မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီအလံအသစ်တင်ပွဲအခမ်းအနားနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

 

ရန်ကုန် ဇွန် ၂၇

Read more

ပေါက်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ အောင်လံသစ်လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်တွင် ပေါက်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ထူခဲ့ကြပါသည်။ အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ ပြည်နယ်ကော်မတီ ဦးထွန်းအောင်ခိုင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊ မြို့နယ်ကော်မတီများ၊ ရပ်/ကျေးဥက္ကဋ္ဌများနှင့် ပါတီရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။


Read more

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား အလှူငွေများပေးအပ်လှူဒါန်ခြင်းနှင့် လုပ်အားဒါနကုသိုလ်ပြုခြင်းများ ပြုလုပ်

 

၂၇. ၆. ၂၀၁၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဖိုးဦးစိန်ကျေးရွာဆရာတော်၏ ဦးဆောင်မှုဖြင့် တည်ဆောက်လျှက်ရှိသော ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးမောင်ယုနှင့် အတွင်းရေးမှူးဦးသက်တိုးဝင်း ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင် အင်အား ၇၀ ကျော်မှ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် လုပ်အားဒါနကုသိုလ်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။


Read more

သီ​ပေါ​တွင်​ ဗမာတိုင်းရင်းသား​ရေးရာဝန်​ကြီး ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့် တွေ့ဆုံ

 

၂၇.၆.၂၀၁၈ ရက်​နေ့ နံနက်​ ၁၁း၃၀ နာရီက သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမတွင်​ ဗမာတိုင်းရင်းသား​ရေးရာဝန်​ကြီး ဒေါက်တာအောင်​သန်း​မောင်​သည်​ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိုင်းလင်း၊ ခရိုင်​ပါတီ​ကော်​မတီ ဦးအုန်း​မောင်​၊ မြို့နယိပါတီဥက္ကဌ. ဦး​အောင်​​အောင်​ ၊ မြို့နယ်​​ကော်​မတီဂင်​များ၊ အရံ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးဥက္ကဌနင့် ရပ် /ကျေးပါတီအဖွဲ့ဝင်​များနှင့် ​တွေ့ဆုံ၍ နှုတ်​ဆက်​အမှာစကား​ပြောကြားခဲ့ရာ ..တက်​​ရောက်​လာကြသူများက ပြန်​လည်တင်ပြ​ဆွေး​နွေးခဲကြ​ကြောင်း သိ့ရပါသည်​။

Read more

တောင်ဥက္ကလာပမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအလံအသစ်လဲလှယ်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီအလံအသစ်လဲလှယ်ခြင်းနှင့် နိုင်ငံရေးဆွေး နွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

Read more

မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများရှိ ပါတီအောင်လံသစ်လွှင့်တင်ခြင်းအခမ်းအနားကျင်းပ

 

၂၇.၆.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများတွင် ပါတီအောင်လံတော် အသစ်လွှင့်တင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပါတီဥက္ကဌ ဦးလှသာထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးမောင်လှဝေနှင့် ခရိုင်မြို့နယ် ပါတီကော်မတီများ၊ ရုံးဝန်ထမ်းအဖွဲ့များ တက်တက်ကြွကြွ ပါဝင်ဆင်နွဲခဲ့ကြပါသည်။


Read more

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှဦးစီးသော အမျိုးသမီးထုကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များအား ပြန်လည်ကူညီပံ့ပိုးမှုများပေး၍ အားပေးစကားပြောကြားခဲ့

 

ရန်ကုန် ဇွန် ၂၇

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှဦးစီးသော မြို့နယ်လုံးဆိုင်ရာ အမျိုးသမီးထု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သည် မြို့နယ်အတွင်းရှိ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် နွမ်းပါးသောကိုယ် ဝန်ဆောင်မိခင်များ၊မသန်စွမ်း ကလေးသူငယ်များကို လစဉ်ကူညီ ထောက်ပံ့ပေးမှုများရှိခဲ့ရာ ယနေ့ ညနေတွင်လည်း အမျိုးသမီးကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်သား ဖွားခါစမိခင်နှင့် နောက်ထက်အဖွဲ့ ဝင်တစ်ဦး၏ မိခင်နာရေးကိုပြည် ခိုင်ဖြိုးပါတီအရှေ့ပိုင်းခရိုင်ဘဏ္ဍာ ရေးမှူးဦးဝဏ္ဏမျိုး၊ မြို့နယ်ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့်မြို့နယ်ကော် မတီဝင်များ၊အမျိုးသမီးထုအဖွဲ့ဝင် များ၊ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော် မတီဝင်များဖြင့် သွားရောက်ကြည့် ရှုကာ ကူညီပံ့ပိုးမှုများပေး၍ အား ပေးစကားပြောကြားခဲ့သည်။

Read more

ကြည့်မြင်တိုင်မြို့နယ်တွင် ရခိုင်ပြည်နယ်အရေးဆွေးနွေး

 

ရန်ကုန် ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး ကြည့် မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ်အရေးအား ပြည်သူသို့ ချပြဆွေးနွေးပွဲ အခမ်း အနားကျင်းပခဲ့သည်။

Read more

ဘုရားငါးဆူကမ်းပါးပြိုကျမှုမှကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်အားဒါနနှင့်အလှူငွေများလှူဒါန်း

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်တွင်မုန်းချောင်းရေကြီးမှုကြောင့် ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်မှ ကာကွယ်ခြင်းလုပ်ငန်းများကို ပြည်ခိုင် ဖြိုးပါတီဝင်များသည် ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအဖွဲ့၊ ဒေသခံပြည်သူ များနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။

ယခုလ ၂၄ ရက်နေ့မှစ၍ ဆောင် ရွက်ခဲ့ရာ ယနေ့အထိ ဆောင်ရွက်နေဆဲ ဖြစ်ပြီး ကမ်းပါးပြိုကျမှု အရေးပေါ် ကာကွယ်ထိန်းသိမ်းရခြင်း ဖြစ်သည့် အတွက်ငွေကြေးနှင့်လုပ်အားများလိုအပ် လျက်ရှိသည်။

Read more

နိုင်ငံအနှံ့မြို့နယ်များတွင် ပြည်ခိုင်ဖြိုးပါတီ အလံသစ်လွှင့်တင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပြည်ထောင်စုနယ်မြေရုံးရှေ့၌ ယနေ့နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုး ပါတီ အလံသစ်ပြောင်းလဲလွှင့်တင်ခြင်း အခမ်းအနားကျင်းပခဲ့ပြီး နိုင်ငံအနှံ့ မြို့နယ်များတွင်လည်း ပြည်ခိုင်ဖြိုးပါတီ အလံသစ်အား တစ်ပြိုင်နက် လွှင့်တင်ခဲ့ သည်။

Read more