ပင်နယ်တီတွေပလူပျံခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား

လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားမှာအငြင်းပွားဖွယ်ရာ VAR စနစ်ကိုအသုံးပြုမှုနဲ့အတူ ပင်နယ်တီပေးမှုကလည်း စံချိန်တင်ခဲ့ပြီး မနေ့ညကပွဲတွေပြီးတဲ့အထိ စုစုပေါင်း ၂၄ ကြိမ်ရှိနေပြီလို့ သိရပါတယ်။

အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေကို VAR ဒိုင်အဖွဲ့က ကွင်းလယ်ဒိုင်ဆီအချက်ပေးခဲ့မှုနဲ့အတူ VAR ကြည့်ပြီးဆုံးဖြတ်ချက် ယူရပေမယ့်အချို့သော ဆုံးဖြတ်ချက်တွေက ပြန်ပြီးစောဒက တက်စရာဖြစ်ခဲ့တာပါ။ အဆိုးဆုံးကတော့ ပြိုင်ပွဲ ၃ ရက်မြောက် နေ့မှာဖြစ်ပြီး အုပ်စု ၄ ပွဲမှာပင်နယ်တီပေးမှု ၅ ကြိမ်တောင်ရှိခဲ့တာပါ။

Read more

အိန္ဒိယအနောက်ပိုင်းတွင် တိုက်လေယာဉ်ပျက်ကျမှု ဖြစ်ပွား

အိန္ဒိယလေတပ် မှ Sukhoi အမျိုးအစား တိုက်ဂျက်လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၂၈ ရက်

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်တွင် ဇွန် ၂၇ ရက် က အိန္ဒိယလေတပ်ပိုင် တိုက်ဂျက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ကြောင်း ကာကွယ်ရေး သတင်းရင်းမြစ်များ ကပြောကြားခဲ့သည်။

Read more

ကန်ဆယ်လ်လိုကို ပေါင် ၃၅.၅ သန်းနဲ့ ဂျူဗင်တပ်စ် ခေါ်ယူ

ဂျူဗင်တပ်စ်အသင်းဟာ ဗလင်စီယာအသင်းမှ  ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လ်လိုကို ယူရို ၄၀.၄ သန်း (ပေါင် ၃၅.၅ သန်း) ဖြင့် ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ တောင်ပံနေရာမှာလည်း ကစားနိုင်တဲ့ အသက် ၂၄ နှစ်ရှိ ဗဟိုနောက်ခံလူကို အီတလီချန်ပီယံက ၅ နှစ်စာချုပ်နဲ့ ခေါ်ယူ စာချုပ်ခဲ့တာဖြစ်ပါတယ်။

Read more

မီဒီယာတွေရဲ့ထိုးနှက်ချက်အောက်က ဂျာမနီအသင်း

တောင်ကိုရီးယားကိုရှုံးနိမ့်ပြီး အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရပြီဖြစ်တဲ့ ဂျာမနီအသင်းကို ဂျာမန်မီဒိယာတွေက ပြင်းထန်စွာဝေဖန်ထိုးနှက်နေကြပြီး သမိုင်းတစ်လျှောက်မှာ အရှက်ကင်းမဲ့ဆုံးအသင်း အဖြစ် ဝေဖန်ခဲ့ကြပါတယ်။ ဂျာမန်နာမည်ကြီး သတင်းဌာနာဖြစ်တဲ့ Bild က မနေ့ညကရှုံးပွဲအပြီးမှာ ဂျာမန်ကစားသမားတွေရဲ့ပုံရိပ်ကို ခေါင်းကြီးပိုင်းမှာတင်ကာ ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ ဂုဏ်သိက္ခာနဲ့ အရှက်အကင်းမဲ့ဆုံးလို့ဝေဖန်ခဲ့ပြီး ဒါဟာ သူတို့အသင်းအတွက် ပထမအဆင့်ကနေ ပထမဆုံးထွက်ခာမှုလို့လည်းဆိုခဲ့ပါတယ်။

