ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်တံတားမြို့နယ်ပါတီဝင်များ စုပေါင်းလုပ်အားပေး

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်တံတားမြို့နယ်ပါတီဝင်များ စုပေါင်း၍ မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်အတွင်းရေးမှူး ဦးမောင်မောင်နိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းမြင့်၊ အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်အေးမိစံနှင့်ကော်မတီဝင်များ၊ ရပ်ကွက်များမှပါတီဝင်များက ဆူးလေစေတီတော်ရင်ပြင်၌ လုပ်အားကုသိုလ်အဖြစ် ယမန်နေ့ ညနေ ၅ နာရီတွင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆူးလေစေတီတော်ရင်ပြင်၌ လုပ်အားကုသိုလ်အဖြစ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြရန်အတွက် ယခုလ ၁၄ ရက်ညနေပိုင်းက ပြုလုပ်ခဲ့သော မြို့နယ်ပါတီရုံးရှိ အပတ်စဉ်ပုံမှန်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယခင် အပတ်လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်အတွင်းရေးမှူး ဦးမောင်မောင်နိုင်နှင့်အတူ မြို့နယ်ကော်မတီဝင်များမှ အသေးစိတ်ဆွေးနွေး ခဲ့ကြကြောင်းလည်း သိရသည်။

Read more

ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၀ါဆိုသင်္ကန်း ဆက်ကပ်မှုနှင့် ကျောင်းပရ၀ုဏ်သန့်ရှင့်ရေး လုပ်အားဒါနပြုလုပ်

 

၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ပါတီဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် သာသနာ့ဗိမ္မာန် ဘုန်းတော်ကြီးကျောင်း၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင် ပရ၀ုဏ်သန့်ရှင်းရေး လုပ်အားဒါနပြုလုပ်ခြင်းများ ဆောက်ရွက်ခဲ့ကြပါသည်။

Read more

အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

အုတ်တွင်း၊ စက်တင်ဘာ ၁၇

Read more

မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မကြာမီကျင်းပမည့် ဗဟိုအမျိုးသမီးညီလာခံအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲကို အဆိုပါ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီအမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်အိအိခိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးဇော်မင်းဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းသိန်းထွန်းတို့က သဘာပတိအဖွဲ့အဖြစ်ဆောင်ရွက်ကာ အဖွင့်နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ မျက်စိခွဲစိတ်ကုသမည့်ကလေးငယ်အား အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ ၁၇

အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် + ဇနီးဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ တည်ထောင်ထားသော ရွှေပြည်တော် သို့ဆုံမှတ်ပရဟိတအသင်းမှ တာဝန်ယူဆောင်ရွက်ပေးမည့် ဖောင်းပြင်မြို့နယ်မှ မျက်စိတစ်ဖက်ပေါက်ထွက်ကာ အနာဖြစ်နေသည့် ကလေးငယ် သားလေး မောင်အောင်လင်းသန့်အား ရန်ကုန်သို့ ပို့၍ ဆေးကုသပေးမည် ဖြစ်ပါသည်။

Read more

ကျောက်ဆည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် (၉း၀၀ )နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီ အစည်းဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲသို့ မန္တလေးတိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းထွန်းနှင့် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အမျိုးသမီးညီလာခံကိုယ်စားလှယ်များ အင်အား (၂၂၀) ကျော် တက်ရောက်ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဇေယျာသီရိမြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲပြုလုပ်

နေပြည်တော် စက်တင်ဘာလ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာတွင် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက် ၈ နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ပါတီထဲသို့ ယုံယုံကြည်ကြည်နှင့် ဝင်ရောက် လာကြသည့် ပါတီဝင်သစ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

Read more

ထိပ်သီးစည်းဝေးရန် ပြုံယမ်းသို့ ရောက်လာတဲ့ မွန်ဂျေအင်းကို ကင်ဂျုံးအွန် ကြိုဆို

ပြုံယမ်း၊ စက်တင်ဘာ ၁၈

အခုနှစ်အတွင်းမှာပဲ တတိယအကြိမ်မြောက် ထိပ်သီးစည်းဝေးဖို့အတွက် ပြုံယမ်းလေဆိပ်သို့ စက်တင်ဘာ ၁၈ ရက်မှာ ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က လာရောက်ကြိုဆိုခဲ့ပါတယ်။

ဇနီးသည်ကိုယ်စီပါ လိုက်ပါလာတဲ့ ခေါင်းဆောင်နှစ်ဦးဟာ တွေ့ဆုံကြစဉ် ပွေ့ဖက်နှုတ်ဆက်ကြတာကို မြင်တွေ့ရပါတယ်။

Read more

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ခရီးသည်တင်ရထား ဂျာမနီနိုင်ငံတွင် စတင်ပြေးဆွဲ

ဂျာမနီနိုင်ငံမြောက်ပိုင်း ဘရီမာဗော်ဒီမြို့ ဘူတာရုံအတွင်း ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံးရထား စက်တင်ဘာ ၁၆ ရက်က ခုတ်မောင်းသွားစဉ် (DAVID HECKER/EPA)

 

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ခရီးသည်တင်ရထားသည် စက်တင်ဘာ ၁၆ ရက်က ဂျာမနီနိုင်ငံ တွင် စတင်ပြေးဆွဲခဲ့သည်။ ပြင်သစ်ကုမ္ပဏီ Alstom က တည်ဆောက်ခဲ့သော CoradiaiLint အမည်ရှိ ယင်းရထား သည် ဘရီမာဗော်ဒီမြို့ရှိ ဘူတာရုံသို့ ရောက်ရှိခဲ့ပြီး အောက်ဆာဇိုနီ ဒေသ၌ ပုံမှန်ခရီးစဉ် ပြေးဆွဲမည် ဖြစ်သည်။

Read more

ချန်ပီယံလိဂ်ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် လီဗာပူးပါဝင်ဟု ပီအက်စ်ဂျီနည်းပြ သတိပေး

ချန်ပီယံလိဂ်အုပ်စု (C) အဖွင့်ပွဲအဖြစ် ယနေ့ည တွေ့ဆုံမည့် လီဗာပူးသည် ယခုနှစ်ချန်ပီယံလိဂ်၌ ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် ပါဝင်ကြောင်း ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က ကစားသမားများကို သတိပေးသည်။

ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် လီဗာပူးသည် ယခုနှစ်တွင်လည်း အဆင့်ဆင့်ဖြတ်ကျော်ရန် အလားအလာရှိသည်ဟု တူချယ်က ယုံကြည် ထားသည်။

Read more