မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မြိတ် သြဂုတ် ၁၃

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမိုး မြင့်၊အတွင်းရေးမှူးဦးကိုကိုကြီးနှင့် နယ်မြေတာဝန်ခံကော်မတီဝင်များ လိုက်ပါသောအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးရွာ အဏ္ဏဝါရပ်ကွက် စည်းရုံးရေးမှူး နှင့်ပါတီဝင်များအား ကွင်းဆင်း တွေ့ဆုံကာ ပါတီဝင်များစုစည်းဖွဲ့ စည်းခြင်းဆောင်ရွက်ပေးခဲ့သည်။

Read more

တနိုင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှု လက်မှုပညာဆင့်ပွားသင်တန်းသူများ လက်တွေ့လေ့ကျင့်ဆောင်ရွက်

 

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ဖွင့်လှစ်သည့် အမျိုးသမီးအိမ် တွင်းမှုလက်မှုပညာ ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)မှ သင်တန်းသူ အချို့၏လက်တွေ့လေ့ကျင့် ဆောင်ရွက် မှုကို သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်။

ဝင်းအောင်(မိုးကောင်း)


Read more

လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်း

 

ရန်ကုန် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ ကျင်းပကြောင်း သိရသည်။

အဆိုပါလူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲသို့ ပါတီဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်တိုင်းလူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်လင်းပြုံး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်နှင့် မြို့နယ်ကော်မတီဝင်များ လူငယ်ရေးရာကော်မတီဝင်များ တက်ရောက် ကြသည်။
အစီအစဉ်အရ ပါတီဗဟိုကော်မတီဝင်ဒေါ်သင်းသင်းမိုးက အမှာစကားပြောကြားပြီး မြို့နယ် လူငယ်ရေးရာတာဝန်ခံ ကိုပြည့်ဖြိုးမောင်က လူငယ်ညီလာခံအတွေ့အကြုံများကို ဖတ်ကြား ရှင်းလင်းခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ခရိုင်မြို့နယ်ပါတီလုပ်ငန်းအစည်းအဝေးတက်ရောက်

 

ဘားအံ သြဂုတ် ၁၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယခုလ ၁၁ ရက် နံနက် ၉ နာရီတွင် ကရင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော ပြည်နယ်/ ခရိုင်/မြို့နယ်ပါတီကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့သည်။

Read more

ကျန်းမာရေးကိစ္စများအားပူးပေါင်းလုပ်ဆောင်ရာတွင်အသုံးပြုနိုင်ရန် သံတွဲခရိုင်ပြည်ခိုင်ဖြိုးပါတီက သံတွဲခရိုင်ကြက်ခြေနီတပ်ဖွဲ့သို့ ခြင်ဆေးဖျန်းစက်ပေးအပ်လှူဒါန်း

 

စစ်တွေ သြဂုတ် ၁၃

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်းလူမှုရေး၊ ကျန်းမာရေးကိစ္စ ရပ်များအား ကူညီဆောင်ရွက်ပေး ရာတွင် ထိရောက်သောအထောက် အပံ့ဖြစ်စေရန်အတွက် သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှသံတွဲခရိုင်ကြက်ခြေနီတပ်ဖွဲ့ သို့ ခြင်ဆေးဖျန်းစက်အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါခြင်ဆေးဖျန်းစက်အား ယနေ့ နံနံက်ပိုင်းက သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ အတွင်း သံတွဲခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်နှင့်အဖွဲ့က ကြက်ခြေနီအသင်းတာဝန်ရှိသူများ ထံပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Read more

သမ္မတထရမ့်က အမေရိကန်ကာကွယ်ရေးအသုံးစရိတ် ၇၁၆ ဘီလီယံကို လက်မှတ်ရေးထိုး

ဝါရှင်တန် ၊ သြဂုတ် ၁၄ ရက်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အမျိုးသား ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်း(NDAA) အတွက် အမေရိကန်ဒေါ်လာ ၇၁၆ ဘီလီယံကို ခွင့်ပြုကြောင်း သြဂုတ် ၁၃ ရက်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
အဆိုပါ ကာကွယ်ရေးအသုံးစရိတ်သည် ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ ရီပတ်ဗလီကန်ပါတီ သမ္မတလောင်းတစ်ဦးဖြစ်ခဲ့သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ထရမ့်၏ ဦးဆောင်မှုအပေါ် ပါတီအတွင်း အဓိက ဝေဖန်ထောက်ပြခဲ့သည်။

Read more

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ထုတ်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ အနည်းဆုံး ကျဆုံး

ကဘူးလ်၊ သြဂုတ် ၁၄

အာဖဂန်နစ္စတန် ဂါဇနီမြို့က တာလီဘန်တွေကို တိုက်ထုတ်နေတဲ့ ဖြစ်ပွားဆဲ တိုက်ပွဲအတွင်းမှာ ကျဆုံးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ အနည်းဆုံးရှိတယ်လို့ အစိုးရ၀န်ကြီးတစ်ဦးက သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

“တိုက်ပွဲစဖြစ်ပြီး လေးရက်မြောက်အထိမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးပါတယ်။ အရပ်သား ၂၀  က ၃၀ ကြား သေဆုံးတယ်။”လို့ ကာကွယ်ရေးဝန်ကြီး ဘာဟာရာမီက ကဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Read more

အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းပွဲများကို My Sports မှ တိုက်ရိုက်လွှင့်မည်

အာရှအားကစားပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာယူ-၂၃ဘောလုံးအသင်း (ဓာတ်ပုံ − MFF)

 

အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသားယူ-၂၃ ဘောလုံးအသင်း ယှဉ်ပြိုင်မည့် ပွဲစဉ်များကို မြန်မာလိဂ်နှင့် သဘောတူညီမှုရရှိထားသည့် My Sport ဖေ့စ်ဘွတ်ခ်စာမျက်နှာက တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်သည်။

Read more

ပရီးမီးယားလိဂ်တွင် ပထမဆုံး ကစားခွင့်ရသည့် ဖိလစ်ပိုင်ကစားသမား နေးလ်အီတာရစ်

ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမား နေးလ်အီတာရစ်ဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ကစားခွင့်ရတဲ့ ဖိလစ်ပိုင် ကစားသမား ဖြစ်လာပါတယ်။ ဂိုးသမား နေးလ်အီတာရစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် တန်းတက်အသင်း ကာဒစ်စီးတီးမှာ ကစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပါတယ်။

Read more

တောင်အာရှ (၈)နိုင်ငံမှာ Facebook မှ တိုက်ရိုက်ထုတ်လွှင့်မယ့် လာလီဂါပွဲစဉ်များကို အခမဲ့ကြည့်ရှုနိုင်တော့မည်

လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Facebook ဟာ တောင်အာရှ (၈) နိုင်ငံမှာ စပိန်လာလီဂါပွဲစဉ်များကို လာမယ့် (၃)ရာသီကျော်အထိ တိုက်ရိုက်ထုတ်လွှင့်ပိုင်ခွင့် ရရှိခဲ့ပြီး ဒီနိုင်ငံတွေမှာရှိတဲ့ လူမှုကွန်ရက်အသုံးပြုသူများ အနေနဲ့ လာလီဂါပွဲစဉ်များကို အခမဲ့ ကြည့်ရှုနိုင်တော့မှာဖြစ်တယ်လို့ လာလီဂါလိဂ်က တနင်္လာနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Read more