦးသန်းမြတ်စိုး၊ ကျေးရွာပါတီဥက္ကဌ ဦးထွန်းခိုင်နှင့်အဖွဲ့ဝင်တို့သည် ဇွန်၂၅ ရက်နေ့က လဝါကျေးရွာအခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူ (၂၀၉) ဦးအား ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် (၅) အုပ်နှုန်း ဘော့ပင်တစ်ချောင်းစီဖြင့် ဗလာစာအုပ်ဒါဇင် (၇၉) ဒါဇင်နှင့်ဘော့ပင်အချောင်း (၂၀၉) ချောင်းအား သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးလူငယ်ညီလာခံ အောင်မြင်ခြင်းအထိမ်းအမှတ်လုပ်အားဒါနယူ

 

25 June 2018

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံအောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီခွဲက အရေးမဆိုရွာ လေးမျက်နှာ ဘုရားပရိဝုဏ်အား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးဦးဆောင် ၍ လူငယ်တာဝန်ခံ ဒေါ်တင်မိုးခိုင်နှင့် လူငယ်အင်အား ၇ဝ၊ သင်္ဂတုံ ရွာ စေတနာလူမှုရေးအသင်းမှအင်အား ၂ဝ၊ ကျေးရွာမှ အင်အားများ နှင့်အတူ စုစုပေါင်းအင်အား ၁ဝဝကျော်ဖြင့် လုပ်အားဒါနကုသိုလ်ယူကာ ရပ်/ကျေးပါတီဥက္ကဋ္ဌမိသားစုက ဧည့်ခံကျွေးမွေးခဲ့သည်။

Read more

ငါန်းဇွန်မြို့နယ် သောင်ပြင်ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ငါန်းဇွန် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီးမြင်းခြံ ခရိုင် ငါန်းဇွန်မြို့နယ် သောင်ပြင် ကျေးရွာအုပ်စု သောင်ပြင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်ဦးလှမြင့်နေအိမ် ၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ပြည် ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်တင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကိုကို၊ အတွင်းရေးမှူးဦးစိုးနိုင် နှင့်ပါတီကော်မတီဝင်များ၊ကျေးရွာ အုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင် မောင်ဌေးတို့က ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ကြပြီး နံ့သာ ရည်များပက်ဖျန်းကြသည်။

Read more

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

 

ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ် ကွေးရောဂါဖြစ်စေတတ်သော ခြင် ကျားကင်းစင်ခိုအောင်းပေါက်ဖွား နိုင်မှု မရှိစေရန် ကြိုတင်ကာကွယ် ခြင်ဆေးမှုတ်လုပ်ငန်းကို ယခုလ ၂၃ရက် နံနက် ၉နာရီမှ စတင်ကာ အမှတ်(၅ဝ)ရပ်ကွက် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းနှင့် အောင်မြေရတနာ စာသင်တိုက်တို့ တွင် ကျောင်းတွင်းကျောင်းပြင် ခြင် ဆေးမှုတ်ဆောင်ရွက်ခဲ့သည်။

Read more

မုန်းချောင်းရေ ခ တော့မည့် ဘုရားငါးဆူ ဆက်လည်တည်တန့်နိုင်ရေး အရေးပေါ် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်

Read more

ဒိန်းမတ်-ပြင်သစ်၊ သြစတြေးလျ-ပီရူး၊ နိုင်ဂျီးရီးယား-အာဂျင်တီးနား၊ အိုက်စလန်-ခရိုအေးရှားတို့ ထိပ်တိုက် တွေ့မည့်ည

ဒိန်းမတ်-ပြင်သစ် / ည ၈ နာရီခွဲ

နောက်တစ်ဆင့်တက်ခွင့်ရသည့် ပြင်သစ်အတွက် အရေးမကြီးသော်လည်း ဒိန်းမတ်အသင်းသည် အနိမ့်ဆုံးသရေ ကစားနိုင်မှ အုပ်စုကျွတ်မည်ဖြစ်သည်။ ပြင်သစ်အနေဖြင့်လည်း အုပ်စုဗိုလ်ဖြစ်လိုပါက  တစ်မှတ်လိုအပ်နေသည်။

ဒိန်းမတ်သည် ခံစစ်ကောင်းပြီး ပထမနှစ်ပွဲတွင် ပင်နယ်တီ တစ်ဂိုးသာ ခွင့်ပြုခဲ့ရသော်လည်း တိုက်စစ်က ဂိုးရရန် ရုန်းကန်နေရသည်။ ပြင်သစ်ခံစစ်က နှစ်ပွဲတွင် ပင်နယ်တီ  တစ်ဂိုးသာခွင့်ပြုခဲ့ရပြီး  ရှေ့တန်းနှင့်အလယ်တန်း၌ ဒိန်းမတ်ထက်သာသည်။ သို့သော် ဒိန်းမတ်က တစ်မှတ်ရရန်ရုန်းကန် လာနိုင်သည်။

Read more

စီရော်နယ်ဒို ထုတ်ပယ်ခံရသင့်တယ်လို့ ကွီရော့ဇ် ဒေါသတကြီးဝေဖန်

အီရန်အသင်းနည်းပြ ကားလို့ကွီရော့ဇ်က ပေါ်တူဂီနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက် စီရော်နယ်ဒိုကို ဒိုင်လူကြီးက ထုတ်ပယ်သင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။

Read more

ဗာရက်တီနဲ့ငွေသားပေးပြီး ပေါ့ဂ်ဘာကိုခေါ်ဖို့ မန်ယူဆီပီအက်ဂျီ ကမ်းလှမ်းထားတယ်လို့ဆို


ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်လူ ဗာရက်တီအပြင် ငွေသားပါပေးပြီး မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူဘက်က ဒီကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်း ရှိ မရှိဆိုတာကိုတော့ မသိသေးပါဘူး။ ပီအက်စ်ဂျီဟာ ဗာရက်တီကို စာချုပ်သစ် ချုပ်လိုပေမယ့် ပေါ့ဂ်ဘာကို ရခဲ့ရင် လက်လွှတ်ဖို့ စီစဉ်ထားလို့ မန်ယူရဲ့ သဘောထားကို သိရအောင်စမ်းသပ်တဲ့အနေနဲ့ ကမ်းလှမ်းထားတာလို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြပါတယ်။

Read more