ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်တာဝန်ခံနှင့် တွေ့ ဆုံပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် လူငယ်ရေးရာတာဝန်ခံ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့် ကချင်ပြည်နယ် ပါတီကော်မတီဝင်များ၊ ခရိုင် / မြို့နယ်ကော်မတီဝင်များ တွေ့ ဆုံပွဲကို ယနေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့ကချင်ပြည်နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့ဆက် ဆောင်ရွင်ရမည့်ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းသိရသည်။

USDP Kachin state .

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရှားတောမြို့နယ်ပါတီတို့ ဒေါလဲဒူရွာ ပါတီဝင်များ နှင့်တွေ့ဆုံခြင်း

 

ရှားတော – သြဂုတ် ၁၃

Read more

ဘီးလင်းမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ ​ရေ​ဘေးသင့်ပြည်​သူများအား ကူညီ​ထောက်​ပံ့လျှက်​ရှိ

 

ဘီးလင်း၊ သြဂုတ် ၁၄

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရှားတောမြို့နယ်ပါတီတို့ ပွန်ချောင်းကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံခြင်း

 

ရှားတော၊ သြဂုတ် ၁၃

Read more

သုံးပန်​လှကျေးရွာအုပ်​စု ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီဆိုင်းဘုတ်​တင်​ပွဲနှင့် လူထု​တွေ့ဆုံပွဲပြုလုပ်

 

ချောင်းဦး ၊ သြဂုတ်​ ၁၄

Read more

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထူးချွန်ကျောင်းသားများနှင့်ဆရာများအား ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ရပ်စောက် သြဂုတ် ၁၃

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသော(၂ဝ၁၇-၂ဝ၁၈)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများ အား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်များဖြစ်ကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းလုံကျော်၊ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်မြင့်တို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

Read more

စလင်းပြည်ခိုင်ဖြိုးဓမ္မစကူးလ်ကျောင်း သန့်ရှင်းရေးလုပ်အားပေး

 

မကွေးတိုင်းဒေသကြီး စလင်းပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌဦးခင် မောင်၊ အတွင်းရေးမှူးဦးဇော်နိုင်နှင့်ကော်မတီဝင်များသည် ယနေ့ နံနက်ပိုင်းက ပေါင်းပင်းဇင်းရပ် ဓမ္မသုခဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ဗုဒ္ဓအဆုံးအမများ သင်ယူနိုင်ရန် အတွက် ကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း သန့်ရှင်းရေးများပြုလုပ်၍ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)


Read more

ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသောကျေးလက်လမ်းပြန်လည်ပြုပြင်ရန် ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများလှူဒါန်း

 

ပဲခူး သြဂုတ် ၁၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းတွဲဖက်တာ ဝန်ခံ ဦးလှသိန်းသည် တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးဦးညီညီမြင့်၊ ပဲခူးခရိုင်ဥက္ကဋ္ဌ ဦးအောင်စိုး၊ ဝေါမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးမောင်ယု၊အတွင်း ရေးမှူး ဦးသက်တိုးဝင်းတို့နှင့်အတူ ဝေါမြို့နယ် မြစ်ကျိုး-ဆင်ရွာကျေး ရွာသို့သွားရောက်ပြီး စစ်တောင်း မြစ်ရေတိုက်စားမှုကြောင့် ပျက်စီး သွားသော မြစ်ကျိုး-ဆင်ရွာသွား လမ်းအား ပြန်လည်ပြုပြင်ရန် အတွက်ယမန်နေ့နံနက်ပိုင်းကအလှူ ငွေကျပ်သိန်း ၃ဝ ကို ကျောင်းထိုင် ဆရာတော်အား အမှူးထားပြီး လမ်းကော်မတီထံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီး ခရိုင် မြို့နယ် ကော်မတီဝင်များ ရေဘေးသင့်ပြည်သူများထံသွားရောက်လှူဒါန်း

 

ပဲခူး သြဂုတ် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံဦးလှသိန်း၊ ဗဟိုကော်မတီဝင် ဦးသက်ထွန်းတို့သည် တိုင်းဒေသကြီးအတွင်းရေးမှူးဦးညီညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ တောင်ငူခရိုင်အတွင်းရေးမှူးဦးလှဆွေ၊ ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့် မြို့နယ်ကော် မတီများနှင့်အတူ ယနေ့နံနက်ပိုင်းက နတ်သံကွင်းအုပ်စု သပြေကုန်း ကျေးရွာနှင့်ရေလဲကျေးရွာအုပ်စု ရေလဲကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၄၅ဝ ကျော်တို့အား ငါးသေတ္တာ၊ ဆီ၊ ရေသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆပ်ပြာမှုန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များအား သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့

 

စလင်း သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဇော်နိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်နွယ်နီနိုင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးဝင်းခိုင်၊ ဦးတိုးတိုး၊ ဦးနိုင်ထူး၊ ဦးချမ်းတို့သည် ယနေ့ နံနက် ၁ဝနာရီက တောစိမ့်အုပ်စု လက်ပန်ကန်ကျေးရွာသို့ သွားရောက်၍ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းရွှေနှင့် ပါတီကော်မတီဝင်များအားတွေ့ဆုံ၍ ပါတီအောင်နိုင်ရေးနှင့် ရပ်ရွာစီးပွားရေး အခြေအနေများ၊ ပါတီဝင် တိုးတက်ရရှိမှု အခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more