Read more

ဥရောပ၀င်ခွင့်ပိတ်ပင်ခံလိုက်ရတဲ့ အေစီမီလန်

ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ဘဏ္ဍာရေးမျှခြေရှိရေးဆိုင်ရာစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် အေစီမီလန် အသင်း ကို ဥရောပ၀င်ခွင့် ၂ နှစ်ပိတ်ပင်လိုက်ပြီလို့ တရားဝင် ဆုံးဖြတ်ချက်ချမှတ် လိုက်ပါတယ်။

Read more

မလေးရှားတွင် မြောက်ကိုရီးယားခေါင်းဆောင်၏ ဝမ်းကွဲအစ်ကို လုပ်ကြံခံရမှုကို စစ်ဆေးကြားနာမှု ပြန်စ

ကွာလာလမ်ပူ၊ ဇွန် ၂၈

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်၏ ဝမ်းကွဲအစ်ကိုဖြစ်သူ ကင်ဂျုံးနမ်အား ၂၀၁၇ ခုနှစ်အတွင်းက လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည် စွပ်စွဲထားသော အမျိုးသမီးနှစ်ဦးကို မလေးရှားနိုင်ငံတွင် စစ်ဆေးကြားနာမှု ဇွန် ၂၇ ရက်တွင် ပြန်လည်စတင်သည်။

Read more

မလေးရှား ဝန်ကြီးချုပ်ဟောင်းထံက ဒေါ်လာ ၂၇၃ သန်းကျော်ဖိုး သိမ်းဆည်းရရှိ

မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak နာဂျစ် ရာဇတ်ထံကနေ ငွေမည်းခဝါချမှုနဲ့ ပတ်သက်ပြီး သိမ်းဆည်းရမိတဲ့ ရွှေ၊ ငွေ ကျောက်မျက်ရတနာ၊ အဖိုးတန် နာရီနဲ့ လက်ပွေ့အိပ် ရာပေါင်းများစွာရဲ့ စုစုပေါင်း တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၂၇၃ သန်းကျော်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ပြန် ပြောကြားပါတယ်။

Read more

Putin နဲ့ Trump တတိယနိုင်ငံမှာတွေ့ဆုံဖို့ သဘောတူညီမှုရ

ရုရှားသမ္မတ Putin နဲ့ အမေရိကန်သမ္မတ Trump တို့ ၂၀၁၇ နိုဝင်ဘာ ဗီယက်နမ်နိုင်ငံက APEC ညီလာခံမှာတွေ့ဆုံကြစဉ်။

 

မော်စကို၊ ဇွန် ၂၈

ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တတိယနိုင်ငံတစ်ခုတွင် ၎င်းတို့၏ ပထမဆုံး တရားဝင် ထိပ်သီးအစည်းအဝေးကို တွေ့ဆုံကြရန် သဘောတူ ထားကြပြီဖြစ်ကြောင်း နှစ်ဖက်အစိုးရ တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ပြောကြသည်။

Read more

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီရုံး၌ ပါတီအလံသစ်လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ( ၈း ၃၀ ) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ခဲ့ပါကြသည်။
အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ ဘဏ္ဍာရေးမှူး ဦးမောင်ကျော်ဇံ၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးကျော်စိန်အောင်၊ ဦးစောမောင်သိန်း ၊ ဦးအောင်စံမြ ၊ ဦးထွန်းစံမောင် တို့နှင့်အတူ ပါတီရုံးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။

Read more

ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ် လွှင့်ထူ

 

ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းနိုင်ဦး၊ မကွေးခရိုင် အရံကော်မတီဝင် ဦးဇော်လွန်းအောင်၊ ချောက်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းလိုင်၊ မြို့နယ်ကော်မတီဝင်များ ၊ ရပ်/ကျေးဥက္ကဌ များ အင်အား (၃၀) ဦးတို့ မှ ချောက်မြို့နယ်ပါတီရုံးနှင့် အမှတ် (၅) နယ်မြေ ရွှေသူဌေးကုန်းရပ်ကွက်ရုံးတို့ တွင် ပြည်ခိုင်ဖြိုးပါတီအလံသစ်အား ယနေ့နံနက် ၉ နာရီ အချိန်တွင် အလံလွှင့်ထူခဲ့ပါသည်။

Read more