၂၁ ရာစုပင်လုံဖွင့်ပွဲသို့ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားမည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြား မည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အတွင်းရေးမှူးတာလှဖေက ပြောသည်။

Read more

ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုအလိုက် ဆိုင်းဘုတ်အသစ်တင်

 

မန္တလေးတိုင်းဒေသကြီးညောင်ဦး ခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ် အဟောင်းများကို ဖြုတ်သိမ်း၍ ဆိုင်းဘုတ်အသစ်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပါတီကော်မတီဝင်တစ်ဦးထံမှ သိရသည်။

Read more

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

စဥ့်ကိုင် ဇွန် ၂၆

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ စွန်ရဲအုပ်စု ရှမ်းကန်အုပ်စု တောင်ရင်းအုပ်စု (၃)အုပ်စု ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကြည်ပြုံး၊ အတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့ဝင် များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

Read more

မူးယစ်ဆေးသတင်းပေး တိုင်ကြားသူများ ဆုကြေးနှင့် အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု သမ္မတပြောကြား

မူးယစ်ဆေးဝါး ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းပေး တိုင်ကြားရေးဌာနဖွဲ့စည်းထားပြီး သတင်းပေးတိုင်ကြားသူများအား ထိုက်တန်သည့် ဆုကြေးနှင့် အခွန်ကင်းလွတ် ခွင့်ပေးမည်ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။

မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းများကို ထိထိရောက်ရောက်ဖော် ထုတ်မည်ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၌ကျင်းပသော ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတက ထည့်သွင်းပြောကြားသည်။

Read more

ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရခိုင်အရေးပြည်သူ့သဘောထားအမြင်ဆွေးနွေး

 

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်အရေး ပြည်သူ့သဘောထားအမြင်ဆွေးနွေး ပွဲအစီအစဉ်ကို ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဝါရင့် သတင်းစာဆရာကြီး စာရေးဆရာ တက္ကသိုလ်မြတ်သူ၊ အရှေ့ပိုင်း ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်းနှင့် ခရိုင်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှ မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်စာရေးဆရာအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ အင်အား ၈၅ဦး ခန့်တက်ရောက်ခဲ့ကြသည်။

Read more

ကမ္ဘာ့ဖလားအိမ်ရှင် ရုရှားရှိ ဟိုတယ်တလုံး ဗုံးခြိမ်းခြောက်ခံရ၊ တည်းခိုသူများကို ရွှေ့ပြောင်း

ရုရှားနိုင်ငံအတွင်း ကမ္ဘာ့ဖလားဘောလုံးပွဲ လက်ခံကျင်းပရာ ရာစတို့ဗ် ဗွန်ဒါနွန်မြို့က ဟိုတယ်တလုံးမှာ ဇွန်လ ၂၆ ရက် နှောင်းပိုင်းက ဗုံးခြိမ်းခြောက်မှု ရှိခဲ့လို့ တည်းခိုနေတဲ့လူတွေကို ရဲတွေက ဘေးကင်းရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

ကွန်ဂရက်စ်တိုပိုစာ ဟိုတယ်ကို ကမ္ဘာ့ဖလားပွဲအတွက် တရားဝင်ဟိုတယ်အဖြစ် ကမ္ဘာ့ဘောလုံးအသင်းချုပ် (ဖီဖာ) က သတ်မှတ်ပေးထားတာပါ။

Read more

ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ အသုံးပြုသွားမယ့် ဘောလုံးသစ်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆သင်းအဆင့်အတွက် ဘောလုံးသစ်ကို အသုံးပြုသွားမယ်လို့ ဖီဖာကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

Telstar Mechta လို့ နာမည်ပေးထားတဲ့ အဆိုပါဘောလုံးသစ်ဟာ အုပ်စုအဆင့် ပွဲစဉ်တွေ တစ်လျှောက် အသုံးပြုတဲ့ Adidas ထုတ် Telstar 18 ဘောလုံးနေရာမှာ အစားထိုး အသုံးပြုသွားမှာဖြစ်ပါတယ်။

Read more

တောင်ကိုရီးယား − ဂျာမနီ၊ မက္ကဆီကို − ဆွီဒင်၊ ဆားဘီးယား − ဘရာဇီး၊ ဆွစ်ဇာလန် − ကော်စတာရီကာတို့ ထိပ်တိုက် တွေ့မည့်ည

တောင်ကိုရီးယား-ဂျာမနီ (ည ၈ နာရီခွဲ)

တောင်ကိုရီးယားအနေဖြင့် မျှော်လင့်ချက်ပါးပါးရှိသေးပြီး ဂျာမနီကိုအနိုင်ယူကာ မက္ကဆီကိုက ဆွီဒင်ကို အနည်းဆုံး သုံးဂိုးပြတ်အနိုင်ရပါက အုပ်စုကျွတ်နိုင်သည်။ တောင်ကိုရီးယားသည် ရှေ့နှစ်ပွဲတွင် အသင်းလိုက် စုဖွဲ့မှု ကောင်းသော်လည်း ရှေ့တန်းနှင့် နောက်တန်း မကောင်းမွန်ခဲ့ပေ။

Read more

ရုရှားနှင့်ပွဲသည် ခက်ခဲမည်ဖြစ်ကြောင်း စပိန်ကွင်းလယ်လူ အစ္စကိုပြောကြား

လူစားဝင်တိုက်စစ်မှူး အက်စ်ပတ်၏ နောက်ကျချေပဂိုးကြောင့် မော်ရိုကိုနှင့် နှစ်ဂိုးစီ သရေကျကာ အုပ်စု (B) ပထမနေရာရပြီးနောက် အိမ်ရှင်ရုရှား နှင့် ရင်ဆိုင်ရမည့် (၁၆)သင်းအဆင့် ပွဲစဉ်သည် အလွန်ခက်ခဲမည် ဖြစ်ကြောင်း စပိန်ကွင်းလယ်လူ အစ္စကိုက ပြောသည်။

Read more

သဘောတူညီချက်မယူဘဲ အီးယူမှ ဗြိတိန် နုတ်ထွက်ပါက နိုင်ငံတွင်းအလုပ်အကိုင် ဒုက္ခတွေ့နိုင်

သဘောတူညီချက်မယူဘဲ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နုတ်ထွက်ရင် ဗြိတိန်နိုင်ငံတွင်း အလုပ်အကိုင်တွေ ဒုက္ခတွေ့နိုင်တယ်လို့ အဲဘတ်စ် (Airbus) ဥရောပ နိုင်ငံစုံကော်ပိုရေးရှင်းက သတိပေးလိုက်ပါတယ်။

အီးယူကနေ သဘောတူညီချက် မယူဘဲ ဗြိတိန် နုတ်ထွက်မယ်ဆိုရင် အဲဘတ်စ်ဟာ သူ့ရဲ့ ကာလကြာရှည် ရပ်တည်ချက်ကို ပြန်စဉ်းစားမယ်၊ ဗြိတိန်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေ ထောင်နဲ့ချီပြီး ဘေးသင့်နိုင်တယ်လို့ သတိပေးလိုက်တာပါ။

Read more