ပရီးမီးယားလိဂ်ကို ကျောခိုင်းသွားခဲ့တဲ့ ဂန္ထ၀င်ကစားသမား ရွန်နီ

အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ၀ိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ မေဂျာလိဂ်အပြောင်းအရွှေ့ စတင်ဖွင့်လှစ်မယ့် ဇူလိုင် (၁၀) ရက်နေ့မှာ ရွန်နီဟာ ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့မှု အပြီးသတ် ပြည့်စုံတော့မှာလည်း ဖြစ်ပါတယ်။

Read more

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာ ရွှေနှင့်ငွေ နှစ်ခုစီရရှိ

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌ မြန် မာနိုင်ငံက ရွှေတံဆိပ်နှင့် ငွေတံဆိပ်နှစ်ခုစီ ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၂၅ မှ ၃၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိပ်ပြည်နယ်တွင် ကျင်းပပြီး ၁၁ နိုင်ငံမှ ကစားသမား ၅၀ ကျော် ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသား ကာယဗလပြိုင်ပွဲ ၆၀ ကီလိုတန်း၌ ကျော်မင်းသန်းက ရွှေတံဆိပ်တစ်ခုနှင့် ၇၀ ကီလိုတန်းတွင် သောင်းတန်က ရွှေတံဆိပ်တစ်ခု ဆွတ်ခူးခဲ့သည်။

Read more

ဘယ်လ်ဂျီယံကို ရှုံးလို့ ပျော်နေတဲ့ အင်္ဂလိပ်မီဒီယာတွေ

မနေ့ညကကစားခဲ့တဲ့ပွဲမှာ ဘယ်လ်ဂျီယံကိုရှုံးနိမ့်ပြီး အုပ်စုဒုတိယသာရရှိခဲ့ပေမယ့် ဒါဟာ နိုင်တာထက်တောင်မှ ပိုပြီးကောင်းမွန်တဲ့အခြေအနေအဖြစ် အင်္ဂလိပ်မီဒီယာတွေနဲ့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ အဲဒီပွဲစဉ်မှာ ရှုံးနိမ့်မှုကြောင့် အင်္ဂလန်ဟာ ရှုံးထွက်အဆင့်မှာ ဂျပန်နဲ့မတွေ့တော့ဘဲ ပိုမိုခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တဲ့ ကိုလံဘီယာနဲ့ရင်ဆိုင်ရမှာပါ။

Read more

အမေရိကန်နိုင်ငံ မီဒီယာတစ်ခုက သတင်းခန်းအတွင်း ၀င်ရောက်ပစ်ခတ်မှု ဖြစ်၍ ငါးဦး သေဆုံး

နယူးယောက်၊ ဇွန် ၂၉

အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ်က ဌာနေသတင်းစာတိုက်အတွင်း သေနတ်သမားတစ်ဦး ၀င်ရောက် ပစ်ခတ်ရာ လူငါးဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

ယခု ပစ်ခတ်မှုသည် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအဖြစ် ရဲက ပြောဆိုထားသည်။

တိုက်ခိုက်သူသည် ပြောင်းချောသေနတ်နှင့် မီးခိုးဗုံးတို့ဖြင့် ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ကာ သတင်းခန်း မှန်ကို ပစ်ခွဲပြီး ၀င်ရောက်လာခြင်း ဖြစ်ကြောင်း Capital Gazette သတင်းစာတိုက် ၀န်ထမ်းများက ပြောသည်။

Read more

ကမ္ဘာ့အကြီးဆုံး ရေကြောင်း စစ်ရေးလေ့ကျင့်ရန် ၂၅ နိုင်ငံမှ ရေတပ်သင်္ဘောများ ပုလဲဆိပ်ကမ်း ရောက်

ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုအတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံက ရေတပ်သင်္ဘောတွေဟာ ဟာဝိုင်ယီကျွန်းက အမေရိကန် ပူးတွဲလေတပ် ပုလဲဆိပ်ကမ်းကို ရောက်ရှိနေပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ နိုင်ငံတွေဟာ တပ်သား ၂၅,ဝဝဝ၊ ရေတပ်သင်္ဘော ၄၇ စီးနဲ့ ရေငုပ်သင်္ဘော ၅ စီး၊ လေယာဉ်အစီး ၂ဝဝ ကျော် စေလွှတ်ထားပါတယ်။

