မောတောင်မြို့ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ဂုဏ်ပြုသောအားဖြင့် ဆရာဆရာမလက်စွဲစာအုပ်များ ပေးအပ်လှူဒါန်း

တနင်္သာရီ၊ စက်တင်ဘာ ၁၈

တနင်္သာရီမြို့နယ် မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးညီလာခံကို ဂုဏ်ပြုသော အားဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမလက်စွဲစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက မောတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more

တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သာမြို့နယ် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို (၁၉-၉-၂၀၁၈) နေ့ နံနက်ခင်းမင်္ဂလာအချိန် (၀၉:၃၀) နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြင်းခြံခရိုင်နယ်မြေတာဝန်ခံ တိုင်းကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင့်၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းညွန့်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင် နယ်မြေမှူးများ၊ ရပ်/ကျေးပါတီကော်မတီဥက္ကဋ္ဌများနှင့် ပါတီဝင်အမျိုးသမီးများ အမျိုးသမီးရေးရာစာတမ်း အသီးသီးဖတ်ကြားတင်သွင်းမည့် အမျိုးသမီးကော်မတီဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပါတီဝင်အမျိုးသား/သမီးအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ပါသည်။

Read more

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

အမရပူရမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမ၌ အမရပူရမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမရပူရမြို့နယ်​ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီအတွင်း​ရေးမှူး ဒေါ်​စောမြိုင်​က ဗဟိုအမျိုးသမီးညီလာခံအကြို ​အမရပူရမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ် ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

Read more

ဒေါပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနာဂတ်နိုင်ငံရေးခေါင်းစဉ်ဖြင့် ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ က ” အနာဂတ်နိုင်ငံရေး ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း

မကွေး၊ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့နံနက်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းကော်မတီဝင်များ ဖြစ်ကြသော ဦးအောင်နိုင်၊ ဦးကျော်သူဦးနှင့် မင်းဘူးခရိုင် မင်းဘူး/ စကုမြို့နယ်ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲ တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအခမ်းအနားကို မုံရွာမြို့နယ် ပါတီရုံး၌ ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင် မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မုံရွာခရိုင်ပါတီဥက္ကဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်အတွင်းရှိ ၄ မြို့နယ် မှ သင်တန်းသား / သူများ စုစုပေါင်း (၆၅) ဦး တက်ရောက်ကြပါသည်။

Read more

မန်ယူ၏ ခံစစ်ဖြင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှုမရနိုင်ကြောင်း ဖာဒီနန် သုံးသပ်

မန်ယူအသင်း၏ နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန် သည် လက်ရှိ မန်ယူအသင်း၏ ခံစစ်အနေအထားဖြင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှု မရနိုင်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

မန်ယူအသင်းသည် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယန်းဘွိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကလည်း မန်ယူသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ (၁၆) သင်းအဆင့်တွင် ဆီဗီလာကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရသည်။ မန်ယူသည် ပရီးမီးယားလိဂ်(၅) ပွဲ ကစားပြီးချိန်တွင် (၃) ပွဲသာ အနိုင်ရထားပြီး ဂိုးမပေးရသည့်ပွဲ တစ်ပွဲသာရှိသည့်အတွက်ကြောင့် ဖာဒီနန်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသွားခြင်း ဖြစ်သည်။

Read more

သတင်းစာရှင်းလင်းပွဲမှာ ဒေါသပေါက်ကွဲခဲ့တဲ့ ပိုချက်တီနို

အင်တာမီလန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွက် စပါးနည်းပြပိုချက်တီနိုက ကစားသမားများကို ပြစ်တင်မှု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါပွဲတွင် စပါးအသင်းဟာ အဲရစ်ဆင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ အိုင်ကာဒီ၊ဗီဆီနို တို့ ရဲ့သွင်းဂိုးများကို ပြန်လည်ခွင့်ပြုပေးခဲ့ရတာကြောင့် ရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

Read more

တရုတ်ကုန်ပစ္စည်း ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် သွင်းကုန်ခွန်များ ကောက်ယူရန် ထရမ့်အမိန့်ထုတ်

တရုတ်နိုင်ငံက တင်သွင်းတဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် ဆယ်ရာခိုင်နှုန်း သွင်းကုန်စည်းကြပ်ခွန်အား စက်တင်ဘာ ၂၄ ရက်က စပြီး စတင်ကောက်ယူသွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၇ ရက်မှာ အမိန့်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး ထိပ်တိုက်တွေ့နေမှုကို အရှိန်ထပ်မြှင့်လိုက်တဲ့ ထရမ့်ရဲ့ ဒီအမိန့်ကြေညာချက်မှာ တရုတ်ဖက်က လက်တုံ့ပြန်ရင် ပိုပြီး ပစ်မှတ်ထားလျက် ပြန်လည်ထိုးနှက် သွားမယ်လို့လည်း သတိပေး ခြိမ်းခြောက်ထားပါတယ်။

Read more

တန်းတူညီတူ မဆက်ဆံလျှင် ထရမ့်နှင့် ဆွေးနွေးမည်မဟုတ်ဟု ကျူးဘားသမ္မတ ပြော

တန်းတူညီတူ မဆက်ဆံရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ကျူးဘားသမ္မတ မီဂဲဒီယက်ဇ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။

သမ္မတ မီဂဲဒီယက်ဇ်ဟာ သမ္မတတာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အဲဒီလို ပြောသွားခဲ့တာပါ။

Read more