Read more

လူကုန်ကူးမှု အဆိုးဆုံးထဲ မြန်မာပါဝင်

မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ လူမှောင်ခိုကူးမှု အဆိုးရွားဆုံးဖြစ်ပျက်နေတဲ့ နိုင်ငံတွေထဲကတခုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ပါတယ်။

ဇွန်လ ၂၈ ရက်၊ သောကြာနေ့ကထွက်လာတဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာထဲမှာ အဲဒီလို သတ်မှတ်လိုက်တာပါ။

Read more

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၍ ဘာလီကျွန်းက အပြည်ပြည်ဆိုင်ရာလေဆိပ် ပိတ်ထား

ဂျကာတာ၊ ဇွန် ၂၉

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အဂျိုင်းမီးတောင် ပေါက်ကွဲကာ ပြာမှုန်များ မီတာ ၂၀၀၀ အမြင့်ထိ မှုတ်ထုတ်နေခြင်းကြောင့် ဇွန် ၂၉ ရက်တွင်  နဂူရက်ရှ်ရိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပိတ်ထားရပြီ ဖြစ်သည်။

ပြည်တွင်းနှင့် ပြည်ပ လေယာဉ်ခရီးစဉ် ဒါဇင်များစွာကို ပယ်ဖျက်ရခြင်း၊ နှောင့်နှေးခြင်းများ ရှိရာ လေဆိပ်တွင် ခရီးသည်များ သောင်တင်နေသည်။

Read more

၂၁ ပင်လုံညီလာခံသို့ ‘ဝ’နှင့် KIO အပါအဝင် မြောက်ပိုင်းလေးဖွဲ့ကို ဖိတ်ကြားမည်

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့ များအနက် ‘ဝ’၊ မိုင်းလား၊ KIO နှင့် SSPP/SSA အဖွဲ့များကို ဖိတ်ကြားမည်ဖြစ်ပြီး တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့သုံးဖွဲ့ကို ဖိတ်ကြားခြင်း ပြု၊ မပြု အစိုးရနှင့် တပ်မတော် ညှိနှိုင်းမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဇွန်လ ၂၅ ရက်က နေပြည်တော်၌ ကျင်းပရာ လက်မှတ်မထိုးရသေးသည့် အဖွဲ့များအား ညီလာခံသို့ ဖိတ်ကြားရေး ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟိုအလုပ်အမှုဆောင်/မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) ဦးလင်းဇော်ထွန်း၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ် လှုပ်ရှားမှုများ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ ရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်/ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းသည် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့်ဦးအားကို တို့နှင့်အတူ (၂၈.၆.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ခန်းမဆောင်၌ ကျင်းပပြုလုပ်သော မိုင်းဖြတ်မြို့နယ် မီးလင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်အုပ်စုစာရေးများ၊ မိုင်းဖြတ်မြို့နယ်တွင် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကန်လုံ ရေအားလျှပ်စစ်ကုမ္မဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မိုင်းဖြတ် မြို့နယ်တွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ပါသည်။

Read more

တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​အား ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး သွား​ရောက်​ဖူး​မျှော်​ကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်း

 

ဇွန်​(၂၈)၊မန္တ​လေး

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့နံနက်​ ၁၀ နာရီခွဲ​က မဟာဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မတ္တရာသူဌေးကျောင်းဆရာတော်ဘုရားကြီး၊ ဘဒ္ဒန္တမာနိတသီရိဘိဝံသ (သက်တော် ၈၄ နှစ်၊ ဝါ​​တော် ၆၄ ဝါ)၏ ရုပ်​ကလာပ်​​တော်​ အပူ​ဇော်​ခံထားရှိရာ မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ ၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊​ အောင်​​မြေသာစည်​အလယ်​​ကျောင်းကြီးသို့​ ရောက်​ရှိလာပြီး ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​တော်​အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်းခဲ့သည်​။

Read more